ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ “စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဟောပြောပွဲနဲ့ တော်လှန်ဖျော်ဖြေ တင်ဆက်မှု အခမ်းအနား” ကို စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ဒေသခံ ကျေးရွာကာကွယ်ရေးအဖွဲ့နဲ့ ပညာရေးအဖွဲ့တို့ရဲ့ တာဝန်ရှိသူတွေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်တစ်ယောက်က “စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် စစ်သုံးစစ်တိုက်ဖျက်ရေး” ခေါင်းစဉ်နဲ့ ပြည်သူလူထုကို ဟောပြောခဲ့တယ်လို့ သိရပါတယ်။

ဟောပြောပွဲပြီးတဲ့နောက်မှာတော့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ ရဲဘော်တွေက တော်လှန်ရေးတေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့သလို အခမ်းအနားရဲ အထူးအစီအစဉ်အဖြစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ၈၀၃ တပ်ရင်း ရဲဘော်တွေ စီစဉ်တဲ့ “ဒါဟာ ဒဏ္ဍာရီ မဟုတ်ပါ” ပြဇာတ်နဲ့ ပြည်သူလူထုကို ဖျော်ဖြေတင်ဆက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအခမ်းအနားမှာ ပြည်သူတွေက အလှူငွေတွေ ထည့်ဝင်လှူဒါန်းခဲ့ပြီး ရရှိလာတဲ့ အလှူငွေအားလုံးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ကျေးရွာပညာရေးအဖွဲ့ဆီ ပြန်လည်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

“အဲဒီနေ့က Express ကားသမားကို မောင်းမပေးရင် ပစ်သတ်မယ်‌ဆိုပြီး ခြိမ်းခြောက်တယ်။ အရပ်သားတွေကိုလည်း ကားပေါ်ကနေ အဆင်းမခံဘူး။ ဒီအတိုင်း တိုက်ပွဲဖြစ်တဲ့နေရာကို ချောဆွဲလာခဲ့တာပါ။ မျက်စိရှေ့တင် ဖြစ်သွားတဲ့ကိစ္စအပေါ် အလွန်ပဲ စိတ်ထိခိုက်ရပါတယ်”

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီက ခရီးသည်တင် Express ကားကို တိုက်ပွဲရှိရာ ခြိမ်းခြောက်မောင်းနှင်ခိုင်းခဲ့သလို စက်တပ်လေထီးတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတာဖြစ်တယ်လို့ Yadanarbon Revolutionary Force-YRF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အသက် ၂၀ ကစလို့ တော်လှန်ရေးတာဝန်များ ၄ နှစ်ကြာ ထမ်းဆောင်ပြီးနောက် တပ်စိတ်မှူး ရဲဘော် ပေါက်စ ကျဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်ပေါက်စရဲ့ စျာပနအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - PLF က ထုတ်ပြန်ထားပါတယ်။
Read More

စလင်းနှင့် ဆင်ဖြူကျွန်းတွင် စစ်တပ် လေကြောင်းဗုံးကြဲကာ စစ်ကြောင်းထိုးမှုကြောင့် အရပ်သား ထောင်နှင့်ချီ တိမ်းရှောင်နေရ

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း စလင်း၊ ဆင်ဖြူကျွန်းနဲ့ ပွင့်ဖြူမြို့နယ်တွေမှာ စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ တိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ် ရှေ့တန်းရောက် ဒဏ်ရာရရဲဘော်တွေဆီ သွားရောက်တွေ့ဆုံအားပေး

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဟာ ရှေ့တန်းတစ်နေရာမှာရှိတဲ့ ဒဏ်ရာရ ရဲဘော်တွေဆီ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး ဆေးခန်းအသုံးစရိတ်တွေ ထောက်ပံ့ခဲ့တယ်လို့  NUG က ထုတ်ပြန်ထားပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပြည်သူ ၁ ယောက် သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က ကမိုင်ကုန်းကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို)က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေကျင်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း (၄၀) နီးပါး ရေနစ်မြုပ်ခဲ့၊ လေပြင်းမုန်တိုင်းကြောင့် နေအိမ် (၁၁) လုံး ပျက်စီး

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၄၀ နီးပါး ရေနစ်မြုပ်ခဲ့ရပြီး ကျောင်းတွေ ယာယီပိတ်ထားရသလို လေပြင်းမုန်တိုင်းတိုက်ခိုက်မှုကြောင့် နေအိမ် (၁၁) လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။