ကရင်အမျိုးသားအစည်အရုံး – KNU ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူကို ပစ်မှတ်ထားပြီး ပြည်သူလူထု နေထိုင်ရာကျေးရွာတွေအတွင်း ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ် (၂)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း စက်တင်ဘာ (၂၅) ရက် နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းက ရေတွင်းကုန်းကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် (၂)လုံး ထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာ (၂၆) ရက် မနက်ပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းက ၁၂၂ မမ (၂)လုံး ပစ်ခတ်ခဲ့ရာ ခင်ကန့်လန့် ကျေးရွာအတွင်း ကျရောက်ရောက်ပေါက်ကွဲခဲ့ပြီး အဲ့ဒီနေ့ နေ့လည်ပိုင်းနဲ ညနေပိုင်းတွေမှာလည်း အဲ့ဒီစစ်ကောင်စီတပ်ရင်းက (၁၂၀) မမ လက်နက်ကြီး (၆)လုံး ထပ်မံပစ်ခတ်ခဲ့ရာ ချုံအင်းကျေးရွာနဲ့ ‌ဂွေးကုန်းကျေးရွာတို့ အနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖာပွန် ခရိုင် ပ.က.ဖ UAV ဌာနက တပ်တွင်း ဒရုန်း ဆင့်ပွားသင်တန်း ပို့ချနေ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဖာပွန်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဖာပွန် ပ က ဖ ၊ UAV Department , Research & Development Team သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်းကော်မတီရဲ့ လမ်းညွှန်ကြီးကြပ်မှုတို့နဲ့ တိုးချဲ့ဖွဲ့စည်းထားတဲ့ UAV ဌာနက ရဲဘော်တွေကို ဒရုန်းသင်တန်း အပတ်စဥ် ၁ အဖြစ် ဆင့်ပွားသင်တန်း ပြန်လည်ပို့ချခဲ့တယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာ ဆေးပေးခန်းကို စစ်ကောင်စီတပ် လေကြောင်းကနေ တိုက်ခိုက်၊ ကလေးငယ် ၄ ဦးအပါ ၁၀ ဦးသေဆုံး

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ၊ နှမ်းခါးကျေးရွာရှိ ဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ရာ ကလေးငယ် ၄ ယောက်အပါအဝင် အရပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ငါးသရောက်က စစ်​ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို ​တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်း

မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ်မှာ ငါးသရောက်မြို့က စစ်ကောင်စီရဲ့ လျှပ်စစ်ရုံး၊ ဆောက်လုပ်ရေးရုံးနဲ့ ပြန်/ဆက်ရုံးတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း Popa Guerrilla Force (PGF) ဒုတာဝန်ခံ ကိုဗျတ္တက မောင်းကိုပြောပါတယ်။
Read More

ငလျင်ကြောင့် မဟာမြတ်မုနိဘုရား အဆောက်အအုံ အပါအဝင် သမိုင်းဝင် မယ်နုအုတ်ကျောင်း၊ ရွှေစာရံစေတီတို့လည်း ပြိုကျပျက်စီးခဲ့

မတ်လ ၂၈ရက် ဒီနေ့ နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မန္တလေးနဲ့ စစ်ကိုင်းအတွင်းမှာ မန္တလေး မဟာမြတ်မုနိဘုရားကြီးရှိရာ အဆောက်အအုံ အပါအဝင် သမိုင်းဝင် အင်းဝမယ်နုအုတ်ကျောင်း၊ ပုထိုးတော်ကြီးနဲ့ ရွှေစာရံစေတီတော်တို့ ပြိုကျပျက်စီးခဲ့ကြောင်း သိရပါတယ်။
Read More

KNDF အမှတ် (၅) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေနဲ့ ပေးဆပ်ခဲ့ရမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) - အမှတ် (၅) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေနဲ့ ပေးဆပ်ခဲ့ရမှု ပုံရိပ်တချို့ကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်အံတုကာ အာဏာရှင်အမြစ်ဖြတ်ရေး လက်နက်စွဲကိုင် တော်လှန်နေကြတဲ့ နွေဦးတော်လှန်ရေးခရီး ၅ နှစ်တာကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ကာ ရဲဘော်တွေ ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ တော်လှန်ပြည်သူတွေရဲ့ ကူညီထောက်ပံ့ပေးမှုတွေ လိုအပ်နေပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်အံတုကာ အာဏာရှင်အမြစ်ဖြတ်ရေး လက်နက်စွဲကိုင် တော်လှန်နေကြတဲ့ နွေဦးတော်လှန်ရေးခရီး ၅ နှစ်တာကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ကာ ရဲဘော်တွေ ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ တော်လှန်ပြည်သူတွေရဲ့ ကူညီထောက်ပံ့ပေးမှုတွေ လိုအပ်နေပါတယ်။ နွေဦးတော်လှန်ရေးရဲဘော်တွေအတွက် ကျည်ကာဦးထုပ်၊ ကျည်ကာပြား စတဲ့ စစ်သုံးပစ္စည်းတွေ လိုအပ်ချက်ရှိသလို အဓိက လိုအပ်နေတဲ့ ဆေးဝါး၊ စားနပ်ရိက္ခာ၊ ယူနီဖောင်း၊ အဝတ်အထည် စတာတွေအတွက် ထောက်ပို့ကမ်ပိန်းတွေ အသီးသီး လုပ်ဆောင်နေကြရာ အဆိုပါ ကမ်ပိန်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။