တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအခြေစိုက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရေးအရ အဓိကကျတဲ့ သိန္ဓောစခန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့  အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာန (တနင်္သာရီ) က ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာန (တနင်္သာရီ) ကွပ်ကဲမှုအောက်ရှိ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁) နဲ့ စစ်ကြောင်း(၂)တို့က စစ်ကောင်စီရဲ့ သိန္ဓောစခန်းကို ဧပြီလကုန်ခန့်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဖက်က လေကြောင်းတိုက်ခိုက်မှု အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ််ကောင်စီတပ်သားတွေဟာ သိန္ဓောစခန်းကို လက်လွှတ်ရမယ့် အခြေအနေရောက်ခဲ့ပြီးမှ မြေပြင်စစ်ကူတွေ ထပ်မံရောက်ရှိလာတဲ့အတွက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်းက ထိုးစစ်ကို ယာယီရပ်နားခဲ့ရပြီး စခန်းကို မပြတ်ဝန်းရံပိတ်ဆို့ထားခဲ့တဲ့စခန်းလည်း ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စက်တင်ဘာ ၂၅ ရက်မှာတော့ အဲ့ဒီသိန္ဓောစခန်းက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ဆုတ်ခွါသွားခဲ့တာပါ။

အကြမ်းဖက်စစ်ကောင်စီရဲ့ သိန္ဓောစခန်းဟာ (၁၉၈၀) ခုနှစ်ခန့်ကတည်းကနေ အခုချိန်အထိ နှစ်ပေါင်း(၄၀)ကျော် အခြေစိုက်တပ်စွဲခဲ့ပြီး အဲ့ဒီစခန်းကနေ ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီတပ်စခန်းတွေ ဖြစ်တဲ့ ဝါးနွယ်စခန်း၊ လေကေစခန်းနဲ့ ပွိုင့် (၃၀၀၀) စခန်းတို့ကို အုပ်ချုပ်ထောက်ပံ့မှုပေးနေတဲ့ အဓိကကျတဲ့ ရှေ့တန်းစခန်းဖြစ်တယ်လို့ သိရပါတယ်။

သိန္ဓောစခန်းက ဆုတ်ခွါလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အင်အား (၁၅၀) ခန့်ရှိပြီး ဘန်ကြုပ်ကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထပ်မံတိုက်ပွဲဖြစ်ပွါးနေရာ မြိတ်ခရိုင်အတွင်း ခရီးသွားလာမယ့် ပြည်သူတွေအနေနဲ့ တိုင်းစစ်ဌာန (တနင်္သာရီ)က ထုတ်ပြန်ထားတဲ့ အသိပေးချက်တွေအတိုင်း အလေးထားပူးပေါင်းပေးကြဖို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းက အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ် တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်းနဲ့ ဗုံးကြဲလို့ ဒေသခံပြည်သူ ၂ ယောက် ပြင်းထန်ဒဏ်ရာရ…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကတော့ကမ်းကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင်တပ်ရင်း - ၂ က ထုတ်ပြန်ထားပါတယ်။
Read More

MNDAA ထိန်းချုပ်ရာ ရှမ်းမြောက်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ၄လအတွင်း အရပ်သား ၃၈ ယောက်နဲ့ စစ်သုံ့ပန်း ၅ ယောက် သေဆုံးခဲ့

MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် အထူးဒေသ (၁)မှာ ၄ လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ယောက်နဲ့ စစ်သုံ့ပန်း ၅ ယောက်သေဆုံးပြီး ၁၂၄ ယောက် ဒဏ်ရာရခဲ့တယ်လို့  MNDAA က အသိပေးထုတ်ပြန်ပါတယ်။   
Read More

ရွှေဘိုတွင် စစ်တပ် မီးရှို့သတ်ဖြတ်မှုကြောင့် ရုပ်အလောင်း ၄ လောင်း တွေ့ရှိ၊ နေအိမ် ၂၀၀ နီးပါး ပြာကျခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပြေသာရွာမှာ အကြမ်းဖက်စစ်တပ် မီးရှို့ သတ်ဖြတ်ထားတဲ့ ရုပ်အလောင်း ၄ လောင်းတွေ့ရှိပြီး စစ်ကောင်စီ တပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး ပြာကျခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ကျောက်မဲမြို့တွင် တိုက်ပွဲမဖြစ်ပွားဘဲ စစ်‌ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၁)လုံး လာရောက်ကြဲချ တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂) မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆားတောင်တွင် နေအိမ်များ မီးရှို့သည့် အကြမ်းဖက်စစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ရာ စစ်သား ၂ ဦး သေပြီး လက်နက် ၂ လက် ရရှိ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြောက်ကျားတိုက်ခိုက်ရာ စစ်သား ၂ ယောက် သေဆုံးပြီး သေနတ် ၂ လက် ရရှိခဲ့တယ်လို့ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ညောင်ဦးတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ၁၀ ယောက် ကျဆုံးကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များ ဖော်ပြနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်ပြီး ကာကွယ်ရေးတပ်တွေဘက်မှာ သေဆုံးသူတွေရှိထားကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် သတင်းချန်နယ်တွေမှာ ဖော်ပြကြပါတယ်။