စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း တစ်နေရာမှာ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး( BLDF)၊ စစ်ဒေသ (၁)နဲ့ လက်ပံတောင်းတောင်ပင်မ သပိတ်တို့ ပူးပေါင်းပြီး တော်လှန်ရုပ်ရှင်ပြပွဲ ကို စက်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရုပ်ရှင်ပြပွဲမှာတော့ ပြည်သူတွေကို သပိတ်တရားဟောပြောခြင်း၊ တော်လှန်ရေးပကတိအခြေအနေတွေကို ပြောကြားခြင်း၊ တပ်မိတ်ဆက်ခြင်းတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး( BLDF) အနေနဲ့ ပြည်သူလူထုနဲ့အတူ တစ်သားတည်း ရပ်တည်ရင်း တော်လှန်ရေးတာဝန်နဲ့ ဝတ္တရားတွေကို မဖောက်မပြန် ဆက်လက်ချီတက် ထမ်းရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မကွေးတိုင်းအတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ စစ်ရှောင်ကလေးတွေ ပညာသင်ဖို့ ကျောင်းဆောင်အသစ်တွေ ဆောက်လုပ်

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာရှိတဲ့ တိုက်ပွဲတွေအတွင်း စစ်ဘေးရှောင်နေကြရတဲ့ ကလေးငယ်တွေအတွက် ပညာသင်ကြားဖို့ စာသင်ကျောင်းဆောင်တွေကို ဒေသခံပြည်သူတွေ ပူးပေါင်းဆောက်လုပ်နေကြကြောင်း သိရပါတယ်။
Read More

ခင်ဦးနယ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်နေတဲ့ စစ်အုပ်စုတွေ ကိုယ့်ဒရုန်းကိုယ်ပြန်ခေါ်ရင်း ဗုံးသီးပြုတ်ကျလို့ ၆ယောက်သေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ မူးမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေဆီ ဒရုန်းနဲ့ ဗုံးသီးချပြီး အရပ်သားတွေကို တိုက်ခိုက်နေတဲ့ စစ်အုပ်စုတွေပေါ် ဒရုန်းပြန်ပြုတ်ကျကာ စစ်သားနဲ့ ပျူ ၆ ယောက် သေတယ်လို့ ခင်ဦးမြို့နယ်၊ သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။
Read More

ဘားအံထောင်တွင် နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး (ခ) ကရင်လေးကို ထောင်ဝန်ထမ်း ၃၀ နီးပါးက သေဆုံးသည်အထိ ရိုက်နှက်၊ ရောဂါကြောင့် သေဆုံးသည်ဟု လိမ်လည်အကြောင်းပြ

ကရင်ပြည်နယ်၊ ဘားအံအကျဥ်းထောင်မှာ အကျဥ်းထောင်ဝန်ထမ်းတွေရဲ့ ဝိုင်းဝန်းရိုက်နှက်တာခံရပြီး ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး (ခ) ကရင်လေးရဲ့ သေဆုံးမှုကို နှလုံးရောဂါနဲ့ သေဆုံးမှုအဖြစ် ထောင်အာဏာပိုင်တွေက လိမ်လည်ထွက်ဆိုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

မြောင်းမြထောင်တွင် အာဏာပိုင်များ ငွေကြေးတောင်းခံခြင်းနှင့် အကြမ်းဖက် ရိုက်နှက်မှုများ လုပ်ဆောင်နေ

ဧရာဝတီတိုင်း၊ မြောင်းမြအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို အိပ်ဆောင်အတွင်း အကြောင်းပြချက်မရှိ ငွေကြေးတောင်းယူကာ အခန်းလူကြီးတွေကို ခွဲခြမ်းပေးခြင်းဖြင့် အနိုင်ကျင့်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ PDF ရဲဘော်များ လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်

ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်ပြီး စစ်ရေးအခြေအနေတွေကို ပြည်သူတွေဆီ တင်ပြ ဆွေးနွေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဧရာဝတီအမှတ် ၃ တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

လာမည့် ၆ နာရီအတွင်း နောက်ဆက်တွဲ ငလျင်တွေရှိနိုင်လို့ ပြည်သူတွေ သတိပြုနေထိုင်ဖို့ စစ်ကောင်စီ ကြေညာ

လာမယ့် ၆ နာရီအတွင်း နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်လို့ ပြည်သူတွေ ဘေးလွတ်ကင်းရာနေရာတွေမှာ ပြောင်းလဲ နေထိုင်ကြဖို့ စစ်ကောင်စီက အသိပေးထုတ်ပြန်ပါတယ်။