အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရေးဆွဲထားတဲ့ အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေ (တတိယမူကြမ်း)အတွက် မိတ်ဖက်တိုင်းရင်းသား အင်အားစုတွေနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ဆက်တိုက်လုပ်ဆောင်တော့မယ်လို့ အသိပေးထုတ်ပြန်လာပါတယ်။ 

အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေ (တတိယမူကြမ်း)ကို ရေးဆွဲထားပြီးဖြစ်တာကြောင့်   မိတ်ဖက်အင်အားစုတွေကို ချပြပြီး လိုအပ်သလို ဖြည့်စွက်ပြင်ဆင်မှုတွေ၊ သဘောထားတွေကိုရယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒီနေ့ စက်တင်ဘာလ ၂၇ ရက်နေ့၊ NLD ပါတီတည်ထောင်ခြင်း ၃၆ နှစ်ပြည့် ကြေညာချက်မှာ အခုလို ထည့်သွင်းဖော်ပြထားတာပါ။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် ဖြစ်ထွန်းစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးကိုလည်း တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း NLD က ဆိုပါတယ်။

အသွင်ကူးပြောင်းရေးကာလ အခြေခံ ဥပဒေ (တတိယမူကြမ်း)ကို စစ်အာဏာရှင်ကိုဖြုတ်ချပြီး ဖက်ဒရယ်စနစ်ကိုသွားဖို့ အခြေအနေမှာ အသုံးပြုသွားဖို့ ရည်ရွယ်ထားတယ်လို့လည်း ပြောပါတယ်။

NLD က ရေးဆွဲထားတဲ့ အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေ (တတိယမူကြမ်း) မှာ ပါဝင်လာတဲ့ အချက်တွေကိုတော့ အသေးစိတ်ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ ပြေလည်ရေး လမ်းစမရရှိဘူးလို့လည်းဆိုပါတယ်။

ဒါ့ကြောင့် ဖမ်းဆီးခံ နိုင်ငံ့ခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးပြီး နိုင်ငံကို ပုံမှန်လမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိဖို့လည်း လိုအပ်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့ အစည်းများနဲ့ ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီများရဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် သဘောထားထုတ်ပြန်ကြေညာချက်ကိုလည်း ကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီခေါင်းဆောင်တွေကို စစ်ကောင်စီက ဖမ်းဆီးထားပေမယ့် NLD ဟာ ပြည်သူတွေနဲ့အတူ ဒီမိုကရေစီရရှိရေး၊ တရားမျှတမှုနဲ့ လွတ်လပ်ခြင်းအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဘုတလင်မှာ အကြမ်းဖက်စစ်ကြောင်းက သဖန်းရွာကို မီးဝင်ရှို့ရင်း အသက် ၇၀အရွယ် အဘိုးအိုတစ်ယောက်ကို ရက်ရက်စက်စက် သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက သဖန်းကျေးရွာကို မီးရှို့ဖျက်ဆီးကာ အသက်၇၀အရွယ် အဘိုးအိုတစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ထားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

နတ်တလင်း ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်၊ ရဲ ၂ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက် ခြေပြတ်၊ လက်ပြတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Phoenix D F တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

လေးကေ့ကော်မြို့သစ်ရှိ စွယ်တော်ကုန်းကို စစ်ကော်မရှင်တပ် ပြန်လည်သိမ်းပိုက်လိုက်ပေမယ့် အထိုင်ချရဲမှာမဟုတ်ဘူးဟု ဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်ရှိ စွယ်တော်ကုန်းစစ်စခန်းကို စစ်ကော်မရှင်တပ် နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့ ပြန်လည်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ပခုက္ကူလေယာဥ်ကွင်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ လေယာဥ်ပြေးလမ်း ပျက်စီးပြီး စစ်သား ၄ ဦး သေ၊ ၄ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ပခုက္ကူလေယဉ်ကွင်းကိုရော့ကတ်တွေ၊ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း လေယာဥ်ပြေးလမ်းပျက်စီးပြီး စစ်တပ်က ၄ ယောက် သေဆုံးကာ စိုးရိမ်ဒဏ်ရာရသူ ၄ ယောက်အပါအဝင် အများအပြားဒဏ်ရာရခဲ့တယ်လို့ Cobra One အဖွဲ့တာဝန်ရှိသူက ​မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကျောင်းသားပေါင်း ၉ သိန်းကျော်အတွက် ဘေးကင်းလုံခြုံရေး ကမ်ပိန်း ပြုလုပ်နေဟု ဒေါက်တာဇော်ဝေစိုး ပြော

နိုင်ငံတစ်ဝန်း ထိန်းချုပ်နယ်မြေတွေက ကျောင်းပေါင်း ၆ ထောင်ကျော်မှာရှိတဲ့ ကျောင်းသားပေါင်း ၉ သိန်းကျော်အတွက် “ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေး” ကမ်ပိန်း ပြုလုပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ပြောပါတယ်။