အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ကျင်းပမယ့် ICWA ပွဲကိုတက်ရောက်ဖို့ မြန်မာနိုင်ငံက တော်လှန်ရေးအင်အားစု တွေကိုအိန္ဒိယက တရား၀င်ဖိတ်ကြားလိုက်ပါတယ်။
ဒါဟာ အနောက်နိုင်ငံများက အရေးယူပိတ်ဆို့နေတဲ့ စစ်ကောင်စီကို ဖယ်ရှားကာအိန္ဒိယအစိုးက တော်လှန်ရေးအင်အားစုတွေကို ထူးခြားတဲ့ ဖိတ်ခေါ်ချက်တစ်ရပ်ပဲဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ နီးစပ်တဲ့ ဒေလီအစိုးရဟာ မြန်မာ့အရေးမှာ ချိန်ခွင်လျှာပြောင်းလဲလာခြင်းလို့ နိုင်ငံရေးလေ့လာသူတွေကဆိုပါတယ်။
ICWA ဆွေးနွေးပွဲဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ကို အဓိကထား ဆွေးနွေးမယ့်အခမ်းအနားပဲဖြစ်ပါတယ်။
ဖိတ်ကြားခံရတဲ့ NUG အပါအ၀င်အချို့သော တော်လှန်ရေးအင်အားစုတွေကတော့ တရား၀င်ထုတ်ပြန်ပြောဆိုလာခြင်း မရှိသေးပါဘူး။
အထူးသဖြင့် NUG အစိုးရ၊ ကချင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ KIA နဲ့ ရခိုင်လက်နက်ကိုင် AA တိို့ကို လာမယ့် နိုဝင်ဘာလ လယ်ပိုင်းမှာ ကျင်းပမဲ့ ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
ဒီပွဲကို အိန္ဒိယအစိုးရရဲ့ ရန်ပုံငွေဖြင့် လည်ပတ်နေတဲ့ Indian Council of World Affairs (ICWA) က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ဒီပွဲမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ အက်စ်ဂျေရှန်ကာရ်လည်း တက်ရောက်မှာဖြစ်ပါတယ်။
နယူးဒေလီဆွေးနွေးပွဲကို ဖိတ်ကြားထားကြောင်း ဖိတ်ကြားခံရတဲ့ တော်လှန်ရေးအဖွဲ့တစ်ခု ခေါင်းဆောင်တစ်ဦးက အတည်ပြုထားတယ်လို့ရိုက်တာသတင်းဌာနက မနေ့ကစက်တင်ဘာလ ၂၃ ရက်မှာ ရေးသားခဲ့တာပါ။
ဖိတ်ကြားခံရတဲ့ အဖွဲ့အစည်းတွေဘက်ကလည်း အကြောင်းပြန်လာခြင်း မရှိသေးဘူးလို့သိရပါတယ်။
အိန္ဒိယနိုင်ငံအစိုးရက ရန်ပုံငွေ ထောက်ပံ့ထားတဲ့ အိန္ဒိယကောင်စီ ICWA မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီကိုရောဖိတ်ကြားထားမှုရှိမရှိကိုတော့ မသိရှိရသေးပါဘူး။
0 Shares:
You May Also Like
Read More

တမူးမြို့အနီး ပကဖ ၁၀ ဦး ကျဆုံးခဲ့သည့်အပေါ် NUG က အိန္ဒိယအစိုးရနှင့် အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်နေဟု ဆို

အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးမြို့နယ်အနီး မြို့နယ်ပကဖ ၁၀ ယောက် ကျဆုံးခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အိန္ဒိယအစိုးရနဲ့ အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
Read More

တရားမဝင် ငါးဖမ်းမှုကြောင့် ထိန်းသိမ်းထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဆီ AA လွှဲပြောင်းပေး

ရခိုင်ပြည်နယ်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးဖမ်းမှုကြောင့် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅၅ ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နယ်ခြားစောင့်တပ် (BGB) ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ရခိုင်သတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

မြန်မာစစ်တပ် ဆုံးရှုံးနယ်မြေတချို့ ပြန်ရယူခဲ့ကြောင်း အစိရင်ခံစာပြော၊ နယ်မြေအများစုကို တော်လှန်ရေးတပ်များက ဆက်လက်ထိန်းချုပ််ထားဆဲဟု သုတေသီဆို

မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ငါးနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအဖွဲ့များထံ ဆုံးရှုံးခဲ့ရတဲ့ နယ်မြေအချို့ကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း အစီရင်ခံစာတရပ်မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ နယ်မြေအများစုကတော့ တော်လှန်ရေးအင်အားစုတွေရဲ့ လက်ထဲမှာ ဆက်ရှိနေဆဲဖြစ်တယ်လို့ သုတေသီက ဆိုပါတယ်။
Read More

မြန်မာအနေဖြင့် နယ်ကျော်ရာဇဝတ်မှုများ ဖြေရှင်းရန် အာဆီယံ လိုလား

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပေါ် သက်ရောက်မှုရှိနေတဲ့ နယ်ကျော်ရာဇဝတ်မှုပြဿနာကို မြန်မာအနေနဲ့ ဖြေရှင်းဖို့ အာဆီယံက လိုလားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် က ပြောကြားလိုက်ပါတယ်။
Read More

စိတ်ကြွဆေး ၅.၅ တန်နဲ့အတူ မြန်မာနိုင်ငံသား ၆ ယောက်ကို အိန္ဒိယကမ်းခြေစောင့်တပ်ဖမ်းဆီး

မြန်မာပြည်ကနေ မက်သာဖက်တမင်း ၅.၅ တန် တင်ဆောင်လာတဲ့ မှောင်ခိုသင်္ဘောတစ်စင်းကို ကပ္ပလီပင်လယ်ပြင်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

အာဆီယံ၏ တည်မြဲမှုအတွက် ခိုင်မာသည့် ပြည်သူ့ဗဟိုပြုချဉ်းကပ်မှု လိုအပ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

အာဆီယံအဖွဲ့ဟာ တည်မြဲနေမယ်ဆိုပေမယ့် ပြောင်းလဲလာတဲ့ ကာလနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ၂၀၄၅ ခုနှစ်အတွက် မျှော်မှန်းချက်တွေ ပြည့်မီစေဖို့ ရှေ့ဆက်လုပ်ဆောင်ရာမှာ ပြည်သူ့ဗဟိုပြု ချဉ်းကပ်မှုကို ခိုင်ခိုင်မာမာ ကျင့်သုံးသွားရမှာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ပြောပါတယ်။