မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ အခြေချရာ တပ်စခန်းတွေဆီ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေကို မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT) အဖွဲ့က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၇ရက်၊ ဒီနေ့မနက်အ​စောပိုင်းမှာ Myingyan Black Tiger ( MBT) အဖွဲ့ရဲ့စစ်ကြောင်း ၃ အခြေချရာ ခြေဆေးကျေးရွာအနီးကို အကြမ်းဖက်စစ်အုပ်စုတွေက ဝင်ရောက်တိုက်ခိုက်ဖို့ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

စစ်ကြောင်းထိုးလာသူတွေကို Myingyan Black Tiger ရဲဘော်တွေက ခံစစ်အခိုင်အမာတည်ဆောက်ရင်း ပြန်လည်ထိုးစစ်ဆင်နိုင်ခဲ့တာကြောင့် စစ်အုပ်စုဘက်က ၁၈ယောက်နီးပါးသေဆုံးပြီး ဆုတ်ခွာသွားကြောင်း အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုပါတယ်။ 

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာတော့ Myingyan Black Tiger အဖွဲ့ဝင်တွေရဲ့စခန်းကို စစ်တပ်က သိမ်းပိုက်ရရှိပြီး PDF တပ်ဖွဲ့ဝင်တွေရဲ့အလောင်းနဲ့ လက်နက်တွေပါ သိမ်းဆည်းရမိတယ်လို့ ဝါဒဖြန့် ပြောဆိုနေကြပါတယ်။

ဒီအပေါ် အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက “သူတို့ဝါဒဖြန့်တာတွေက ပြည်သူကိုသတ်ပြီးတော့ပဲလား။ သူတို့အချင်းချင်းပဲလား။ အရင်ကပုံဟောင်းတွေနဲ့ ဖြန့်တာပဲလားမသိပါဘူး။ သေချာတာကတော့ ကျနော်တို့ရော မဟာမိတ်တွေရော ထိခိုက်ကျဆုံးတာမျိုး မရှိပါဘူး။အဖက်ဖက်က စစ်ရှုံးနေတဲ့ အနေအထားတစ်ခုမှာ စစ်တပ်လော်ဘီတွေ ခွန်အားပြန်ပေးနိုင်အောင် မဟုတ်မမှန်နည်းလမ်းသုံးတယ်လို့ပဲ ပြောချင်ပါတယ်။” လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ တော်လှန်ရေး မဟာမိတ်တွေတပ်တွေဖြစ်တဲ့ မြင်းခြံခရိုင် အမှတ် (၁ ၊၂ ၊ ၃၊ ၇၊ ၈)တပ်ရင်းတို့နဲ့အတူ မြင်းခြံခရိုင်ပကဖ၊ စွန်ရဲပြောက်ကျားတပ်ဖွဲ့၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့နဲ့ အမှတ် ၈၁၅ တပ်ရင်း (PLA) တပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို ခြေဆေးချောင်းထဲ ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အချိန် ၆နာရီကျော်ကြာဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒရုန်း၅စီးအပါအဝင် ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံး၈လုံးကြဲချခဲ့ပြီး မြင်းခြံ ခမရ ၁၅တပ်ထဲကနေပါ ဟောင်ဝစ်ဇာနဲ့ တောက်လျှောက် ပစ်ကူပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ထိခိုက်သေဆုံးသူတွေကို ဖိုးဝှီးကားတွေနဲ့ ပြန်သယ်သွားခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့စခန်းကို သူတို့ထိုးစစ်ဆင်နိုင်တာမှန်ပေမယ့် ရဲဘော်တွေရဲ့ မလျှော့သောဇွဲ၊ ကျွမ်းကျင်တဲ့စစ်ရေးအတွေ့အကြုံ၊ အမိန့်နာခံမှုတွေနဲ့အတူ ပြန်ပြီးထိုးစစ်ဆင်နိုင်ခဲ့ပါတယ်။ ပိုကောင်းတာက မဟာမိတ်တွေရဲ့ မြန်ဆန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ထိထိရောက်ရောက်နဲ့ ပြန်တိုက်နိုင်ခဲ့ပါတယ်။ အဓိကကတော့ စည်းလုံးနေရင် အောင်​​မြင်မှု မြန်မြန်ရမယ်။ ဘာမှမဖြစ်ဘူးဆိုတဲ့​ သော့ချက်လေး ရလိုက်ပါတယ်။ တော်လှန်ရေး အဖွဲ့တိုင်းကိုလည်း ပေးချင်ပါတယ်။” လို့ Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောခဲ့ပါတယ်။

