ကရင်ပြည်နယ်၊ ဖားအံခရိုင် ၊ ဒုံရင်းမြို့နယ်၊ ဒူရိန်ကျေးရွာမှာ စက်တင်ဘာလ ၁၉ ရက်ကနေ ၂၃ ရက် အထိ KNU ရဲ့ ဒုံရင်းမြို့နယ်အမြဲတမ်းကော်မတီဝင် အလုပ်ရုံံဆွေးနွေးပွဲကို (၅)ရက်တာကျင်းပပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။

ဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်တို့  တက်ရောက်ခဲ့ပြီး

(၁) ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံးရဲ့ အခြေခံလမ်းစဥ်လုပ်ငန်းစဥ် 

(၂) ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး ဖွဲ့စည်းပုံအခြေခံဥပဒေ

(၃)ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ နည်းဥပဒေတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပို့ချဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို စုစုပေါင်း ( ၇၄) ယောက် ပါဝင်တက်ရောက်ခဲ့ပြီး ဒုံရင်းမြို့နယ်အမြဲတမ်းကော်မတီဝင်တွေ၊ ဖားအံခရိုင်က ဌာနဆိုင်ရာခေါင်းဆောင်တွေ၊ ကရင်လူငယ်အစည်းအရုံး (KYO) နဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) အပါအဝင် အုပ်ချုပ်ရေးမှူး၊ ကျေးရွာ(သူကြီး) တို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံမှာ စက်ရုံမှ လုပ်ခလစာ မရသည့် မြန်မာလုပ်သား ၁၅ ယောက်ကို လုပ်ခလစာ ရရှိအောင် NUG အလုပ်သမားဝန်ကြီးဌာန ကူညီဆောင်ရွက်ပေးခဲ့..

ထိုင်းနိုင်ငံ၊ စမူဆာခွန်းမြို့နယ်ရှိ စွန့်ပစ်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံမှာ လုပ်ခလစာ မရရှိတဲ့ မြန်မာအလုပ်သမား ၁၅ ယောက်ကို လုပ်ခလစာရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ တိုင်ကြားရေးယန္တရားက မနေ့က ထုတ်ပြန်ပါတယ်။
Read More

NUG ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သည့် အစိုးရအဖွဲ့ တာဝန်ရှိသူများ ထိန်းချုပ်နယ်မြေများရှိ ဒေသခံများ၊ တော်လှန်ရေးရဲဘော်များနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်တဲ့ NUG အစိုးရ တာဝန်ရှိသူတွေဟာ NUG ထိန်းချုပ်နယ်မြေတွေဆီ သွားရောက်ပြီး ဒေသခံ ပြည်သူလူထုအပါအဝင် တော်လှန်ရေးရဲဘော်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NUG သမ္မတရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အင်းစိန်ထောင်က နိုင်ကျဉ်းတွေအပါ အကျဥ်းသား ၅၀၀ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရ

အင်းစိန်ထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ မတရားအကျဉ်းချခံထားရသူတွေ အပါအဝင် ပြစ်မှုအမျိုးမျိုးနဲ့ ကျခံနေရတဲ့ အကျဉ်းသား အယောက် ၅၀၀ ကို နိုဝင်ဘာ ၃၀ ရက်နေ့က သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။
Read More

တရုတ်ကောင်စစ်ဝန်ရုံးချုပ် တိုက်ခိုက်ခံရမှုကို NUG က ကန့်ကွက်ရှုံ့ချ

မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံခဲ့ရမှုဖြစ်စဉ်ကို ကန့်ကွက်ရှုံ့ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ  NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ ဦး အပါအဝင် မိသားစုဝင် ၁၉၈ ဦးကို AA ထပ်မံလွှတ်ပေး

ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲက ဒုတိယရဲမှူးကြီး ၁ ယောက်အပါအဝင် စစ်သုံ့ပန်း မိသားစုဝင် ၁၉၈ ယောက်ကို ထပ်မံလွှတ်ပေးခဲ့တယ်လို့ AA ရဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
Read More

စတီရီယိုခေတ်ဦးမှာ ကျော်ကြားထင်ရှားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်

နွေ၊ မြခွာညို၊ ဒီဇင်ဘာနံနက်ခင်း၊ စတဲ့ တေးသီချင်းတွေနဲ့အတူ စတီရီယိုခေတ်ဦးမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ဟာ စက်တင်ဘာ ၂၅ ရက် ဒီနေ့မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေနဲ့ ညီဖြစ်သူ တေးသံရှင် တူးတူးတို့က အသိပေးထားပါတယ်။