အိန္ဒိယနဲ့ မြန်မာအကြား ရူပီးနဲ့ ကျပ်ငွေကတဆင့် နှစ်နိုင်ငံကုန်သွယ်ရေး မြှင့်တင်ဖို့ နိုင်ငံခြားငွေပြတ်တောက်နေတဲ့ စစ်ကောင်စီနဲ့ အိန္ဒိယတို့ ဆွေးနွေးခဲ့ကြတယ်လို့ The Economic Times က ဖော်ပြထားပါတယ်။ 

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှာ ကျင်းပတဲ့ ၁၂ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး စီးပွားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပမှာ အိန္ဒိယ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး Piyush Goyal နဲ့ စစ်ကောင်စီခန့် ရင်းနီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ကံဇော်တို့ တွေ့ဆုံစဉ် အခုလို ဆွေးနွေးခဲ့တာလို့ သိရပါတယ်။ 

ပဲ၊ ဒီဇယ်၊ ဓာတ်ဆီ၊ လျှပ်စစ်ယာဉ် စတဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ပြီး ရူပီးနဲ့ ကျပ်ငွေ ယန္တရားကတဆင့် နှစ်နိုင်ငံကုန်သွယ်ရေး မြှင့်တင်ဖို့‌ ဆွေးနွေးခဲ့ကြတယ်လို့ Goyal က သူ့ရဲ့ X မှာ ပြောပါတယ်။ 

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုဟာ ၂၀၂၃-၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁.၇၅ ဘီလီယံရှိခဲ့တယ်လို့ သိရပါတယ်။ 

ပြည်တွင်းသုံးငွေကြေးကတဆင့် ကုန်သွယ်ရေးက တဆင့်ခံငွေကြေးပြောင်းလဲရာမှာ ကုန်ကျမယ့်စရိတ်ကို ဖယ်ရှားနိုင်မှာဖြစ်ပြီး အိန္ဒိယအနေနဲ့ ယူအေအီး၊ အာဖရိကနိုင်ငံတွေနဲ့ ရုရှားအပါအဝင် တခြားနိုင်ငံတွေနဲ့ ပြည်တွင်းငွေကြေးကတဆင့် ကုန်သွယ်ရေးကို မြှင့်တင်ဖို့ ကြိုးပမ်းနေတာပါ။

အိန္ဒိယ ရူပီးကိုသုံးပြီး နိုင်ငံတကာကုန်သွယ်မှုတွေ လုပ်ဆောင်ဖို့ Reverse Bank of India က ၂၀၂၂ ဇူလိုင်လမှာ စနစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ 

Think Tank အဖွဲ့ GTRI ရဲ့အဆိုအရ ဒါဟာ ကိုဗစ်နောက်ပိုင်း ပို့ကုန်နဲ့ ခရီးသွားလာရေးကဏ္ဍ ကျဆင်းနေပြီး အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဒဏ် ခံနေရတဲ့အတွက် နိုင်ငံခြားငွေလဲလှယ်ဖို့ ပြတ်တောက်နေတဲ့  အာဖရိကနဲ့ တောင်အာရှနိုင်ငံတွေကို ကူညီဖို့အတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။ 

၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီရဲ့ ပြည်သူအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဒဏ်တွေနဲ့ သူတို့ရဲ့ စီမံခန့်ခွဲမှုအလွဲအမှားတွေကြောင့် စီးပွားရေးကျဆင်းမှု ပိုမိုဆိုးရွားလာနေပြီး ဒေါ်လာအပါအဝင် နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် ကျပ်ငွေတန်ဖိုးလည်း ကျဆင်းလျက်ရှိပါတယ်။

https://economictimes.indiatimes.com/…/113555130.cms

ဓာတ်ပုံ EPA – ၂၀၁၇ ခုနှစ်မှာ မြင်တွေ့ရတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခု

0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် လုပ်ဆောင်နေသူများကို အားပေးကူညီမည်ဟု အမေရိကန် ထုတ်ပြန်

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ လုပ်ဆောင်နေသူတွေကို အားပေးကူညီသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ပြောကြားလိုက်ပါတယ်။
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်တို့ အွန်လိုင်းကနေ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အာဆီယံအလှည့်ကျ  ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် တို့ဟာ ဧပြီလ ၁၈ ရက် ဒီနေ့ မနက်ပိုင်းမှာ Teleconference ကတဆင့် တွေ့ဆုံခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
Read More

မြန်မာနဲ့ တောင်တရုတ်ပင်လယ်အရေး မလေးရှားမှာ အာဆီယံဝန်ကြီးတွေ ဆွေးနွေး

မလေးရှားနိုင်ငံ၊ လန်ကာဝီမှာ ဇန်နဝါရီလ ၁၉ ရက် (ဒီနေ့) ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တံခါးပိတ်အစည်းအဝေးမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းနဲ့ တောင်တရုတ်ပင်လယ်ပြင်အရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။
Read More

One Friday Fight ပွဲစဉ်တွေမှာ မြန်မာလက်ဝှေ့ကစားသမား ၅ယောက်အထိပါဝင်မယ်

ဩဂုတ်လ ၂၃ ရက် ဒီနေ့ညမှာ ကျင်းပမယ့် One Friday Fight 76 ပွဲစဉ်တွေထဲမှာ မြန်မာကစားသမား ၅ ယောက် ပါဝင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။
Read More

ဆယ်စုနှစ်များစွာ စစ်ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ စစ်ကောင်စီကို အမြန်ဆုံး အရေးယူပေးဖို့ ကုလစင်မြင့်မှာ တောင်းဆို

စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို  ဥပဒေရှေ့မှောက်မှာ တာဝန်ခံစေရေး နိုင်ငံတကာက အရေးယူဆောင်ရွက်ဖို့ အရေကြီးအဆိုကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလစင်မြင့်မှာ  တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

စစ်တပ်၏ စစ်ရာဇဝတ်မှုများ ရပ်တန့်အောင်ကူညီပေးရန် ကုလနှင့် ကမ္ဘာ့နိုင်ငံများအား MNDAA နှင့် TNLA တောင်းဆို

ပြည်သူတွေ အစုလိုက် အပြုံလိုက် သေဆုံးအောင် ဦးတည်တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ ရပ်တန့်အောင် ကူညီဆောင်ရွက်ပေးဖို့အတွက် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကို ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။