ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၈ သင်တန်းဆင်းပွဲ အခမ်းအနားကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် (၁) စစ်ဒေသ၊ ယာယီဌာနချုပ်မှာ စက်တင်ဘာလ ၂၄ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အပတ်စဉ် ၈ အခြေခံစစ်ပညာသင်တန်းမှာတော့ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ရဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ နိုင်ငံရေးသင်ခန်းစာတွေ ပို့ချခြင်း၊ အဖွဲ့နဲ့ တပ်တော်ရဲ့ နိုင်ငံရေးနဲ့ စစ်ရေးဖြတ်သန်းမှုတွေ မျှဝေခြင်း၊ အခြေခံစစ်ပညာကို ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ရဲ့ စစ်ရေးရည်မှန်းချက်အတိုင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော်က ၂ လခွဲကြာ ကြီးကြပ်ဆောင်ရွက်ခဲ့ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။