မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ သရက်ကန်ပျူရွာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က အသေအပျောက်ရှိသလို တချို့တစ်ဝက်ကတော့ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၀ရက်နဲ့ ၂၆ရက်နေ့တွေမှာ သရက်ကန်ပျူရွာထဲက စစ်တပ်နဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်ပေါင်းစုတွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အရပ်သားတွေကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ရက်နေ့မှာ အညာမြေတပ်ပေါင်းစု အပါအဝင် တော်လှန်ရေးတပ်တွေက သရက်ကန်ပျူရွာကို တစ်လအတွင်း လက်နက်ချအညံ့ဖို့နဲ့ အပြီးသတ်သိမ်းပိုက်ဖို့ ရည်ရွယ်ထားပြီး ကျေးရွာထဲက အရပ်သား ၄၆ယောက်အထိ ကယ်ထုတ်ထားနိုင်တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၀ရက်နေ့မှာတင် ပျူရွာကို ဝင်ရောက်တိုက်ခိုက်ရင်း တိုက်ပွဲကြားထဲ အရပ်သားအယောက်၂၀ ကျော် ကယ်ထုတ်နိုင်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ဘိုဘိုသန့်ဇင်က ပြောပါတယ်။

“မနေ့က (စက်တင်ဘာ ၂၆ ) မနက် ၅နာရီလောက်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ ရွာအဝင်၊  ရွာဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းနေရာတွေကို မိုးရွာထဲ အလစ်ငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ၂၀ရက်နေ့က အဖြေမပေါ်ခဲ့ပေမယ့် မနေ့ကပွဲမှာတော့ ပွဲရှိန်မြင့်ပြီး မနက် ၁၀နာရီလောက်မှ ပြီးပါတယ်။ အဲ့ပွဲမှာ စခနဲ့ပျူ ၃ယောက်သေပြီးအများအပြားထိခိုက်သွားပါတယ်” လို့အညာမြေတပ်ပေါင်းစု တာဝန်ခံ ဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။

တိုက်ပွဲထဲ တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က ထိခိုက်မှုမရှိခဲ့ဘဲ စစ်အုပ်စုတချို့တစ်ဝက်က ဒီနေ့ (စက်တင်ဘာ ၂၇) မနက်အစောပိုင်းမှာ သရက်ကန်ရွာတောင်ပိုင်း ၂မိုင်အကွာက တွင်းမပျူစောထီးရွာဆီ ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။

“ဘာလို့ဆုတ်လဲ သေချာတော့ မခန့်မှန်းတတ်ဘူးဗျ။ ဒဏ်ရာရတဲ့သူတွေကို ဘေးကင်းရာပို့တာမျိုးလား။ ပိုလုံခြုံတဲ့နေရာကိုပြောင်းချင်တာမျိုးကြောင့်လား မပြောတတ်ဘူး” လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။

ဒါ့အပြင်တိုက်ပွဲထဲ RPG အဖူး( ၃ )ဖူး ၊ G3 ကျည် (၂၇ )တောင့် ၊ ၅.၅၆ ကျည် ၉ တောင့်နဲ့ G3 ကျည်ဘောက် တစ်ခုတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု က ထုတ်ပြန်ပါတယ်။

သရက်ကန်ပျူရွာတိုက်ခိုက်မှုကို အညာမြေ တပ်ပေါင်းစုတပ်ဖွဲ့နဲ့အတူ TYK ပြောက်ကျားတပ်ဖွဲ့ ၊ Pakokku Pepole Defence Force(PPDF)၊ အမှတ် ၁ တပ်ရင်း ပကဖ၊ ဒေါင်းညီနောင် တပ်ဖွဲ့၊ ဒေါင်းမာန် တပ်ဖွဲ့၊ မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၄-စကြာ်၊ မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၂-ဂဠုန်၊ Kamma Revolution Force (KMRF) ၊ မုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Tiger Warrier Force၊ မြိုင်ရာဇာ တပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု PLC ၊ နံ့သာမြေရက္ခ ၊ God of Myaing၊ Union Brother ၊ Hunter Pakokku ၊ Red Giant (RG) စတဲ့အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ – သရက်ကန်ပျူရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေပုံနဲ့ အရပ်သားတွေကယ်ထုတ်နေစဥ်

0 Shares:
You May Also Like
Read More

KNDF ဆေးသင်တန်းက ဆေးတပ်သား ရဲဘော် ၁၈ ယောက် သင်တန်းချိန်မှာ ရေထဲမျောပါ သေဆုံးခဲ့တဲ့ ဖြစ်ရပ်က စစ်ဆေးတွေ့ရှိချက် KNDF ထုတ်ပြန်

ကရင်နီပြည်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ ဆေးသင်တန်းက ဆေးတပ်သား ရဲဘော် ၁၈ ယောက် ရေထဲမျောပါ သေဆုံးခဲ့တာဟာ ကြိုတင် ပြင်ဆင်မှု အလုံးစုံမရှိခြင်း၊ ဘေးအန္တရာယ်တွေ တွက်ချက်မှု ပေါ့ဆခြင်းနဲ့ စီမံခန့်ခွဲမှုတွေ ပေါ့လျော့မှုတွေကြောင့်ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို KNDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ICC အဖွဲ့ဝင်နိုင်ငံမဟုတ်လို့ ICC ဖမ်းဝရမ်းကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီ တုံ့ပြန်

နယ်သာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုချက်အပါအဝင် ICC ပြောဆိုချက်တွေကို ICC အဖွဲ့ဝင်မဟုတ်တဲ့ မြန်မာနိုင်ငံက ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဘူးလို့ စစ်ကောင်စီက တုံ့ပြန်ပြောဆိုထားပါတယ်။
Read More

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၁) ဦးအပါ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ အုန်းကိုင်းရပ်ကွက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၁) ယောက် အပါအဝင် အရပ်သားပြည်သူ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘောလခဲရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် ကရင်နီဝံပုလွေစစ်ကြောင်းမှ တော်လှန်ရဲဘော်၏ စျာပနအခမ်းအနား

ကရင်နီပြည်နယ်၊ ဘောလခဲမြို့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့ကြောင်း ကရင်နီဝံပုလွေစစ်ကြောင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ဇူလိုင်လအတွင်း မွန်ပြည်နယ်မှာ ပစ်ခတ်တိုက်ပွဲများဖြစ်ပွား၊ နှစ်ဖက်သေဆုံးမှုများရှိပြီး ပြည်သူများလည်း ထိခိုက်သေဆုံးခဲ့

မွန်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လဂွန်းအိမ်စာစဥ်က မွန်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာထုတ်ပြန်ခဲ့ရာ ဇူလိုင်လမှာ သတ်ဖြတ်ခံရတဲ့ ပြည်သူ ၆ ယောက်၊ ဒဏ်ရာရသူ ၂ ယောက်နဲ့ ဖမ်းဆီးခံရသူ ၅ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းလှတွင် တရားမဝင် ရွေးကောက်ပွဲအတွက် မဲစာရင်းများကို ကာကွယ်ရေးတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စု၊ ဆင်တဲကုန်းရွာက လူငယ်အားမာန်စာကြည့်တိုက်မှာ ထားရှိထားတဲ့ စစ်ကော်မရှင် တရားမဝင်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မြေအောက်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။