မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ စစ်တပ်သတင်းပေးလုပ်နေသူ ၁ယောက်နဲ့ ပျူစောထီး ၁ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ၂၃ရက်၊ မနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်၊ ကံကြီးရွာနေ ပြည်သူ့စစ်အဖွဲ့ဝင် နေလင်းဦးဆိုသူနဲ့ စစ်တပ်သတင်းပေး ဒေါ်ပိုတို့ကို ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး ဝင်ရောက်ဖမ်းဆီးချိန် လက်မခံဘဲ ထွက်ပြေးတာကြောင့် ရှင်းလင်းလိုက်တယ်လို့သိရပါတယ်။

“အဲ့နေ့က သူတို့၂ယောက် တောင်ပေါ်ကို  ဝါးခုတ်၊ ထင်းခုတ်တဲ့သူတွေနဲ့ ရောပြီးပါလာတယ်ပေါ့။  အဲ့မှာ ကျနော်တို့နဲ့ တောလမ်းမှာ တွေ့တော့ ပထမဖမ်းဖို့ပဲ ကြိုးစားတာပါ။ အဲ့မှာ ‌ထွက်ပြေးသွားတဲ့အတွက် ပစ်ခတ် ရှင်းလင်းလိုက်ရတယ်ပေါ့” လို့ ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသူတွေထဲ ဒေါ်ပိုဆိုသူဟာ ပုသိမ်ကြီးမြို့နယ်၊ ထီးတော်မိုးရွာ အခြေစိုက် အမှတ် (၅) လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း လစရ ၅ နဲ့ ကံကြီးရွာထဲ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေဆီ PDF တပ်ဖွဲ့ဝင်တွေရဲ့ သတင်းတွေ ပေးပို့နေသူတစ်ယောက်ဖြစ်ပြီး နေလင်းဦးကလည်း ပျူစောထီးအမာခံဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတာလို့ ဆိုပါတယ်။

“အဲ့ ၂ယောက်က ဒေသခံ တိုင်ကြားချက်တွေလည်းရှိတယ်။ စစ်တပ် စစ်ကြောင်းထိုးတော့လည်း ပါပါတယ်။ ဒေါ်ပိုဆို စစ်တပ်နဲ့ အမြဲ ဆက်သွယ်နေတဲ့သူ။ သူ့သားတစ်ယောက်ကလည်း စစ်ဗိုလ်လို့ သိရတယ်။” လို့ ပုသိမ်ကြီးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ရက်နေ့ကလည်း ပုသိမ်ကြီးမြို့နယ်၊ မင်းကန်ကျေးရွာအုပ်စု၊ တောစုကျေးရွာမှာအရပ်သား ၇၀လောက်ကို ပြည်သူ့လုံခြုံရေး ခေါ် ပြည်သူ့စစ်ထဲဝင်ဖို့ လုံးပန်းနေတဲ့ ပျူစောထီး၂ယောက်နဲ့ ထုံးဘိုရွာနေ စစ်တပ်သတင်းပေး တစ်ယောက်ကို ပုသိမ်ကြီးပကဖက ရှင်းလင်းခဲ့ပါသေးတယ်။

ဒါ့အပြင် ပုသိမ်ကြီး မြောက်ပိုင်းကရွာ တွေမှာ တစ်ရွာကို ပျူ ၅ ယောက်ကနေ ၁၀ ယောက်ကြား စစ်သင်တန်းပေးထားတာတွေကြောင့် အခုလို ပျူတွေ ပေါများနေတာလို့ သိရပါတယ်။

“ပုသိမ်ကြီးမြောက်ပိုင်းရွာတွေမှာက  စစ်မှုထမ်းအတွက် လိုလိုလားလားကို စာရင်းပေးကြတယ်။ ပျူထဲလည်း ခြိမ်းခြောက်စရာမလိုဘဲနဲ့တောင် ဝင်ကြတဲ့ရွာတွေရှိတယ်။ မက်လုံးကြောင့်ရော စိတ်ဆန္ဒအရရော ပျူဖြစ်နေကြတာ” လို့ ပုသိမ်ကြီးမြို့နယ် ပကဖ တာဝန်ရှိသူက မောင်းကိုပြောခဲ့ပါတယ်။