ဓာတ်ပုံ – Myingyan Black Tiger (MBT) ရဲဘော်များ

0 Shares:
You May Also Like
Read More

စစ်အုပ်စုထံ ဘက်ပြောင်းခိုလှုံသွားသည့် တော်လှန်ရေးရဲဘော်များ၏ သတင်းပေးမှုကြောင့် ဒေသခံ ၁၅ ဦး ဖမ်းဆီးခံရ…

“အမှောင်ဘက်ဝင်သွားတဲ့သူတွေက ဖားကန့်အခြေစိုက် PDF ပေါ့၊ မှော်ဒေသက လူစုံတယ်လေ ၊ စရိုက်ပေါင်းစုံနဲ့ စစ်တပ်ဘက် ဝင်သွားတဲ့ကောင်တွေရဲ့ သတင်းပေးမှုကြောင့် ကျောက်စိမ်းတောင်တံတားမှာ ရုတ်တရက်ရှောင်တခင်ဝင်ပြီးမှ စစ်ရင်းနဲ့ ကျောက်ဝိုင်းသွားတဲ့အချိန်မှာ စောင့်ဖမ်းတဲ့သဘောပါ၊ သူတို့ သတင်းပေးတဲ့သူတွေထဲမှာ ကျောက်အရောင်းအဝယ်လုပ်တဲ့သူတွေ ပါတယ်”လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အင်းတကော်နဲ့ ဝေါမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်း၊ ၆၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်နဲ့ ဝေါမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရင်းစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

မှော်ဘီလေတပ်က စစ်လေယာဥ်အချို့ကို ဧရာဝတီတိုင်းကို ပြောင်းရွှေ့ထားရှိ…

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ လေတပ်စခန်းက အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဥ်နဲ့ ဗုံးကြဲလေယာဥ်အချို့ကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို လုံခြုံရေးအရ ပြောင်းရွှေ့ထားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မင်းတပ်မြို့တွင် အစုပြုံလိုက်ဗုံး (Cluster Bomb) များ အသုံးပြုကာ စစ်ကောင်စီ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ ဦး သေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တိုက်နယ် အမှတ် (၁) အတွင်းက ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
Read More

၂ လနီးပါး ကြာခဲ့တဲ့ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေအပါ လက်နက် ၄၀၀ ကျော် သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ ၂ လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေအပါ လက်နက်မျိုးစုံ ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီထောက်တိုင်တွေကို သတင်းပေး တိုင်ကြားနိုင်ကြောင်း တွံတေး ပကဖ ထုတ်ပြန်

မြေပြင်မှာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေ စိုးမိုးထိန်းချုပ်နေတဲ့ ကာလဖြစ်တာကြောင့် ဥပဒေမဲ့ပြုကျင့်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မတရားသဖြင့် နိုင်လိုမင်းထက် ပြုကျင့်တာတွေကို မှတ်တမ်းတင်ပြုစုမှာဖြစ်တာကြောင့် စစ်ကောင်စီ ထောက်တိုင် အကြမ်းဖက်အဖွဲ့ဝင်တွေကို တိုင်ကြားနိုင်တယ်လို့ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ တွံတေး) က သတင်းထုတ်ပြန်ထားပါတယ်။