ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂) စီးနဲ့ ​ပြည်သူတွေကို ပစ်မှတ်ထားကာ ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ(၄) ယောက် ပွဲချင်းပြီးသေဆုံးခဲ့ရသလို (၃) ယောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ(၂၃)ရက် မနေ့က နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ နားလွယ်ကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၁၈)နှစ်နဲ့ အသက်(၂၁)နှစ်အရွယ် ယောကျ်ားလေး ၂ ယောက်၊ အသက်(၅၀)နဲ့ (၇၇)နှစ်အရွယ် အမျိုးသမီး ၂ ယောက် စုစုပေါင်း မြေးအဖွား (၄) ယောက်လုံး ပွဲချင်းပြိီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အသက်(၂)နှစ်အရွယ် ကလေးငယ်(၁) ယောက် အပါအဝင် အမျိုးသား(၃) ယောက်ရဲ့ ဦးခေါင်း၊ ခြေထောက်၊ ပေါင်နဲ့ လက်မောင်းတို့မှာ ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နားလွယ်ကျေးရွာက နေအိမ်(၁၀) လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့ရပြီး မပေါက်ကွဲသေးတဲ့ ဗုံး(၁)လုံးလည်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
မနေ့က ညပိုင်းမှာလည်း စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံး အလုံး (၂၀) ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူလူထုရဲ့ နေအိမ်တွေ ယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီ ဘက်ဂျက်ငွေ အကြောင်းပြပြီး ထောင်မှာ အစားအသောက်‌ လျှော့ကျွေး

အာဏာသိမ်း စစ်ကောင်စီဟာ ဘက်ဂျက်ငွေကို အကြောင်းပြပြီး အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို အစားအသောက်တွေ လျှော့ကျွေးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ကျွန်းလှမှာ စစ်အုပ်စုရဲ့ မြေပြင် ဝေဟင်စစ်ကြောင်းထိုး မီးရှို့မှုကြောင့် ကျေးရွာပေါင်း ၈ ရွာက အရပ်သား ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ…

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ စစ်ကြောင်းဝင်မီးရှို့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ကြောင့် ကျေးရွာပေါင်း ၈ ရွာက အရပ်သား ၈၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တိုက်ပွဲတွင် ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရသူများအပါအဝင် Federal Wings ဒရုန်းတပ်ဖွဲ့မှ တပ်သားသစ်များ ခေါ်ယူနေ၊ Research and Development လုပ်ငန်းများတွင် လက်တွဲဆောင်ရွက်လိုသည့် တော်လှန်ရေးအဖွဲ့များကိုလည်း ဖိတ်ခေါ်

နိုင်ငံတစ်ဝန်း စစ်မျက်နှာတွေမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့က တာဝန်ထမ်းဆောင်ဖို့ တော်လှန်ရေးတပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

DJ Violet နှင့် မန်နေဂျာအပါ လူ၅ဦးကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှုဖြင့် စစ်အုပ်စုအရေးယူထား၊ နိုင်ငံတဝန်း ဘုရားကျောင်းကန်များကို ဖျက်ဆီးနေသူများက ဗုဒ္ဓဘာသာကိုခုတုံးလုပ် အာဏာပြအရေးယူမှုဟု ဝေဖန်နေကြ

ကလပ်အတွင်း "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ"သီချင်းကို DJ တီးခတ်ဖျော်​ဖြေခဲ့တဲ့ DJ Violet နဲ့ မန်​နေဂျာဖြစ်သူ အပါ Cover Club တာဝန်ရှိသူတွေကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှု ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်စစ်ဆေးထားတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မှာ စစ်ရှောင်တွေအတွက် ကျောင်းသားလက်ရုံးတပ်တော်က ဆေးဝါးလှူဒါန်းမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပြင်းထန်စွာ စစ်ကြောင်းထိုးလာမှုတွေကြောင့် ရှောင်တိမ်းနေထိုင်ရတဲ့ စစ်ရှောင်ပြည်သူတွေကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂများ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ လှူဒါန်းပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မန်တုံမြို့နယ်နှင့် နမ္မတူမြို့နယ်တွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်ပိုင်ရှင်များကို ထောက်ပံ့ကြေးများ ပေးအပ်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မန်တုံမြို့နယ်နဲ့ နမ္မတူမြို့နယ်မှာ အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်ပိုင်ရှင်တွေ ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။