မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ဝိုင်ကျေးရွာမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် လုပ်ဆောင်ပေးနေသူ ၂ ယောက် အသတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

သူတို့ ၂ယောက်ဟာ သန်းခေါင်စာရင်းကောက်ဖို့ လုပ်ပေးနေတာဖြစ်ပြီး ရှားတောက အရက်ဆိုင်မှာ အရက်သောက်နေချိန် ပခုက္ကူ ပကဖ က သေနတ်နဲ့ ဝင်ပစ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“သူတို့က စစ်တပ်ရဲ့ အမာခံလူတွေပေါ့။ နာမည်ထွက်နေတာကြာပြီ။ အခု အကြမ်းဖက်စစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ဖို့ လိုက်လုပ်နေကြတာ။ အားလုံးနာမည်ကြားနေရတာ ၃ယောက်။ ၁ယောက်က ငါးဖမ်းသွားတဲ့အချိန်မှာ လွတ်သွားပြီး ကျန်၂ယောက် အရှင်းခံရတာ” လို့ ဝင်ရောက်ရှင်းလင်းခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူက မောင်းကိုပြောပါတယ်

“အခုအသတ်ခံရတဲ့ အင်ဝိုင်ကျေးရွာမှာက အကြမ်းဖက်ထောက်တိုင်တွေရှိနေတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုမှန်သမျှကို အကြမ်းဖက်စစ်တပ်ကို သတင်းပို့လေ့ရှိတယ်။ အခု တော်လှန်ရေးတပ်ဖွဲ့က သေနတ်နဲ့ လာပစ်ခတ် ရှင်းလင်းခံရတဲ့ အောင်နေနဲ့ ဖိုးချဲ ဆိုသူတွေကလည်း အကြမ်းဖက်စစ်တပ်က ခိုင်းသမျှလုပ်နေသူတွေဖြစ်တယ်။ စစ်တပ်ရဲ့အမာခံတွေမို့ သတင်းအတိအကျ ထောက်လှမ်းပြီး ရှင်းလင်းသွားတာဖြစ်တယ်။” လို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

လက်ရှိ အင်ဝိုင်ကျေးရွာက ပျူစောထီးတွေ၊ သတင်းပေးလုပ်နေသူတွေဟာ ကျေးရွာအတွင်းမှာ စစ်မှုထမ်းကိစ္စ၊ သန်းခေါင်စာရင်းကိစ္စတွေနဲ့ ပတ်သက်ပြီး လိုက်လံစည်းရုံးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဦးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် စဥ့်ကူနယ်မြေ ရဲစခန်းကို PDF ၂ ရက်ဆက် တိုက်ခိုက်၊ စခန်းမှူးအပါ စစ်ကောင်စီဘက်မှ ၇ ဦးခန့် သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က စစ်ကြောင်းထိုးရွာမီးရှို့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ စဥ့်ကူးနယ်မြေ ရဲစခန်းတို့ကို ၂ ရက်ဆက် တိုက်ခိုက်မှုမှာ စခန်းမှူးအပါ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Bagan Bo Cho PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြိုင်မြို့နယ်၊ ကန်နီရွာက ပျူစောထီး ၃ ဦး မိသားစုနှင့်အတူ အလင်းဝင်လာ… ကန်နီရွာ ပျူခေါင်းဆောင်က မိန်းမပျိုများကို လက်နက်ဖြင့် ခြိမ်းခြောက်သားမယားပြုကျင့်နေဟု ဆို….

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာက ပျူစောထီး ၃ ယောက် မိသားစုနဲ့အတူ ထွက်ပြေးအလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် တပ်ရင်း ၁၅ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကရင်နီပြည်နယ် ရှေ့တန်းတစ်နေရာတွင် ကလလတ မှ တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံး…

ကရင်နီပြည်နယ် ရှေ့တန်းတစ်နေရာမှာ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က တော်လှန်ရဲဘော် ၂ ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ ကလလတ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစုတို့ ဘုံသဘောတူညီချက် ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) တို့ ဘုံသဘောတူညီချက်ကို ဒီနေ့မှာ ပူးတွဲ ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ဖြူ ဓည၀တီရေတပ်စခန်းကို AA စတင်တိုက်ခိုက်၊ စစ်တွေအနီးတွင်လည်း တိုက်ပွဲများပြင်းထန်နေ

တရုတ်စီမံကိန်းတွေ အများစုတည်ရှိရာ ကျောက်ဖြူက ဓည၀တီရေတပ်စခန်းကို အာရက္ခတပ်တော် AA က စတင်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ပြည်သူ​တွေရဲ့အ​ထောက်အပံ့နဲ့ သင်တန်းဆင်း ရဲ​ဘော်​တွေကို ယူနီဖောင်း ဆင်ပေးခဲ့…

တော်လှန်ပြည်သူ​တွေရဲ့ အ​ထောက်အပံ့နဲ့ စစ်သင်တန်းဆင်းမယ့် ရဲ​ဘော်​တွေကို ယူနီဖောင်းဝတ်စုံ ဆင်ပေးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။