မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့မှာ ထိတွေ့တိုက်ပွဲအခြေအနေတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ အရပ်သားတွေကို လက်ခံစောင့်ရှောက်ထားတယ်လို့ မင်းဘူးခရိုင်၊ အမှတ် ၅တပ်ရင်း တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။ 

စက်တင်ဘာ ၂၄ ရက် မနက်အစောပိုင်းက ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်တံတားမှာ ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားပြီး စစ်​ကောင်စီက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်တဲ့ဘညနေပိုင်းမှာပဲ စစ်ရှောင်လာတဲ့ကျေးရွာတွေက ဒေသခံတွေကို စတင်လက်ခံကူညီပေးနေတာဖြစ်တယ်လို့ မင်းဘူးခရိုင်၊ အမှတ် ၅ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးရန်ကို ကြောက်ရွံ့ပြီး တိမ်းရှောင်လာတဲ့ ​ဒေသခံ အယောက် ၁၀၀ နီးပါးကို ဘေးလွတ်ရာဆီ ပို့ဆောင်ပေးထားတယ်လို့လည်း သိရပါတယ်။

“ဆင်ဖြူကျွန်းဖြစ်စဥ်နဲ့ပတ်သတ်ပြီး  စကစက လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် စိုးရိမ်ကြောက်လန့်တဲ့ပြည်သူတွေဟာ ကျွန်တော့်တို့ ထိန်းချုပ်ထားတဲ့နယ်မြေတွေထဲ ရောက်ရှိလာပါတယ်။ သူတို့ရဲ့စားဝတ်နေရေး ၊ ကျန်းမာရေး အဘက်ဘက်က ကူညီပေးထားပြီး နယ်မြေစစ်ရေးငြိမ်သက်မှုရှိတဲ့အချိန် ပြန်ပို့ပေးပါမယ်” လို့ မင်းဘူးခရိုင်၊ အမှတ် ၅ တပ်ရင်း တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။ 

သူကပဲ ဆက်လက်ပြီး” လောလောဆယ် သူတို့လိုအပ်တာကတော့ ကျန်းမာရေးအပိုင်းပါ။ အဲ့ဒါကြောင့် ကျနော်တို့ဆရာဝန်တွေ ခေါ်ပေးရပါတယ်၊ ကျန်တဲ့ စားရေး နေရေးကတော့ အဆင်ပြေပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ ဆင်ဖြူကျွန်းမြို့အခြေအနေနဲ့ပက်သက်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကတော့တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားတာမျိုးမရှိ​သေးပါဘူး။

ဆင်ဖြူကျွန်းမြို့နည်းတူ စလင်းမြို့နယ်မှာလည်းစစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ရက်နေ့မှာ စလင်းအခြေစိုက်ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅တပ်တွေနဲ့ ငလင်ပန်းရွာကို စစ်ကြောင်းထိုးရိက္ခာရှာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ – ဆင်ဖြူကျွန်း စစ်ရှောင်များ

0 Shares:
You May Also Like
Read More

96 Soldiers – PDF အညာဒေသက တပ်ခွဲမှူး ရဲဘော် ၁ ယောက် စစ်ဆင်ရေးတစ်နေရာမှာ ကျဆုံးခဲ့

96 Soldiers - PDF အညာဒေသမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ခွဲမှူး ရဲဘော် ဝေဖြိုးအောင်(ခေါ်) တစ်ဆယ်ဟာ မတ်လ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ဆင်ရေးတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အာဆီယံဘုံသဘောတူညီချက်ကို ဂရုမစိုက်ဘဲ အရပ်သားများကို တိုက်ခိုက်နေသည့် စစ်ကောင်စီကို အရေးယူရန် အထူးလိုအပ်လာပြီဟု NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ အာဆီယံကို တိုက်တွန်း

အာဆီယံဘုံသဘောတူညီချက်ကို မလိုက်နာဘဲ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို အာဆီယံအနေနဲ့ အရေးယူဖို့ အထူးလိုအပ်လာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ် - ၁၁/၂၀၂၅" မှာ ပြောကြားလိုက်ပါတယ်။
Read More

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်တော် ၊ တပ်ရင်း (၇) တပ်ရင်းမှူးရဲ့ ရက်လည်ဆွမ်းသွပ်… (ဓာတ်ပုံသတင်း)

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်တော် ၊ တပ်ရင်း(၇) ရဲ့ တပ်ရင်းမှူး ကိုအောင်ဟိန်းဖြိုး (ခ) ရဲဘော်ဇိုးကြီးကို ရည်စူးပြီး သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူကာ ကုသိုလ်ပြုအမျှပေးဝေခဲ့တယ်လို့ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာရဲ့ ထောက်ခံယုံကြည်မှုရထားဟု မင်းအောင်လှိုင် ခပ်တည်တည်နှင့်ပြော

စစ်ကောင်စီက ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာရဲ့ အပြည့်အ၀ ထောက်ခံယုံကြည်မှုတွေ ရရှိထားပြီလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ကရင်နဲ့မွန်အစပ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေ

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ဇီးနစ်ဒေသအနီီးမှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာလို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ပန်ခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်ထားပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ယမ်းထုတ်ယူဖို့ ကြိုးစားရာက ပေါက်ကွဲပြီး ဒေသခံနှစ်ယောက် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖက်ကာမြို့နယ်၊ နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ပစ်ထားပြီး မပေါက်ကွဲသေးတဲ့ ၆၀ မမ ဗုံးသီးကို ယူလာကာ ယမ်းထုတ်ယူဖို့ လုပ်ဆောင်နေစဉ်မှာပဲ ထပေါက်ကွဲလို့ ဒေသခံ ၂ ယောက်လုံး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။