စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို ဩဂုတ်လထဲမှာ တော်လှန်ရေးတပ်တွေ ခေတ္တသိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ဒီပဲယင်းမြို့ကို အင်အားအလုံးအရင်း ဖြည့်တင်းကာ ပြန်လည်အထိုင်ချပြီး စစ်ကြောင်းထိုးနေတာကြောင့် မြို့အနီးတဝိုက်မှာရှိတဲ့ ကျေးရွာတွေက စစ်ရှောင်တွေဟာ နေရပ်မပြန်နိုင်ဘဲ ဒီနေ့အချိန်ထိ စစ်ရှောင်နေကြရဆဲ ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက တဆင့် သတင်းရရှိပါတယ်။ 

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ဒီပဲယင်းမြို့ (ကံပြားရွာ) အရှေ့ဘက်အနီးမှာရှိတဲ့ ရေဦးနယ်အနောက်ခြမ်း မစိုးရိမ်ကျေးရွာက ရွာခံပြည်သူ ၅၀၀ ကျော်ဟာ ဒီနေ့အချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘဲ ရက်ပေါင်း (၄၀) ကြာ ဘေးလွတ်ရာတိမ်းရှောင်နေကြရတာပါ။ 

“ကျနော်တို့လည်း ဆန်၊ ဆီ၊ ဟင်းချက်စရာပေါ့နော် စသဖြင့် ကူညီနိုင်သလောက် ကူညီထားပေမယ့် ရက်ရှည်ဖြစ်နေတော့ ကူညီစရာက မလောင်ငှတော့ဘူး။ သူတို့ဟာ သူတို့ တတ်နိုင်သလောက် ရုန်းကန် ချက်ပြုတ်စားသောက်နေကြရတယ်။ စစ်ရှောင်နေရတာက ရက်ပေါင်း ၄၀ ရှိနေပြီလေ။” လို့ People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။

စစ်ရှောင်တွေထဲမှာ ကလေးတွေနဲ့ အသက်အရွယ်ကြီးရင့်သူတွေလည်း ပါဝင်ပြီး ရေဦးနယ်အနောက်ခြမ်း မစိုးရိမ်ရွာ အပါအဝင် ဒီပဲယင်းနယ် ပျော်ဘွယ်ရွာနဲ့ မြို့ခံပြည်သူတချို့ပါ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ 

ဒီပဲယင်းမြို့ပေါ်ကို ပြန်လည်အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လကစလို့ အခု စက်တင်ဘာလထဲအထိကို မထင်ရင်မထင်သလို မြို့ပေါ်က နေအိမ်တွေနဲ့ ကံပြားရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

မိဘပြည်သူတွေအနေနဲ့ ဒီပဲယင်းက စစ်ရှောင်တွေကို ကူညီထောက်ပံ့လိုရင် အောက်ဖော်ပြပါ တယ်လီဂရမ်ကနေတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ 

 

t.me/htookhantzaw5 

t.me/generationz122021

0 Shares:
You May Also Like
Read More

NMSP-AD / RMA ၏ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းအခမ်းအနား

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD / RMA) က ဦးဆောင် ဖွင့်လှစ်သင်ကြားပေးတဲ့ မြို့ပြ အနီးကပ် တိုက်ခိုက်မှုသင်တန်း (Close Quarters Battle - CQB) အပတ်စဥ် ၂ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အောက်တိုဘာလအတွင်း စည်းမျဥ်းဖောက်ဖျက်တဲ့ PDF နဲ့ ပကဖ (၆) ယောက်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို အဆင့်ဆင့် စည်းကမ်းထိန်းသိမ်းမှုနဲ့ အရေးယူမှုတွေ လုပ်ဆောင်နေရာမှာ အောက်တိုဘာလအတွင်း PDF နဲ့ ပကဖ ရဲဘော် စုစုပေါင်း (၆) ယောက်ကို ကာကွယ်ရေးဝန်ကြီးဌာနက အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်မြို့ကို စစ်တပ် ထပ်မံလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၂၃ လုံး ပျက်စီး 

တအာင်းတပ်မတော် - PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ် ၂၃ လုံး ပျက်စီးပြီး ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

ရိက္ခာဖြတ်တောက်ခံထားရသည့်အတွက် ရိက္ခာထွက်ရှာသည့် ပျူထောက်ခံသူ ၁ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း တပ်ကုန်းရွာရှိ ပျူစောထီးတွေ ရိက္ခာဖြတ်တောက်ခံထားရတဲ့အတွက် ပျူထောက်ခံသူတစ်ယောက် ရိက္ခာရှာထွက်လာချိန် ဖမ်းဆီးရမိခဲ့ကြောင်း ပေါက်တောင်ပိုင်း နဂါးပြောက်ကျားတပ်ဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

မြန်မာ့အရေး သက်ဆိုင်သူများ၏ လိုလားချက်စာရင်းကို ကိုင်ပြီး စစ်ခေါင်းဆောင်နှင့် ဆွေးနွေးမည်ဟု မလေးရှား ပြော

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ဟာ အာဆီယံရဲ့ ကာလရှည်ကြာ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံကို တွန်းနှိုးတဲ့အနေနဲ့ လာမယ့် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာအစောပိုင်းမှာ နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး သူစုစည်းထားတဲ့ “လိုလားချက်စာရင်း” နဲ့အတူ စစ်ကောင်စီနဲ့ ဆွေးနွေးမယ်လို့ Free Malaysia Today သတင်းမှာ ရေးသားထားပါတယ်။
Read More

ထိုင်းနယ်စပ်နှင့် ၁ ကီလိုမီတာခန့်သာ အကွာအဝေးရှိ စစ်ကောင်စီ၏ မယ်လတပ်စခန်းကို KNU ဦးဆောင်သည့် တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

ထိုင်းနယ်စပ်အနီးက ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ အကြမ်းစစ်ကောင်စီတပ်ရဲ့ မယ်လတပ်စခန်းကို မေလ ၁၆ ရက် ဒီနေ့ မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA နဲ့ ပူးပေါင်းတပ်တွေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။