စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မ အကြမ်းဖက်ရဲစခန်းက လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့တယ်လို့ Salingyi Revolution Eagles က ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်သား ထူးကောင်းဆက် (ခ) ထူးကြီးဟာ မေလ ၂၆ ရက်က G3 တစ်လက်၊ ၇ .၆၂ ကျည်ဆံ ၁၅ တောင့်၊ ကျည်ဘောက် တစ်ခု၊ ဓားတစ်ချောင်းတို့နဲ့ ယင်းမာပင် ခရိုင် တပ်ရင်း (၁၆) ရဲ့ တပ်ခွဲ (၄) Salingyi Revolution Eagles ဆီ ခိုလှုံ ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

ပြည်သူ့ဘက်သို့ ကူးပြောင်းလာတဲ့ ရဲဘော် ထူးကြီးကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့ပြီး လွတ်မြောက်နယ်မြေဆီ ပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့ Salingyi Revolution Eagles က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ် (၁)လုံး ပျက်စီး

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကမ္မဒေသရှိ ကျေးရွာများကို စစ်ကောင်စီ ၅ ရက်ဆက် လေကြောင်းတိုက်ခိုက်၊ ဗုံးသီး ၁၀၀ နီးပါး အသုံးပြုခဲ့ပြီး နေအိမ်များပျက်စီးကာ စစ်ရှောင်များ ထိခိုက်သေဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်က ကမ္မဒေသကျေးရွာတွေကိုလေကြောင်းကတဆင့် ၅ရက်ဆက် ဗုံးသီး ၁၀၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးပြီး စစ်ရှောင်အရပ်သား ၁ယောက် သေဆုံးခဲ့ရကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစုထံက သိရပါတယ်။
Read More

အာရှတွင် တတိယမြောက် ဆင်းရဲဆုံးနိုင်ငံအဖြစ် မြန်မာပါဝင်လာ

၂၀၂၄ ခုနှစ်အတွက် အဆင်းရဲဆုံး အာရှ ၁၀ နိုင်ငံထဲမှာ တတိယအဆင့်အဖြစ် မြန်မာနိုင်ငံပါဝင်လာကြောင်း World Population Reviews က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေ (Gross National Income – GNI) ဟာ အာဖဂန်နစ္စတန်နဲ့ နီပေါနိုင်ငံတွေပြီးရင် တတိယနေရာမှာ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

အရပ်သားအစိုးရ စီစဉ်ပေးခဲ့တဲ့ ကိုဗစ်ချေးငွေ အမြန်ဆုံးပြန်ဆပ်ဖို့ လုပ်ငန်းရှင်တွေကို စစ်ကောင်စီ ဖိအားပေး

အရပ်သား အစိုးရလက်ထက်က လုပ်ငန်းရှင်တွေအတွက် ထုတ်ချေးထားတဲ့ ကိုဗစ်ချေးငွေထဲက ကျန်ငွေ ကျပ် ၈၂ ဘီလီယံကို မဖြစ်မနေ ပြန်လည်ပေးသွင်းရမယ်လို့  စစ်ကောင်စီက ဖိအားပေးပြောကြားလိုက်ပါတယ်။
Read More

မြို့သာ-မန္တလေးလမ်းပိုင်း နှင့် မြို့သာ-ငါန်းဇွန်လမ်းပိုင်းတို့တွင် အရပ်သားကားများ မှန်ချမောင်းနှင်ရန်၊ တိုက်ပွဲဖြစ်ပွားချိန် နောက်ပြန်လှည့်ရန် PDF သတိပေး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ စစ်အုပ်စုကို အချိန်မရွေး ဝင်ရောက်တိုက်ခိုက်တာတွေ ရှိလာနိုင်တာကြောင့် အရပ်သားကားတွေ မှန်ချမောင်းနှင်တာမျိုးနဲ့ တိုက်ပွဲဖြစ်ပွားချိန်အတွင်း နောက်ပြန်ဆုတ်ပေးကြဖို့ တိုက်နယ်(၃) နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

ဧရာဝတီ PDF ၏ အပတ်စဥ် (၁)အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မ‌တော်၊ ဧရာဝတီတိုင်းစစ်ဌာန၊ ဧရာဝတီ PDF က အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲကို ဇွန်လ ၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။