တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းမှာ သန်းခေါင်စာရင်းကောက်ယူပေးမယ့် စစ်ကောင်စီထောက်တိုင်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team-DDT) က ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က ဦးစီးကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူပေးသူတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ DDT တပ်ဖွဲ့က က ထုတ်ပြန်ထားပါတယ်။

ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team-DDT) အနေနဲ့ ပြည်သူ့ဆန္ဒမပါဘဲ အကြမ်းဖက်စစ်ကောင်စီ ဦးစီးကျင်းပနေ​တဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်သွားမှာဖြစ်တဲ့အတွက် အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် စစ်ကောင်စီတပ် အလိုကျ သန်းခေါင်စာရင်း လိုက်လံကောက်ယူပေးမယ့် ထောင်တိုင်တွေကိုလည်း DDT တပ်အနေနဲ့ ပြည်သူ့ဆန္ဒအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကာကွယ်ရေးတပ်သားများ စစ်ဆေးရေးပြုလုပ်နေသည့်လမ်းပိုင်းတွင် ပစ်ခတ်မှုဖြစ်ပြီး အကြမ်းဖက်စစ်တပ် အရာရှိတစ်ဦးအပါ ၂ ဦး သေဆုံး

မကွေးတိုင်း နတ်မောက် - ပျော်ဘွယ်လမ်းဟောင်းပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်‌ဆေးရေးပြုလုပ်နေချိန် ပစ်ခတ်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်တပ် အရာရှိတစ်ယောက် အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ နတ်မောက်မြို့နယ် ပကဖ တာဝန်ခံဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ လွတ်ငြိမ်းအရ အင်းစိန်ထောင်မှ ၁၉၀ ကျော် လွတ်မြောက်

အတုအယောင် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ ပုဒ်မ ၅၀၅  (က) နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရသူတွေထဲက အကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၃၀၈၅ ယောက်ကို အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းခွင့်ပေးမယ်လို့ မနေ့က ကြေညာခဲ့အပြီး ဒီနေ့မှာ အင်းစိန်အကျဉ်းထောင်က အယောက် ၁၉၀ ကျော် လွတ်လာခဲ့တယ်လို့ သိရပါတယ်။
Read More

ဆီမီးခုံမြို့မှာ မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက် ပစ်ခတ်ရာ ၂ ယောက် သေပြီး သေနတ် ၃ လက် သိမ်းဆည်းရမိ…

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့က ကောင်းမြတ်အောင် လက်ဖက်ရည်ဆိုင်မှာ မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက်ပစ်ခတ်ရာ ရဲ ၂ ယောက် သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ MP-9 PDF က ထုတ်ပြန်ထားပါတယ်။
Read More

ကလေးဝမြို့နယ်မှာ စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း (၉၀၁)ထံ စစ်မှုထမ်းဆင်း စစ်သား ၂ ဦး သေနတ် ၁ လက်၊ ခဲယမ်းများနှင့် အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းအမှတ် (၉၀၁) ထံ စစ်မှုထမ်းအပတ်စဥ် ၂ သင်တန်းဆင်း စစ်သား ၂ ယောက် သေနတ် ၁ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူတွင် ပြည်သူများအား လက်နက်ပြ ခြိမ်းခြောက်နေသည့် ပျူစောထီးကို KTV မှာဖမ်းမိ

“သူက တပ်မ ၁၀၁ က ဗိုလ်ရဲ့ အခိုင်းအစေ ပျူစောထီးပါ လက်ကိုင်တုတ်လိုပေါ့။ လက်နက်ပေးထားတယ်။ KTV မှာ ကောင်တာ ထိုင်ရတော့ ရပ်ကွက်ထဲက ပြည်သူတွေကို လက်နက်ပြ ခြိမ်းခြောက်တယ်။ ဖမ်းတာတော့ သူ့တစ်ယောက်တည်းကို ဖမ်းတာပါ။ တခြား အပြစ်မရှိသူတွေကို မဖမ်းပါဘူး” လို့ Badassess Burma Force အဖွဲ့ရဲ့ သတင်းပြန်ကြားရေးက မောင်းကို ပြောပါတယ်။