ဧရာဝတီတိုင်း ဖျာပုံအခြေစိုက်တဲ့ ခလရ ၉၈ တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီးနောက် မော်လမြိုင်ကျွန်းမြို့နယ် အခြေစိုက်တဲ့ ခလရ ၅၃၆ ရခိုင်ပြည်နယ်သို့ ထပ်မံ အပို့ခံရကြောင်း အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ် စစ်ဆင်ရေးအဖြစ် အပို့ခံထားရတဲ့ ခလရ ၉၈ တပ်က တပ်ရင်းမှူး နိုင်လင်း ခြေထောက်ဖြတ်လိုက်ရပြီး စစ်ကြောင်း၂ ၊ စစ်ကြောင်းမှုး DSA အပတ်စဥ် ၆၀ က 2IC ဗိုလ်မှူး နိုင်သူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ တခြားအရာရှိစစ်သည်တွေ ပျောက်ဆုံးနေပြီး တပ်ဖွဲ့စည်းပုံပျက်သွားလို့ မော်လမြိုင်ကျွန်း အခြေစိုက်တပ်ရင်းဖြစ်တဲ့ ခလရ ၅၃၆ ကို ထပ်မံ ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“အခု ရခိုင်အပို့ခံရတဲ့ မော်လမြိုင်ကျွန်းတပ် ခလရ ၅၃၆ တပ်ရင်းက DSA အပတ်စဥ် ၅၄က စစ်ကြောင်းမှူး သူရိန်စိုး ဦးစီးပြီး ပို့လိုက်တာ။ သူတို့လည်းတက်သာတက်သွားတာ.. ဖွဲ့စည်းပုံသိပ်မရှိဘူး။ အရာရှိသိပ်မပါဘူး။ သင်တန်းသွားတာနဲ့ နောက်တန်းမှာ ချန်ထားခဲ့ရတာနဲ့ဆိုတော့ ဗိုလ်ကြီး ကြည်စိုးထွန်းက သင်တန်းတတ်နေရတယ်။ ဗိုလ်ကြီး ရန်မျိုးအောင်က တပ်ရေးဗိုလ်အဆင့်နဲ့ကျန်နေခဲ့ရတယ်။ လက်ရှိ နောက်တန်းမှာဆို အရာရှိ၂ယောက်ပဲ ကျန်နေခဲ့ရတယ်။ တစ်ယောက်က တပ်ထောက်ကိုင်ထားတဲ့ ဗိုလ်နိုင်လင်းထွန်းနဲ့ စစ်သား ၁၀ယောက်တောင်မရှိဘူး” လို့  စစ်တပ်မိသားစုဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။

“ရခိုင်က ပြန်လာတဲ့ ဖျာပုံအခြေစိုက် ခလရ ၉၈ ဆိုရင် အတော်လေးဖွဲ့စည်းပုံပျက်သွားတာ။ ရခိုင်မှာသေဆုံးသွားတဲ့ စစ်ကြောင်း၂ စစ်ကြောင်းမှူး နိုင်သူဆိုရင် တပ်ကထွက်ဖို့ ပြင်နေတာ။ ဆေးအဆင့်ချပြီး တပ်ကထွက်ဖို့ လုပ်နေတုန်း ရခိုင်အပို့ခံလိုက်ရတာ။ သူ့အမျိုးသမီးကလည်း စစ်သမီးပဲ။ ဗိုလ်မှူးအဆင့်ပဲ ။ သူ့ယောက်က်ျားသေလို့ ကျန်ခဲ့တဲ့ပစ္စည်းတွေ ဖျာပုံတပ်ကနေ လာပြန်သိမ်းယူသွားတာ။ နောက် DSA အပတ်စဥ် ၆၁ က ဇင်မျိုးအောင်ဆိုတဲ့ အရာရှိလည်း ၉၈ ဖျာပုံတပ်ကနေ အခြားတပ်ကို ပြောင်းရွှေ့သွားပြီး ရခိုင်မှာပဲ သေဆုံးသွားတာ”  ဖျာပုံအခြေစျက် ခလရ ၉၈ တပ်တွင်း သတင်းရင်းမြစ်ကလည်း မောင်းကိုပြောပါတယ်။

ဧရာဝတီတိုင်းထဲက မအူပင်၊ ကျုံပျော်၊ ဖျာပုံ၊ ပုသိမ် မြို့တွေမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်ရင်းတွေဟာ ရခိုင်ပြည်နယ် စေလွှတ်ခံရတိုင်း အသေအပျောက်များစွာနဲ့ တပ်ဖွဲ့စည်းပုံပျက်ပြီး ပြန်ရောက်လာတာကြောင့် အခု စက်တင်ဘာလ ဒုတိယအပတ်ထဲမှာ မော်လမြိုင်ကျွန်း အခြေစိုက်ဖြစ်တဲ့ ခလရ ၅၃၆ ကို ထပ်မံစေလွှတ်တာ ဖြစ်တယ်လိ့ သိရပါတယ်။ 

ဓာတ်ပုံ – အကြမ်းဖက်စစ်သားတချို့ (ပုံဟောင်း)

0 Shares:
You May Also Like
Read More

ထားဝယ်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ (၂၇၃)တပ်ရင်းက ဒုတပ်ကြပ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိတွေ့ပစ်ခတ်မှုမရှိဘဲ ထီးချိုင့်နယ်ကို စစ်အုပ်စု ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ပေါက်ကုန်းရွာကို ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပန်ပေါင်းကျေးရွာတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်၊ ပန်ပေါင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့  လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရောင်နီ LA ပွဲ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းခန့် ရရှိ

အမေရိကန်နိုင်ငံ၊ Los Angeles မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရောင်နီ ဖျော်ဖြေပွဲကနေ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းကျော် ရရှိခဲ့တယ်လို့ ရောင်နီ Tour က ကြေညာပါတယ်။
Read More

ရစ်ချ်တာစကေး ၈ အထက် ခံနိုင်သည့် အဆောက်အအုံများ ဆောက်ကြဖို့ မင်းအောင်လှိုင် မှာကြား

အထပ်မြင့် အဆောက်အဦးတွေမှာ  ရစ်ချ်တာစကေး ၈ အထက် ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ရှေ့တန်းတွင် ကျဆုံး

မကွေးတိုင်းအနောက်ခြမ်းရှိ အရှိုချင်းဒေသက အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တပ်ဖွဲ့ဝင် ရဲဘော် ၂ ယောက် ရှေ့တန်းတစ်နေရာမှာ ကျဆုံးသွားတယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။