ရန်ကုန်အခြေစိုက် တော်လှန်သော လူထုသပိတ် အစုအဖွဲ့များက စစ်ကောင်စီရဲ့ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုကို ဆန့်ကျင်ကြဖို့ တိုက်တွန်းချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဘေး ရေဘေး ကြုံရချိန်မှာ အာဏာတည်မြဲဖို့အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေး ကြိုးပမ်းနေတဲ့ စစ်ကောင်စီကို ဆန့်ကျင်ကြဖို့ စက်တင်ဘာ ၂၆ ရက်မှာ တိုက်တွန်းချက် ထုတ်ပြန်လိုက်တာပါ။

“စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းမှုကို ပြည်သူလူထုတရပ်လုံးအနေဖြင့် မိမိတို့ တော်လှန်ရေး အင်အားစုများနှင့် အတူတကွ ရနိုင်သမျှ နည်းလမ်းမျိုးစုံသုံး၍ ဆန့်ကျင်ကြရန် လိုအပ်သည်” လို့ ရန်ကုန်သပိတ်အင်အားစုတွေရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့ သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဉ်တွေ ပျက်ပြားစေဖို့ ဆောင်ရွက်ခြင်း၊ စာရင်းကောက်ယူရာမှာ ပါဝင်သူတွေကို ဖိအားပေးခြင်း၊ ဖယ်ကျဥ်ခြင်း၊ လူမှုရေးပြစ်ဒဏ်ခတ်ခြင်း၊ သန်းခေါင်စာရင်းကောက်ယူမှုကို မပူးပေါင်းခြင်း၊ မဖြေဆိုခြင်း၊ မလွှဲရှောင်သာ၍ ဖြေဆိုရရင် အချက်အလက်တွေ လွဲမှားဖြေဆိုခြင်း ၊ပြည်သူလူထုအချင်းချင်းနဲ့ တော်လှန်ရေးရဲဘော်တွေကို လိုအပ်သလို အကာအကွယ်ပေးခြင်း စတာတွေကို လုပ်ဆောင်ကြဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

စစ်ကောင်စီက လာမယ့် အောက်တိုဘာ ၁ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူဖို့ပြင်ဆင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူများအပေါ် အနိုင်ကျင့်နေသည့် ပျူစောထီးခေါင်းဆောင်ကို MBT အဖွဲ့ ဖမ်းဆီး

“အဓိကကတော့ မြို့ပေါ်မှာ တခြားစစ်ဆင်ရေးလုပ်ဖို့အတွက် အသွင်ယူပြီးသွားတဲ့အချိန်မှာ သူနဲ့ တွေ့တာပေါ့နော်။ သူ့ကိုတွေ့တဲ့ အချိန်မှာ ဖမ်းဆီးလာတယ်။ သွားလုပ်တဲ့ မစ်ရှင်ကို ဖျက်ခဲ့လိုက်တယ်ပေါ့နော်။ သူ့ကိုပဲ အဓိက ဖမ်းဆီးလာခဲ့လိုက်တယ်။ ပျူခေါင်းဆောင်ဆိုတော့လေ။ သူနဲ့ကလည်း ရုန်းရင်းဆန်ခတ်တော့ မဖြစ်လိုက်ဘူး…. တသာတကြည်ပဲ လိုက်လာတာပေါ့နော်။ အဲ့လို အနေအထားပါ” လို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

စလင်းတွင် စစ်ကောင်စီ ဂျက်ဖိုက်တာတိုက်ခိုက်မှုကြောင့် ဦးပဉ္စင်းကြီး ၁ပါး ပျံလွန်တော်မူ၊ စစ်တပ်က စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် အရပ်သား ၄ ဦးကိုလည်း ညှင်းပန်းသတ်ဖြတ်ခဲ့

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာပေါ်ကနေ ပစ်ခတ်မှုကြောင့် သက်တော် ၇၆ နှစ်အရွယ် ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူကာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့အတွင်း ဒီဇင်ဘာလ အားကစားပြိုင်ပွဲ ကျင်းပ…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) - YPDF ရဲ့ ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က မွန်းလွဲပိုင်းက တပ်ဖွဲ့ ဗဟိုဌာနချုပ် အားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ YPDF က ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေး Golden City အဆောက်အဦး ဖြိုချရှင်းလင်းရေးလုပ်ဆောင်နေစဉ် ပြိုကျခဲ့

မန္တလေးက Golden City အဆောက်အဦး ရှင်းလင်းရေးလုပ်ဆောင်နေချိန် ပြိုကျခဲ့ပေမယ့် ထိခိုက် ဒဏ်ရာရသူတစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ မန္တလေးစည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
Read More

လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောင်မှုတွေကို ကန့်ကွက်ခဲ့တာကြောင့် လျှပ်စီမီး မလုံလောက်ခြင်းလို့ မင်းအောင်လှိုင်က ဆို 

ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ကန့်ကွက်ခံရမှုကြောင့် လက်ရှိအချိန်မှာ လျှပ်စစ်မီး ရရှိဖို့ အခက်အခဲကြုံနေရတာဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

လားရှိုးမြို့ကို စစ်ကောင်စီက တစ်နာရီအတွင်း ၅ကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီက ဒီနေ့တစ်ရက်တည်းမှာ လေကြောင်းကနေ ၅ ကြိမ်အထိ ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။