တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်မှုဟာ  လက်ရှိအကြပ်အတည်းအတွက် နိုင်ငံရေးအရ အဖြေမဟုတ်ဘဲ  နိုင်ငံရေးအရ အမြတ်ထုတ်မှုတစ်ခုသာ ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထုတ်ပြန်ပါတယ်။

တရားမဝင် အာဏာသိမ်းစစ်တပ်ရဲ့ ဖိတ်ခေါ်မှုကို ကရင်နီပြည်က တော်လှန်ရေးအင်အားစုတွေ အနေနဲ့ လက်ခံသွားမှာ မဟုတ်ဘဲ စစ်မှန်တဲ့ ဖက်ဒရယ် စနစ်ဖြစ်ပေါ်ရေးအတွက်သာ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ဒီနေ့ စက်တင်ဘာလ ၂၈ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၁ အထွေထွေ ရွေးကောက်ပွဲရလာဒ်ကို ဆန့်ကျင်ကာ လူထုထံက အာဏာသိမ်းယူထားတဲ့ စစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေကို  စဉ်ဆက်မပြတ်ကျူးလွန်ခဲ့ပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ ပြည်သူတွေဟာ နိုင်ငံအနှံ့အပြားမှာ အကြောင်းမဲ့ သေဆုံးခဲ့ရလို့ စစ်တပ်ဟာ အကြမ်းဖက်အဖွဲ့အစည်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့အာဏာတည်မှုဟာလည်း လတ်တလောမှာ သက်ရောက်မှုမရှိတော့ဘဲ  အာဏာသိမ်းစစ်တပ်က သန်းခေါင်စာရင်းနဲ့ ရွေးကောက်ပွဲအတွက် ကြိုးပမ်းလာခြင်းဟာ ဒီမိုကရေစီ အင်အားစုတွေကြားမှာ  သွေးခွဲဖို့ရည်ရွယ်ချက်ရှိရှိနဲ့  အတုအယောင် ငြိမ်းချမ်းရေးအဖြစ် ရည်ရွယ်ချက်ရှိရှိ  လုပ်ဆောင်လာခြင်းသာ ဖြစ်တယ်လို့ IEC ကဆိုပါတယ်။

ဒါ့ကြောင့် ကြားကာလကရင်နီပြည် အုပ်ချုပ်ရေးကောင်စီက စစ်ကောင်စီရဲ့ ကမ်းလှမ်းမှုကို လုံး၀လက်မခံဘဲ အဆုံးတိုင် ဖက်ဒရယ် ရရှိရေးအတွက်  ကြိုးပမ်းသွားမှာဖြစ်ပြီး ကရင်နီဒေသအတွင်း စစ်ကောင်စီရဲ့ မတရားလုပ်ရပ်တွေကိုလည်း တိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခြားသော ဖက်ဒရယ်ယူနစ်များ အနေနဲ့လည်း လူထုရဲ့ ဆန္ဒအတိုင်းဆက်လက် ရပ်တည်ပေးဖို့တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်နေ့မှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ငြိမ်းချမ်းရေးအရ ဆွေးနွေးဖို့ ဖိတ်ခေါ်ကြောင်း ပြောကြားအပြီးမှာ သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေက ဖိတ်ခေါ်မှုကို လက်မခံကြောင်း အသီးသီး ကြေညာချက်တွေ ထုတ်ပြန်လျက်ရှိပါတယ်။

0 Shares:
You May Also Like
Read More

ရေဦး PDF အတွက် လိုအပ်နေတဲ့ ကျည်ကာ၀တ်စုံတွေ ထောက်ပံ့ပေးအပ် (ဓာတ်ပုံသတင်း)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဘုတလင်တွင် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး စစ်သား ၇ ဦး သေ၊ သေနတ် ၂ လက်နှင့်  ခဲယမ်းအချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၇ ယောက် သေပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာ့တပ်တော် (BA) ထံက သိရပါတယ်။
Read More

ပခုက္ကူနဲ့ မြိုင်အစပ်က ကျေးရွာတွေကို အထိနာနေတဲ့ စစ်အုပ်စု စစ်​ကြောင်းဝင်နေလို့ ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းဝင်မီးရှို့ပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ(၇)ရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဆက် လက်ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်က လက်နက်ကြီး(၁၄၄)လုံး နှင့် ဒရုန်းဖြင့် ဗုံး (၃၁)လုံး ကြဲချတိုက်ခိုက်ခဲ့…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွေသွန်း၊ လုံဝယ်၊ အုမ္မသီးကျေးရွာနဲ့ ဆမ္မဆယ်ကျေးရွာတို့မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လက်နက်ကြီး (၁၄၄) လုံးနဲ့ ဒရုန်းဖြင့် ဗုံး (၃၁)လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် - TNLA ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုဖို့ ပုလော PDF တိုက်တွန်း

တနင်္သာရီတိုင်း၊ မြိတ်-ပုလော ပြည်ထောင်စုလမ်းပိုင်းမှာ တော်လှန်ရေး တပ်ဖွဲ့တွေ အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် အဆိုပါပြည်ထောင်စုလမ်းပိုင်းကို ပြည်သူတွေ အသုံးမပြုဖို့ပြည်သူ့ကာကွယ်ရေး တပ်မတော် (ပုလော) - မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်တိုက်တွန်းထားပါတယ်။
Read More

မြိုင်တွင် စစ်တပ်စစ်ကြောင်းက ဓားစာခံအဖြစ် ဖမ်းဆီးထားသူ ၃ ဦးကို ရက်ရက်စက်စက် သတ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်တပ်က လူသားဒိုင်းလုပ် ဖမ်းဆီးထားတဲ့ အရပ်သား ၃ ယောက်ကို ရက်ရက်စက်စက် သတ်ကာ ၂ ယောက်ကို စွန့်ပစ်ထားခဲ့ကြောင်း မြိုင်သတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။