ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ရနောင်းမြို့၊ အကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ နေရပ်ပြန်ပို့ခံခဲ့ရတဲ့ မြန်မာ ၁၂၇ ယောက်က်ု ကော့သောင်းမြို့ စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေက စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။ 

အဲ့ဒီလူ ၁၂၇ ယောက်ကို ထိုင်းအစိုးရက မြန်မာစစ်ကောင်စီအစိုးရဆီကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်မှာ နေရပ်ပြန်ဖို့ ပြန်လည်အပ်နှံခဲ့ပြီး ၁၂၇ ယောက်ထဲမှာ အထောက်အထားမဲ့ အလုပ်သမားတွေနဲ့ ပြစ်မှုကျူးလွန်သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

“အခု သတင်းကတော့ ၁၀၀ ရာခိုင်နှုန်း အတည်မပြုနိုင်သေးပါဘူး။ ကျွန်တော်တို့လည်း social media နဲ့ community တွေကနေတဆင့် ကြားသိရတာပါ။ ဒါပေမယ့် ဖြစ်နိုင်ခြေရှိပါတယ်။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့ အခေါက်တွေမှာတုန်းကလည်း ပြန်ပို့ခံရတဲ့ အုပ်စုတွေကို ကော့သောင်းကနေ ကားနဲ့ နေရပ်ကို ထွက်သွားတဲ့ အချိန်မှာ တနေရာမှာ သူတို့တားပြီးတော့ စစ်တပ်ဘက်ကနေ အရွယ်ကောင်းတွေကိုဆို စစ်သားစုဆောင်းရေး စခန်းတွေကို ခေါ်သွားတယ်ဆိုတာကို သူတို့ရဲ့ မိသားစုတွေကနေ တဆင့် တိုင်တာကို ကျွန်တော်တို့ သိရတယ်။ ဆိုတော့ အခု ၁၂၇ ယောက်ကိစ္စကလည်း ဖြစ်နိုင်ပါတယ်။” လို့ FED အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက မောင်းသတင်းဌာနကို ပြောပါတယ်။ 

ထိုင်းအစိုးရကနေ ရက်ပေါင်း ၁၂၀ စီမံချက်နဲ့ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီယား စတဲ့ နိုင်ငံတွေကနေ ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင်လာရောက်နေထိုင်သူတွေကို ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်ကနေ စတင်ပြီး ရှောင်တခင် စစ်ဆေး ဖမ်းဆီးခဲ့တာပါ။ 

အဲ့ဒီ ဖမ်းဆီးခံရတဲ့သူတွေကို ထိုင်းအစိုးရကနေ မြန်မာစစ်ကောင်စီအစိုးရကို တရားဝင် လွဲပြောင်းပြီးနောက်မှာတော့ စစ်ကောင်စီက ပေါ်ပေါ်ထင်ထင်ကို အခုလို စစ်သားစုဆောင်းမှုတွေကို ကျူးလွန်နေတာဖြစ်ပါတယ်။ 

ဦးမင်းဦးက ဆက်လက်ပြီး “ပြောရမယ်ဆိုရင် ဒါက အထူးအဆန်းတောင် မဟုတ်တော့သလိုဖြစ်နေပါပြီ။ စစ်ကောင်စီက မြန်မာပြည်ထဲမှာတောင် ပြည်သူတွေကို နေအိမ်မှာပဲဖြစ်စေ၊ တခြားတနေရာမှာပြ ဖြစ်စေ ပေါ်တာဆွဲပြီး စစ်ထဲသွင်းတာတွေရှိနေတာလေ။ အခုလို ပြန်ပြီး အပို့ခံရတာမျိုးကျတော့ သူတို့ ခြံထဲက ကြက်ပဲ ကြိုက်တဲ့အချိန် ရိုက်ချက်မယ်ဆိုတဲ့ သဘောမျိုးဖြစ်နေပါတယ်။” လို့ အခြေအနေတွေကို ပြောပြပါတယ်။ 

လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ ၁၂၀ စီမံချက်နဲ့ ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သား ၂ သိန်းနီးပါးအထိ ဖမ်းဆီးခံထားရတယ်လို့ သိရပြီး တိုက်တိုင်းရှုံးနေတဲ့ စစ်ကောင်စီဟာ သူတို့ရဲ့ အင်အားကို ပြန်လည် ဖြည့်တင်းဖို့ ထိုင်းအစိုးရနဲ့ လက်ဝါးချင်း ရိုက်ထားသလား ဆိုတဲ့ ယူဆချက်တွေ ထိုင်းရောက် မြန်မာတွေကြားထဲမှာ ပြောစရာဖြစ်နေပါတယ်။

ဓာတ်ပုံ (ထိုင်း လဝက)

0 Shares:
You May Also Like
Read More

ရာမညစစ်ကြောင်းက အဝေးပြေးလမ်းပိုင်း တစ်နေရာမှာ စစ်ဆေးမှုပြုလုပ် (ဓာတ်ပုံသတင်း)

မွန်ပြည်နယ်မှာ အခြေစိုက်ပြီး စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ ရာမညစစ်ကြောင်းက မွန်ပြည်နယ်အတွင်း အဝေးပြေးလမ်းပိုင်းတစ်နေရာမှာ လုံခြုံရေးအတွက် စစ်ဆေးမှုတွေပြုလုပ်နေပုံကို အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

အုတ်ဖိုတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူခေါင်းဆောင် ပစ်ခတ်ခံရ၊ အုပ်ချုပ်ရေးမှူး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးခေါင်းဆောင်တို့ကို သွားရောက်ပစ်ခတ်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅၊ Black Tiger ပြောက်ကျားတပ်ဖွဲ့က မောင်းကို ပြောပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း စစ်ကောင်စီတပ်ကို ၁၈ ကြိမ်ခန့် တိုက်ခိုက်၊ အယောက် ၅၀ နဲ့အထက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရ… ဘီးလင်းက မဲပလီဗျူဟာစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို ၁၈ ကြိမ်ခန့် တိုက်ခိုက်ခဲ့ရာ အယောက် ၅၀ နဲ့အထက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၈ ဦးသေကာ ဒရုန်း ၁စီး ပျက်စီး၊ ဂျိုးကန်ရွာကို စစ်ကောင်စီ မွှေနှောက်ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒရုန်းတွေပစ်ချနိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၈ယောက်ထိခိုက်သေဆုံးခဲ့ကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဘားအံမှာ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်နှင့် အရေးပေါ်ကားများကိုပါ စစ်အုပ်စု ဖမ်းဆီး

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်မှာ လိုင်စင်မဲ့ ကားနဲ့  ဆိုင်ကယ်မှန်သမျှကို စစ်အုပ်စုက ဖမ်းဆီးတဲ့အပြင် အရေးပေါ်ကားတွေပါ ဖမ်းဆီးနေတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။
Read More

ဖမ်းဆီးရမိထားသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် တပ်သားများကို တရားစီရင်နိုင်ရန် စတင်စစ်ဆေးနေပြီဟု NUG အသိပေး

အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ဖမ်းဆီးရမိတဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနဲ့ တပ်သားတွေကို လုပ်ထုံးလုပ်နည်တွေနဲ့အညီ စစ်ဆေးနေပြီး စစ်ဆေးတွေ့ရှိချက်တွေအပေါ် အခြေခံကာ တရားစီရင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။