ပဲခူးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့် ကျေးရွာတွေကို PDF ပူးပေါင်းပရဟိတရဲဘော်တွေက နေ့စဉ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဧရာဝတီအမှတ် ၃ တပ်ရင်း – P26002 အဖွဲ့ထံက သိရပါတယ်။

ပြည်သူများကို ဆန်၊ဆီ၊ရေသန့်၊အစာခြောက်နဲ့ မုန့်များ လိုက်လံဝေငှပေးလျက်ရှိပြီး အကူအညီ များ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

ရေကျသွားသော်လည်း အစားအစာလိုအပ်ပစ္စည်းများ ဝယ်ယူနိုင်ဖို့ မလွယ်ကူသေးတဲ့အတွက် အလှူရှင်များအနေနဲ့ ပါဝင်ကူညီပေးကြဖို့ ဧရာဝတီအမှတ် ၃ တပ်ရင်းမှ ဖိတ်ခေါ်ထားပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်တော် တပ်ရင်းအမှတ်-၃၅၀၂ စစ်ကြောင်း၊ စစ်ကြောင်းတပ်ခွဲ တပ်ခွဲ(၄)၊ ၃၅၀၁ စစ်ကြောင်း၊ ဧရာဝတီ အမှတ် (၃) တပ်ရင်း၊ ရန်ကုန်တိုင်း ပကဖ-တိုက်ခိုက်ရေးတပ်ဖွဲ့ (၃)၊ ဖြူး ပကဖ-PDO နဲ့ ကျောက်ကြီးနယ်ခံ ပကဖတို့က ပူးပေါင်းလုပ်ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းတပ်မြို့သိမ်း တိုက်ပွဲပြန်ရဲဘော်တွေကို ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး စစ်ဆင်ရေးအပြန် ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ်ရဲ့ တပ်ရင်းတစ်ခုကို ပြည်သူတွေ ကြိုဆိုဂုဏ်ပြုနေတဲ့ ရုပ်သံဖိုင်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ဖော်ပြလာပါတယ်။
Read More

မင်းကွန်းမြသိန်းတန်ဘုရားမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြသိန်းတန်ဘုရားမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို အောက်တိုဘာ ၂၁ ရက်က ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Royal Falcon Guerilla Force အဖွဲ့ထံက သိရပါတယ်။
Read More

လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး စစ်ကြောင်းပျက်၊ ၁၅ ဦးသေပြီး ၁၂ ဦးဖမ်းမိ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှို့ဖို့လာတဲ့ စစ်ကော်မရှင် တပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၅ ယောက်ထက်မနည်းသေဆုံးပြီး ၁၂ ယောက်ဖမ်းဆီးမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပိုက်ဆံတောင်းနေတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှု ၂ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတစ်နေရာမှာ ဇန်နဝါရီ ၂၀ ရက် နေ့လည်ပိုင်းက လမ်းသွားပြည်သူတွေကို အင်အား ၄ ယောက်နဲ့ လမ်းကင်းယူပြီး ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်း ၂ လုံး တစ်ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းတွေကို KIA ပူးပေါင်းတပ်တွေ တိုက်ထုတ်ပြီး မြို့ကို ထိန်းချုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ မံစီမြို့နယ်မှာ နောက်ဆုံးကျန်ရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ထုတ်ပြီးတဲ့နောက် မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

KNDF ဗျူဟာအမှတ် -၂ မှ ရဲဘော်တွေ ရှေ့တန်းမှာ ဘယ်လိုတိုက်ခိုက်လဲ (ရုပ်သံ)

KNDF ဗျူဟာအမှတ် -၂  ရဲဘော်တွေ ရှေ့တန်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့နေတဲ့ မှတ်တမ်းရုပ်သံတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။