စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီရွာကို စစ်ကောင်စီတပ်သားတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကတဆင့် သိရပါတယ်။ 

ဒီကနေ့ စက်တင်ဘာ ၂၆ ရက်နေ့၊ နေ့လယ်ပိုင်းမှာ အင်အား ၁၀၀ ခန့်နဲ့ ရေဦးမြို့ အနောက်ခြမ်းကနေ ထွက်ခွါလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မုတ်စီရွာကို ပစ်ခတ်ဝင်ရောက်လာပြီး ရွာလယ်ပိုင်းလောက်ကနေ စတင် မီးရှို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

“လက်ရှိ ရေဦး ဂါဝီပန်းခြံဘက်မှာ စစ်ခွေးတွေက ကား၃စီးနဲ့ ခြေရှုပ်နေကြတယ်။ မုတ်စီရွာကို အကြောင်းမဲ့သက်သက် ဘာတိုက်ပွဲမှမဖြစ်ရဘဲ နေအိမ်တွေကို မီးလာရှို့တာပါပဲ။ ရိက္ခာရှာဖို့ ပေါ်တာဆွဲဖို့ သီးသန့်ထွက်လာရင်း မီးရှို့တယ်လို့ ခန့်မှန်းရပါတယ်။ မုတ်စီကို မီးရှို့ခဲ့တဲ့ စခတွေကတော့ ရေဦးထဲ ပြန်ဝင်သွားပါပြီ။ နေအိမ်တစ်လုံးပါသွားပါတယ်။“ လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။ 

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုကြောင့် မုတ်စီရွာ၊ ငြုတ္တုံရွာ၊ ပြည်တော်ရွာ၊ မူးဆုံရွာ စတဲ့ ရွာတွေဘက်က ပြည်သူ တစ်ထောင်ဝန်းကျင်ဟာ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ 

မုတ်စီရွာဟာ ရေဦးမြို့နယ်၊ အနောက်ခြမ်းမှာတည်ရှိပြီး ရေဦးမြို့နဲ့ ၃မိုင်သာ ကွာဝေးတဲ့ကျေးရွာ ဖြစ်ပါတယ်။ 

ဓာတ်ပုံ (ဒေသခံပေးပို့)

0 Shares:
You May Also Like
Read More

ထီးလင်းမြို့နယ်တွင် ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များအတွက်ပါ အသိပညာများစွာ ရစေခဲ့သည့် အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်း ပြုလုပ်ခဲ့

မကွေးတိုင်း၊ ထီးလင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ ပြုလုပ်ခဲ့ပြီး ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေအတွက် အသိပညာများစွာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

CDF CDM Siyin က စိုးမိုးနယ်မြေအတွင်းက ဘိန်းခင်းတွေကို လိုက်လံ ဖျက်ဆီး (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

TNLA နှင့် MNDAA အပါ တော်လှန်ရေးအင်အားစုများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများဟာ ရှမ်းပြည်သူတစ်ရပ်လုံးကို ကိုယ်စားမပြုကြောင်း သျှမ်းလူငယ်ကွန်ဂရက် (DYC) ပြော

ရှမ်းပြည်နယ်ထဲက မြို့တွေမှာ TNLA၊ MNDAA အပါအဝင် တော်လှန်ရေးအင်အားစုတွေကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့လုပ်ရပ်ဟာ ရှမ်းပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒ မပါဝင်ဘဲ လူမျိုးစုအချင်းချင်းကြား ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်တယ်လို့ သျှမ်းလူငယ်ကွန်ဂရက် Dai Youth Congress (DYC) တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

တောင်ငူနှင့် တောင်ငူ-လိပ်သိုလမ်းပိုင်းအတွင်း လုပ်ဆောင်ခဲ့သည့် ကမ်းနီကြားဒေသအဖွဲ့၏ စစ်ရေးဖော်ဆောင်မှုများတွင် စစ်အုပ်စု ၄ ဦးထက်မနည်း သေဆုံးခဲ့

ပဲခူးနဲ့ကရင်အစပ်ရှိ တောင်ငူ-လိပ်သိုလမ်းပိုင်းနဲ့ စစ် တောင်းမြစ်အရှေ့ကမ်း ပဒဲကျေးရွာမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေထဲ အကြမ်းဖက်စစ်တပ်ဘက်က ၄ယောက်ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စတီရီယိုခေတ်ဦးမှာ ကျော်ကြားထင်ရှားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်

နွေ၊ မြခွာညို၊ ဒီဇင်ဘာနံနက်ခင်း၊ စတဲ့ တေးသီချင်းတွေနဲ့အတူ စတီရီယိုခေတ်ဦးမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ဟာ စက်တင်ဘာ ၂၅ ရက် ဒီနေ့မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေနဲ့ ညီဖြစ်သူ တေးသံရှင် တူးတူးတို့က အသိပေးထားပါတယ်။
Read More

ပေါက်တွင် အသေခံဒရုန်းများအသုံးပြုပြီး စစ်ကြောင်းထိုးနေသည့်စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲဖြစ်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းမှာ အသေခံဒရုန်းတွေအသုံးပြုပြီးစစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုများ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း မြိုင်ပကဖ ထံက သိရပါတယ်။ ဒီဇင်ဘာလ ၉ရက်နေ့ကစလို့ ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ရင်း တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေရှိနေတာပါ။