ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် ကိုရင် (၂) ပါး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၄)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း စက်တင်ဘာလ (၁၉) ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၂၆၄ တပ်ရင်းက ၁၂၂ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ရာ ယောက်သွားကုန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာအတွင်း နေထိုင်တဲ့ ကိုရင်လေး (၂) ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၂၅) ရက် နေ့လည်ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၂၆၄ တပ်ရင်းက ကညင်ကြိုး ကျေးရွာအတွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် (၁) လုံး ထိမှန်ပျက်စီးခဲ့ပြီး တစ်ချိန်တည်းမှာပဲ စစ်ကောင်စီတပ်က ၁၂၂ မမ ဟောင်ဝစ်ဇာ (၁) လုံး ထပ်မံပစ်ခတ်ခဲ့ရာ သမင်အင်းကုန်းကျေးရွာနဲ့ ရွှဲတလဲ ကျေးရွာအကြား ကျရောက်ပေါက်ကွဲခဲ့တယ်လို့ KNU က ဆိုပါတယ်။

မူးမြို့နယ်အတွင်းမှာလည်း စက်တင်ဘာလ (၂၅) ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ခမရ−၅၉၉ တပ်ရင်းက ၈၁ မမ လက်နက်ကြီး (၇) လုံး ပစ်ခတ်ခဲ့ရာ စဝင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စဝင်းကျေးရွာနေ (၆၃) နှစ်အရွယ် အမျိုးသားနဲ့ (၁၈) နှစ်အရွယ် ယောကျ်ားလေးတို့ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရွှေကျင်မြို့နယ်အတွင်းမှာလည်း စက်တင်ဘာလ (၂၅) ရက် နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကောက်မယ်သူ ကျေးရွာအတွင်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် (၁) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ပျက်စီး ဒဏ်ရာရရှိမှုများ

0 Shares:
You May Also Like
Read More

သာယာဝတီခရိုင်အတွင်း ဆိုင်ကယ်နောက်မှာ အမျိုးသား လိုက်ပါစီးနင်းခွင့် စစ်ကောင်စီ ပိတ်ပင်ထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား၂ယောက် စီးနင်းတာနဲ့ အမျိုးသမီးတွေနောက် အမျိုးသားတွေလိုက်ပါ စီးနင်းတာမျိုးမလုပ်ဆောင်ကြဖို့ စစ်ကောင်စီ တားမြစ်လိုက်တာဟာ အရပ်သား​​​တွေ အခက်တွေ့အောင်လုပ်ဆောင်တာလို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တိုင်းပြည်တည်ငြိမ်ရေးကို ဦးစားပေး လုပ်ဆောင်နေသည်ဟု မင်းအောင်လှိုင် ပြော

တိုင်းပြည်တည်ငြိမ်ရေးကိုသာ ဦးစားပေးဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ABSDF အမှတ် ၃ စစ်ကြောင်းမှ ရဲဘော် ၃ ဦးကျဆုံးခဲ့…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) - ABSDF ရဲ့ အမှတ် ၃ စစ်ကြောင်းက ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တိုက်ပွဲ ပစ်ခတ်မှုများအတွင်း ဒေသခံ ၂ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ စစ်ကော်မရှင်တပ်နဲ့ KIA,KPDF တို့ရဲ့ နှစ်ဖက်ပစ်ခတ်တိုက်ပွဲအတွင်း ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

ပုသိမ်- မုံရွာလမ်းပိုင်းမှာ PDF တွေ လမ်းပိုင်းစစ်ဆေးရေး ပြုလုပ် (ဓာတ်ပုံသတင်း)

အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ၄ နာရီကျော်ကြာ လုံခြုံရေး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
Read More

ဇီးကုန်းနယ်တွင် ၃ နှစ်နီးပါး တပ်စွဲထားသည့် ပျူစခန်းတိုက်ခိုက်ခံရ၍ ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် မီးကောက်ပင်ကျေးရွာမှာ သုံးနှစ်နီးပါးအ ထိုင်ချတပ်စွဲထားတဲ့ ပျူစခန်းကိုသွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၁တပ်ခွဲ ၁ တပ်ခွဲမှူးဆီက သိရ ပါတယ်။