ဓာတ်ပုံ – ပစ်ခတ်ရှင်းလင်းခံရတဲ့ ပျူစောထီး နေလင်းဦး

0 Shares:
You May Also Like
Read More

စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့် ဝါးရုံပင်အတွင်း ပုန်းခိုနေသည့် အရပ်သား ၁ဦး သေဆုံး ကမ္မ -ရေပြာလမ်းပိုင်းတစ်ဝိုက်ကိုလည်း Y12 လေယာဥ်ဖြင့် ဗုံးအလုံးရေ ၇၀ ကျော်ကြဲ

“လေထီးက လာတော့ သူက ကြောက်လန့်ပြီး ဝါးရုံပင်ကြားထဲသွားပုန်းတာ။ ဗုံးက သူ့အနောက်နားကျပြီး ဗုံးစက သူ့ကျောကိုပေါက်သွားတာပါ။ လေထီး ၂စီးနဲ့ ၃လုံးချတာ၊ အဲ့ ၁လုံးအပြင် နောက်အခြားဘက်ကျတဲ့ အလုံးတွေက မြင်းတွေရော ဆိတ်တွေရော သေတယ်လို့သိရတယ်။" လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မုံရွာမှ ထွက်ခွာလာသည့် စစ်ကော်မရှင်ရေယာဉ် (၁၅) စီးကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက် ၊ ထိခိုက်သေဆုံးသူများ ရှိနိုင်ဟု ဆို…

" ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်တယ် ၊ အတိအကျတော့ မသိရဘူး၊ စက်တပ်လေထီး‌နဲ့က မပစ်သွားဘူး၊ ဒီအတိုင်းပဲ ကာပေးသွားတာ၊ ရှေ့ထွက်မိုင်းတွေတောင် မဆွဲလိုက်ရဘူး၊ ဂန်းငယ်တွေနဲ့ပဲ ပစ်လိုက်ရတယ်၊ ရှေ့ထွက်မိုင်းဆွဲလိုက်ရင် မီးခိုးတွေ ထွက်သွားရင် အဆင်မပြေလို့ စက်တပ်လေထီးကလည်း တက်လာတာဆိုတော့လေ" လို့ ChindwinFighterGroup(CFG) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ခင်ဦးနယ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်နေတဲ့ စစ်အုပ်စုတွေ ကိုယ့်ဒရုန်းကိုယ်ပြန်ခေါ်ရင်း ဗုံးသီးပြုတ်ကျလို့ ၆ယောက်သေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ မူးမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေဆီ ဒရုန်းနဲ့ ဗုံးသီးချပြီး အရပ်သားတွေကို တိုက်ခိုက်နေတဲ့ စစ်အုပ်စုတွေပေါ် ဒရုန်းပြန်ပြုတ်ကျကာ စစ်သားနဲ့ ပျူ ၆ ယောက် သေတယ်လို့ ခင်ဦးမြို့နယ်၊ သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။
Read More

ရေဦးမြို့အဝင်က စစ်တပ်ဂိတ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ မြို့အဝင်ဂိတ်ကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရာ ထိခိုက်မှုသေဆုံးမူတွေရှိနိုင်ကြောင်း Wolf Guerrilla LDF Ye.U Air Force အဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်မဲလုံး က မောင်းကိုပြောပါတယ်။
Read More

မြန်မာနိုင်ငံတစ်ဝန်းမှာ ရေဘေးကြောင့် သေဆုံးရသူ ၃၆၀ ကျော်သွားပြီလို့ ကုလ ထုတ်ပြန်


စက်တင်ဘာလ အစောပိုင်းကာလကစတင်ကာ မြန်မာနိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုတွေကြောင့်  သေဆုံးရသူ ၃၆၀ ကျော်သွားပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းငလျင်အပြီး ဧပြီလအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၁၈ နှစ်အောက် ကလေး ၁၇ ဦးအပါ အရပ်သား ၅၅ ဦး သေဆုံး

တစ်နိုင်ငံလုံး တုန်လှုပ်ခဲ့ရတဲ့ စစ်ကိုင်းငလျင်အပြီး ဧပြီလအတွင်း နိုင်ငံတစ်ဝန်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၁၈ နှစ်အောက် ကလေးငယ် ၁၇ ယောက်အပါအဝင် အရပ်သား ၅၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။