မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ချေဆေးကျေးရွာကို ဒီနေ့ စက်တင်ဘာ ၂၇ ရက် မနက်အစောပိုင်းက အင်အား ၆၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသထံက သိရပါတယ်။

တိုက်ပွဲ ၆ နာရီကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးလာရောက်ပစ်ခတ်ကာ လေယာဉ်နဲ့ ဗုံး ၈ ဗုံးကြဲချပြီး မြင်းခြံခမရ ၁၅ ကနေလည်း ဟောင်ဝှစ်ဇာအမြောက်တွေနဲ့ တောက်လျှောက် ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ဒရုန်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့နေရာတွေကို ဗုံးသီးကြဲချလာတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊အမှတ်(၈၁၅)တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ (PLA)၊ Myangyan Black Tigerတပ်ဖွဲ့နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဦး-ချောက်လမ်းမှာ စစ်ကောင်စီဗိုလ်ကြီး ညီညီမျိုးဆွေနှင့် ဗိုလ်ကြီး စိုးထွဋ်ကျော်ကို ဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ချောက် လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီး ညီညီမျိုးဆွေနဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

မြိတ်မြို့ဘက်မှ အမတ ၃၀၆ တပ်ရင်းသို့လာသည့် စစ်ကားကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ဘက်ကနေ အမတ ၃၀၆ တပ်ရင်းကိုလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကားကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမြို့နယ် ကျေးရွာများတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကျေးရွာတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင်ဒရုန်းတပ်ဖွဲ့ - PBDF ထံက သိရပါတယ်။
Read More

မန္တလေးတွင် သားအမိ ၃ယောက်ကို ဓားဖြင့်ရွယ်ကာ ဆိုင်ကယ်လုယက် (ရုပ်/သံ)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ သားအမိ ၃ ယောက်စီးလာတဲ့ ဆိုင်ကယ်ကို ဓားကိုင်ဆောင်ထားတဲ့ အမျိုးသား ၂ ယောက်က လုယက်ခဲ့ကြောင်း ဒေသခံအမျိုးသမီးက Facebook လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်းက ရဲဘော်တစ်ဦးရဲ့ ဈာပန အခမ်းအနား ( ရုပ်/သံ)

မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်းက တိုက်ပွဲတစ်ခုအတွင်း ကျဆုံးသွားတဲ့ ရဲဘော်တစ်ဦးရဲ့ ဈာပန အခမ်းအနားအတွင်း ဂုဏ်ပြုတပ်ဖွဲ့က အမိန့်ပြန်တမ်းဖတ်ကြားနေတဲ့ ရုပ်သံမှတ်တမ်းကို BOB - Battalion Of Budalin က ဒီနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပခုက္ကူမြို့နယ် အင်ပင်ရွာက ပြည်သူတွေကိုသတ်ဖြတ်ပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ရွာကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၁၇ ရက် ညပိုင်းက ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  Young Force–UG တပ်ဖွဲ့ထံက သိရပါတယ်။