နွေဦးတော်လှန်ရေးမှာ စစ်ရေးအရရော နိုင်ငံရေးအရပါ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်နေတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းနဲ့ တွေ့ဆုံပြီး မွန်ပြည်နယ်ရဲ့ တော်လှန်ရေးအခြေအနေတွေအကြောင်း မောင်းသတင်းဌာနက မေးမြန်းထားပါတယ်။
မွန်ပြည်နယ်ဟာ လက်ရှိ စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေးမှာ တစ်နှစ်နီးပါး နောက်ကျပြီးမှ ထဲထဲဝင်ဝင် ပါဝင်လာခဲ့တာကြောင့် မွန်ဒေသတွင်းက မွန်လူငယ်တွေဟာ တခြားနေရာဒေသ၊ တခြားအဖွဲ့အသီးသီးကို ပျံ့နှံ့ရောက်ရှိသွားတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်အတွက် စစ်ရေးရော အုပ်ချုပ်ရေးမှာပါ လူအင်အားလိုအပ်နေတာကြောင့် မွန်လူမျိုးတွေ ကိုယ့်ဒေသကို ပြန်လာပြီး ပူးပေါင်းပါဝင်ပေးကြဖို့ သူက တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ကျား/မ ဖြစ်တည်ခြင်းထက် အာဏာရှင်ပြုတ်ကျရေးက ပိုအရေးကြီးလို့ တောထဲရောက်လာတဲ့ မိတလဉာဏ် (ရုပ်/သံ)

ယောက်ျားသားတွေနဲ့ ရင်ဘောင်တန်းပြီး လက်နက်ကိုင်တဲ့နေရာမှာ အမျိုးသမီးတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေ ရှိလဲ၊ တော်လှန်ရေးမှာ အမျိုးသမီးတွေက ဘယ်လောက်အထိ အသုံးဝင်လဲဆိုတာတွေကို သူမက ပြောပြပေးသွားမှာပါ။
Read More

KNU-KNLA-တပ်မဟာ(၆)နယ်မြေတွင် ထွက်ပြေးလွတ်မြောက်လာသည့် ခလရ (၅၆၁) တပ်သား- မောင်ကျော်သူ၏ ပြောကြားချက် (ရုပ်/သံ)

''ကားမောင်းတဲ့အလုပ်လုပ်တယ်။ အိမ်ပေါ်မှာပဲ ပေါ်တာဆွဲခံရတာ။ ညပိုင်းအချိန် ရွာတွေထဲဝင်တော့ ရှောင်နေတာ။ မနက်ပိုင်းကျ ငြိမ်ပြီးဆိုပြီးတော့ အိမ်ပြန်အိပ်တာ အိမ်ပတ်ချာလည်ဝိုင်းထားတာ။ ဘယ်မှပြေးမရတာ့ဘူး။ အဲဒါပြည်စုဆောင်းရေးကို ပို့ခံရတာ။ အနိုင်ကျင့်တာတော့ အမျိုးမျိုးပဲ။ သူတို့မူးရင် အကုန်တန်းစီခိုင်းတယ်။ အပြစ်မရှိ အပြစ်ရှာရိုက်တယ်။ အချို့ကောင်တွေက ယောင်ကိုင်းလို့ ထမင်းတောင် မစားနိုင်ဘူး''
Read More

တောင်ညိုတပ်ရင်းတွင် မိသားစုလိုက် တာဝန်ထမ်းဆောင်နေသည့် တပ်ထောက် အရာရှိ ကိုသက်ကြီး၏ တော်လှန်ရေးစကားသံ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) တောင်ညိုတပ်ရင်းရဲ့ တပ်ထောက်အရာရှိ ကိုသက်ကြီးရဲ့ မိသားစုလိုက် တာဝန်ထမ်းဆောင်ဖြစ်ပုံကို ‌‌တောင်ညိုတပ်ရင်းက ‌ဖော်ပြခဲ့ပါတယ်။
Read More

အာဏာရှင်ကို ကာကွယ်မလား ပြည်သူကို ကာကွယ်မလားဆိုတာ ရွေးချယ်ခဲ့ရသူ (ရုပ်/သံ)

“ကျနော် စစ်သားဖြစ်ခဲ့တယ်။ ဒါပေမယ့် တိုင်းပြည်ကို ကာကွယ်ဖို့ပဲ စစ်သားလုပ်ခဲ့တာ။ ကိုယ့်ပြည်သူကို ပြန်ကာကွယ်ဖို့ အခြေအနေကိုပဲ လိုချင်ခဲ့တာ။ ကျနော်တို့ကို လက်ထဲမှာ ကျည်ဆန် အပြည့်အဝ ထည့်ပေးတယ်။ သေနတ် တစ်လက်ပေးတယ်။ ပြီးရင် ကိုယ့်ပြည်သူကို ပြန်သတ်ခိုင်းတယ်”
Read More

အာဠာဝကစစ်ကြောင်း (၇၈၀၃ တပ်ရင်း)သို့ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားသုံးဦးနှင့် တွေ့ဆုံမေးမြန်းချက် (ရုပ်/သံ)

“သင်တန်းဆင်းတုန်းက ၃၄၀ ကျော်ရှိတယ်။ သင်တန်းသားရှိတာကတော့ ၃၆၀ ကျော်ပေါ့၊ ၂၀ ကျော် လောက်က ပြေးတာ၊ ကျနော်တို့လည်း မသိခဲ့ဘူး။ မင်းတို့တပ်ထဲထိအောင် သွားကြည့်ပါအုံး၊ တပ်ထဲ မှာ ဘယ်နေရတယ်၊ ဘယ်လိုထိုင်ရတယ်ဆိုပြီး စည်းရုံးတာ။ ပြီးတော့ သူတို့ထည့်တဲ့ ဆိုက်ဝါးကလည်း မင်းတို့ဟိုဘက်ကိုပြေးလို့ရှိရင် မိတဲ့သူတွေကို သတ်မယ်၊ ကျနော်တို့က ဒီဘက်ကို ပြေးလာရင် သတ်ပစ်ခံရမှာပေါ့"
Read More

ပါတီနိုင်ငံရေးတွေ စိတ်မဝင်စား၊ စစ်အာဏာရှင်ဖြုတ်ချရေးသာ အသွေးနဲ့အသား ပေးဆပ်ထားသူ (ရုပ်/သံ)

တောင်ပိုင်းစစ်ဒေသ (၂) မှာ တာဝန်ထမ်းဆောင်တဲ့ ရဲဘော်နေလင်းဟာ တိုက်ပွဲအတွင်း ဒဏ်ရာ ကြီးကြီးမားမား ၂ကြိမ် ရခဲ့ပြီး လက်ရှိမှာ ရှေ့တန်းတိုက်ပွဲတွေမှာ မပါဝင်နိုင်တော့ဘဲ ရရာအခန်းကဏ္ဍကနေ တော်လှန်ရေးခရီးကို ဆက်လျှောက်မယ်လို့ ဆုံးဖြတ်ထားပါတယ်။