ရှမ်းမြောက်ဒေသကို ထိန်းချုပ်ထားတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ဟာ အမေရိကန်ဆီကနေ ငွေကြေးအကူအညီတွေ ရရှိနေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြောကြားလိုက်ပါတယ်။

NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေက နှစ်စဉ်ဒေါ်လာ သန်း ၂၀၀ နီးပါးလောက် ထောက်ပံ့ရရှိနေတာဖြစ်တယ်လို့ မြန်မာလူထုရဲ့ မိတ်ဆွေစစ် တရုတ်နိုင်ငံဆိုတဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီက စွပ်စွဲပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။

အထူးသဖြင့် အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့  အင်အားကြီးပြိုင်ဘက်တွေ ဖြစ်တာကြောင့် နောက်ကွယ်ကနေ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို မလိုလားတဲ့အတွက် အခုလို ထောက်ပံ့နေတာလို့  စစ်ကောင်စီက ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ တရုတ်အကျိုးစီးပွားများစွာရှိတာကြောင့် တရုတ်ကိုထိန်းချုပ်ဖို့ အမေရိကန်က မြန်မာပြည်တွင်းရေးကို ပါနေတာလို့လည်း စစ်ကောင်စီက ပြောပါတယ်။

တရုတ်က မြန်မာကို အိမ်နီးချင်းကောင်းပီသစွာ အမြဲရပ်တည်ပေးနေပြီး ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ကိုဖိအားပေးကာ နယ်စပ်ဂိတ်တွေကို ပိတ်ဆို့ခြင်းအပါအဝင် အရေးယူမှုတွေတိုးမြှင့်ထားတယ်လို့ ဆိုပါတယ်။

ရှမ်းမြောက်ဒေသကို ထိန်းချုပ်ထားတဲ့ MNDAA ကတော့ လက်ရှိ ထိုးစစ်တွေကို ရပ်နားထားပြီး ငြိမ်းချမ်းရေးအရ ဆွေးနွေးပြောဆိုမှုတွေမှာ တရုတ်နိုင်ငံက ပါဝင်ပေးဖို့ မေတ္တာရပ်ခံတောင်းဆိုထားပါသေးတယ်။

လက်ရှိမြန်မာ့အရေးမှာ စစ်ကောင်စီကို တရုတ်က အားပေးကူညီမှုတွေ ပြုလုပ်နေပြီး သန်းခေါင်စာရင်းကောက်ယူမှုနဲ့ ရွေးကောက်ပွဲအတွက် အားပေးကူညီမှုတွေ ပြုလုပ်ပေးမယ်လို့လည်း တရားဝင် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

အမေရိကန်နိုင်ငံကတော့ မြန်မာ့အရေးမှာ ရွေးကောကခံအစိုးရကို ပြန်လည်အာဏာအပ်နှင်းဖို့နဲ့ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ပြောထားသလို စစ်ကောင်စီကို စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေလည်း ပြုလုပ်ထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ် မြန်မာ့နိုင်ငံရေးမှ ထွက်ရေးဆိုတဲ့ တောင်းဆိုမှုမျိုးဟာ မဖြစ်နိုင်ဘူးဟု ဒုဗိုလ်ချုပ်ကြီး ရာပြည့် ပြော

စစ်တပ်အနေနဲ့ မြန်မာ့နိုင်ငံရေးက ထွက်ရေးဆိုတဲ့ တောင်းဆိုမှုမျိုးတွေဟာ မဖြစ်နိုင်ဘူးလို့ အာဏာသိမ်းစစ်တပ်ရဲ့ အမည်ခံ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ပါဝင်ဦးဆောင်နေတဲ့ (NSPNC) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားလိုက်ပါတယ်။
Read More

ပအိုဝ်းတိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုနှင့် ရဲစွမ်းသတ္တိများက ဖက်ဒရယ်နိုင်ငံတည်ဆောင်ရန် အထောက်အပံ့အင်အား ဖြစ်ကြောင်း CRPH သဝဏ်လွှာ ပေးပို့ 

ပအိုဝ်းတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ရဲစွမ်းသတ္တိတွေဟာ မြန်မာနိုင်ငံရဲ့  ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ အရေးပါတဲ့ အထောက်အပံ့အင်အား ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ကျရောက်တဲ့ (၇၆) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

ချောက်မှာ အကြမ်းဖက်စစ်တပ်က မြေပြင်ဝေဟင် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလို့ အရပ်သား ၂သောင်းကျော် ထွက်ပြေးနေရ၊ တိုက်ပွဲအတွင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတ ကျဆုံးခဲ့

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အင်အားအလုံးအရင်းသုံးကာ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ၃ ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဆီးရီးယားလိုပဲ မြန်မာပြည်သူတွေ အောင်ပွဲခံနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း NUG ယာယီသမ္မတ ပြော၊ “လူထုအသက်နဲ့ ရင်းထားတဲ့ တော်လှန်ရေးခရီးမှာ ရေသာခိုလို့ မရဘူး” ဟု ဆို

ဆီးရီးယားနိုင်ငံမှာ အာဏာရှင်သမ္မတ ဘာရှားအာဆတ် ပြုတ်ကျသွားပြီး တော်လှန်ရေးအင်အားစုတွေ အောင်ပွဲခံခဲ့သလို မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးမှာလည်း အာဏာရှင် စစ်ကောင်စီကို ပြည်သူတွေ ဖြုတ်ချနိုင်မယ်လို့ ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ၃၀/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။​
Read More

MNDAA ကိုအတင်းအကျပ် ဖိအားပေးစစ်ပွဲရပ်ခိုင်းပြီး လားရှိုးမြို့ကနေ ပြန်ဆုတ်ခိုင်းတဲ့ တရုတ်က မြန်မာနိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မှု မရှိနေဟုဆို

MNDAA ကိုအတင်းအကျပ် ဖိအားပေးစစ်ပွဲရပ်ခိုင်းပြီး လားရှိုးမြို့ကနေ ပြန်ဆုတ်ခိုင်းတဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ ခိုင်မြဲရေးတို့အတွက် အားပေးထောက်ခံနေပြီး ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်တဲ့မူကို ကျင့်သုံးနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဂျင်းက ပြောပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ စစ်ဆင်ရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ စစ်ဆင်ရေးဆိုင်ရာ အစည်းအဝေးကို ပြီးခဲ့တဲ့ ဩဂုတ်လ (၂၆) ရက်က လွတ်မြောက်ဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။