ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၄ ရက် မနေ့ကညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ရကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မြေပြင်ထိုးစစ် မဆင်နိုင်တာကြောင့် လေကြောင်းကနေ ဗုံးကြဲတာနဲ့ ရေကြောင်းကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကိုသာ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“မနေ့ညက လေယာဥ်နဲ့ ဗုံးလာကြဲသွားတာ ကျနော်တို့နေတဲ့နေရာနဲ့တော့ အတော်လေးဝေးတယ်၊ အသံတွေကတော့ ကြားနေရတာပဲ၊ အမှတ် ၄ ရပ်ကွက်ကို ဗုံးသီးကျပြီး ထိခိုက်သေဆုံးမှုတွေ ရှိတယ်” လို့ တန်းလွဲရွာမ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

“ရွာသစ်ဈေးနဲ့ အမှတ် ၄ ရပ်ကွက်ကို ဗုံး ၄ လုံးအထိကြဲချခဲ့တာပါ၊ လူငယ်တစ်ယောက် သေဆုံးတာတော့ ကြားတယ်၊ အခုလေယာဥ်နဲ့ ဗုံးကြဲချနေတဲ့နေရာတွေက တိုက်ပွဲမဖြစ်ပွားတဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေ ဖြစ်တယ်” လို့ အဲ့ဒီဒေသခံက ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က သူတို့လက်လွှတ်လိုက်ရတဲ့နေရာတွေကို ပြန်လည်ရရှိဖို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက် လုပ်နေသလို အပြစ်မဲ့အရပ်သားပြည်သူတွေ ရှိတဲ့နေရာအများစုကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်လေယာဥ် (ပုံဟောင်း)

0 Shares:
You May Also Like
Read More

ပေါ်တာဆွဲခံထားရသူနဲ့ စစ်မှုထမ်းမဲပေါက်တဲ့ စစ်ကောင်စီတပ်သားတွေ မြိတ် ပကဖထံ အလင်းဝင် ခိုလှုံလာ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ အခြေစိုက်တပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ယောက်ဟာ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ မြိတ်ထံ အလင်းဝင် ခိုလှုံလာကြောင်း သိရပါတယ်။
Read More

တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ​ပြည်သူ့တော်လှန်ရေးတပ်ဦးက ရဲဘော်ဝဿန်၏ (၂နှစ်)ပြည့် ဝမ်းနည်းခြင်းအခမ်းအနား…

ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ရဲ့ အဖိနှိပ်ခံလူထုလွတ်​မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ​ရဲဘော်ဝဿန်ရဲ့ (၂နှစ်)ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းအပတ်စဉ် (၄) သင်တန်းဆင်း တပ်သားသစ် ၉ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာ၊ လက်နက်နဲ့အလင်းဝင်လာသူများကို သိန်း ၅၀ သိန်းစီ BNRA ဆုချ…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ စစ်ကူအဖြစ် ရောက်ရှိနေတဲ့ စစ်မှုထမ်းအပတ်စဉ် (၄) သင်တန်းဆင်း စစ်သား ၉ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာတာကြောင့်၊ လက်နက်ပါသူတွေကို ငွေကျပ်သိန်း ၅၀ စီ ဆုချီးမြှ့င်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မင်းတပ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီ လေကြောင်းက ဆက်တိုက် ဗုံးကြဲနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းအဆက်မပြတ် အသုံးပြုနေကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမန်ထံက သိရပါတယ်။
Read More

ဇန်နဝါရီ တစ်လတာအတွင်း ကရင်နီဒေသမှာ စစ်ရေးပြင်းထန်ခဲ့၊ စစ်ကောင်စီတပ်ဘက်က ၃၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများပါ ရရှိ 

၂၀၂၅ ခုနှစ် ဇန်နဝါရီတစ်လတာအတွင်း ကရင်နီဒေသမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်ပါတယ်။ 
Read More

ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်နိုင်ငံများသည် အကြမ်းဖက်မင်းအောင်လှိုင်၏ ရာဇဝတ်မှု မိတ်ဖက်များဟု JFM ထုတ်ပြန်

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ ရာဇဝတ်မှု မိတ်ဖက်တွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ပါတယ်။