ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မှတ္တိုင်တိုက်နယ်၊ ရွာသစ်ကြီးအုပ်စု၊ မြွေကြီးတွင်းရွာမှာ နေထိုင်တဲ့ အုပ်စုအုပ်ချုပ်ရေးမှူး အမျိုးသားကို ရှင်းလင်းလိုက်တယ်လို့ ၃၆၀၁ PPDF တပ်ရင်းကနေ သိရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက် ညနေပိုင်းမှာ အဆိုပါ အုပ်ချုပ်ရေးမှူး နေထိုင်ရာ နေအိမ်အထိ တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

“ ဒီတခေါက် လုပ်ရတာက တော်တော်ကျပ်ပါတယ်။ လုပ်ရတဲ့နေရာက မှတ္တိုင်ရဲစခန်းနဲ့ဆိုရင် ချောင်းလေးပဲ ခြားတယ်။ အဲ့စခန်းထဲကိုတောင် သေနတ်နဲ့ ၄/၅ ချက်လောက် ပစ်ခဲ့သေးတယ်။ နောက်တဖက်ကျတော့လည်း ပေါက်တောနဲ့ နီးတယ်။ ပေါက်တော့မှာက မ ၁၀၊ ခမရ ၁၀ တပ်ရင်းရှိနေတော့ တော်တော်လေးကို လုပ်ရကိုင်ရခက်ပါတယ်။” လို့  ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

အုပ်ချုပ်ရေးမှူးတင်ဦးဟာ  အကြမ်းဖက်စစ်ကောင်စီအလိုကျ စစ်မှုထမ်းလူစုရာမှာ အားတက်သရော လုပ်ဆောင်ပေးတာတွေ၊ ပြည်သူတွေထံမှ ဆိုင်ကယ်ဖမ်းဆီး ပေါ်တာဆွဲရာမှာလည်း လိုက်ပါဆောင်ရွက်တာတွေ၊ ကျေးရွာအုပ်စုအတွင်း မီတာခအပါအဝင် တောင်သူလယ်သမားချေးငွေတွေကို အုပ်စုထွေအုပ်စာရေးမနဲ့ ပေါင်းပြီး အတင်းအဓမ္မကောက်ခံတာတွေအပြင် ဆင်းရဲနွမ်းပါးသူတွေကို စစ်မှုထမ်းရာမှာ မဲပေါက်တယ်ဆိုပြီး စစ်မှုထမ်းခိုင်းတာတွေကို လုပ်ဆောင်နေတာကြောင့် အခုလို အရေးယူလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကိုတော့ ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ (၅) နဲ့ ပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ PDF တပ်ရင်း တပ်ခွဲ (၄) တို့က ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လယ်ထွန်မည့် ပျူစောထီးများ ချုံခိုတိုက်ခိုက်ခံရပြီး ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ လယ်ထွန်ဖို့ထွက်လာတဲ့ ပျူစောထီးတွေကို ချုံခိုတိုက်ခိုက်ရာ ၂ ယောက် သေဆုံးပြီး လက်နက်နဲ့ ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Ngwe Dwin Revolution Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နိုင်ငံတကာပါလီမန်များ ညီလာခံမှာ မြန်မာ့အရေးကို ထည့်သွင်းတင်ပြနိုင်ခဲ့

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန်များညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အဆိုကို တင်သွင်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

နောင်ချိုမြို့ ရှေ့တန်းတစ်နေရာမှ ထွက်ပြေးလာသည့် စစ်မှုထမ်းတပ်သား ၂ ဦး ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ အလင်းဝင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတစ်နေရာကနေ စစ်မှုထမ်းတပ်သား ၂ ယောက် ထွက်ပြေး အလင်းဝင်ရောက်လာကြောင်း ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲ အောင်ပွဲရ ရဲဘော်များကို ပြည်သူများ သောင်သောင်းဖျဖျ ကြိုဆို… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲနဲ့အတူ အောင်ပွဲရ ပြင်ဦးလွင်ခရိုင်၊ အမှတ် - ၅၀၉ - ၅၁၀ -၅၁၂၊ ပြင်ဦးလွင်ခရိုင်တပ်ရင်း ၁ - ၂ တို့မှ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူများက သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ PDF ရဲဘော်များ လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်

ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်ပြီး စစ်ရေးအခြေအနေတွေကို ပြည်သူတွေဆီ တင်ပြ ဆွေးနွေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဧရာဝတီအမှတ် ၃ တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

၁၁၁၁ စစ်ဆင်ရေးတပ်‌ပေါင်းစု (၁)နှစ်ပြည့်မှာ စစ်ဆင်ရေးအတွင်း အသက်ပေး လှူသွားခဲ့တဲ့ သူရဲကောင်းတွေကို KNDF လွမ်းဆွတ် ဂုဏ်ပြု

၁၁၁၁ စစ်ဆင်ရေး (၁) နှစ်ပြည့်ခဲ့တဲ့ ဒီနေ့မှာ နွေဦးတော်လှန်ရေးအတွင်း အသက်ပေးလှူသွားတဲ့ တော်လှန်ရဲဘော်တွေကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (ဖယ်ခုံဇုန်) က ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်က ဦးဆောင်ပြီး ရှမ်းမြောက်ပိုင်းက (၁၀၂၇) စစ်ဆင်ရေးကို ကြိုဆိုထောက်ခံတဲ့ အနေနဲ့ ၁၁၁၁ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှာ စတင်ဖော်‌ဆောင်ခဲ့တာပါ။