ONE Friday Fights – 81 ၏ကစ်ဘောင်ဆင် ဖလိုင်းဝိတ်တန်းပွဲစဥ်တွင် ဂျပန်ကစားသမား တာခဲရူကမြန်မာ့လက်ဝှေ့ကျော် သန့်ဇင်ကို ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

သန့်ဇင်ဟာ ONE လက်အောက်တွင် သုံးပွဲထိုးသတ်ရာ ယခင် နှစ်ပွဲ အနိုင်ရခဲ့ပြီး ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်ပါတယ်။

ဂျပန်ကစ်ဘောက်ဆစ်ချန်ပီယံ တာခဲရုဟာ ဂျပန်နိုင်ငံရဲ့ထင်ရှားကျော်ကြားတဲ့ ဖိုက်တာစ်ဦးဖြစ်သလို မွေ့ထိုင်း ချန်ပီယံ စူပါလက်ခ်ကို အခက်တွေ့အောင် ထိုးနှက်နိုင်ခဲ့သူဖြစ်တာကြောင့် သန့်ဇင်ကိုမြန်မာပရိတ်သတ်အများစုက အခုပွဲစဉ်ကိုစောင့်ကြည့်အားပေးခဲ့ကြတာပါ။

ဒီကနေ့ပွဲစဉ်ရလဒ်ကြောင့် သန့်ဇင်ဟာ ONE Championship မှာ ၃ ပွဲထိုး ၂ ပွဲနိုင် ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျွန်းလှအနောက်ခြမ်းတွင် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ် လေကြောင်း အဆက်မပြတ် အသုံးပြုနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း စစ်တပ်လော်ဘီတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဝမ်းတွင်းမြို့အနီး ရစ်ချက်တာစကေး ၅.၉ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၅.၉ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။
Read More

မော်လမြိုင်၊ ဈေးကြိုပွဲရုံကနေ ကုန်ကား ၂ စီးစာ ကုန်ပစ္စည်းတွေ စစ်ကောင်စီ သိမ်းဆည်းသွား

မွန်ပြည်နယ်၊ မောင်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်က ရတနာထွန်းပွဲရုံကို စစ်ကောင်စီက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ကုန်ကား ၂ စီးစာ ပမာဏရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပဲခူးတိုင်းထဲက ငလျင်ဒဏ်သင့် ဒေသများမှာ PDF များ ကူညီကယ်ဆယ်ရေး လုပ်ဆောင်

ပဲခူးတိုင်းအတွင်း ငလျင်ဒဏ်သင့် ကျေးရွာတွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ရွာငံ-အောင်ပန်း လမ်းပိုင်းမှာ စစ်ကောင်စီ ဗိုလ်ကြီး ၁ ဦးကို အသေပစ်ခတ်ဖမ်းမိ၊ ပစ္စတို ၁ လက်နှင့် စာရွက်စာတမ်းများ သိမ်းဆည်းရရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရွာငံ-အောင်ပန်း မိုင်းလမ်းမှာ ဓနုပြည်နယ်အမျိုးသားကာကွယ်‌ရေးတပ်တော် (DSNDA) က စစ်ဆေးရေးလုပ်ဆောင်နေချိန် စစ်ကောင်စီ ဗိုလ်ကြီး ၁ ယောက်ကို အသေပစ်ခတ်ဖမ်းဆီးရမိပြီး ပစ္စတို ၁ လက်နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ DSNDA က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းတပ်သား ၃ ဦး KNLA ထံ အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်တပ်က စစ်မှုထမ်းတပ်သား ၃ယောက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ တပ်ရင်း (၉) ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။