နွေဦးတော်လှန်ရေးမှာ စစ်ရေးအရရော နိုင်ငံရေးအရပါ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်နေတဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းနဲ့ တွေ့ဆုံပြီး မွန်ပြည်နယ်ရဲ့ တော်လှန်ရေးအခြေအနေတွေအကြောင်း မောင်းသတင်းဌာနက မေးမြန်းထားပါတယ်။
မွန်ပြည်နယ်ဟာ လက်ရှိ စစ်အာဏာရှင် အမြစ်ပြတ်တော်လှန်ရေးမှာ တစ်နှစ်နီးပါး နောက်ကျပြီးမှ ထဲထဲဝင်ဝင် ပါဝင်လာခဲ့တာကြောင့် မွန်ဒေသတွင်းက မွန်လူငယ်တွေဟာ တခြားနေရာဒေသ၊ တခြားအဖွဲ့အသီးသီးကို ပျံ့နှံ့ရောက်ရှိသွားတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်အတွက် စစ်ရေးရော အုပ်ချုပ်ရေးမှာပါ လူအင်အားလိုအပ်နေတာကြောင့် မွန်လူမျိုးတွေ ကိုယ့်ဒေသကို ပြန်လာပြီး ပူးပေါင်းပါဝင်ပေးကြဖို့ သူက တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

အမိမြေပြန်ပို့ခံရပြီး စစ်ကောင်စီလက်ထဲ ရောက်သွားရင် ဘာဖြစ်မလဲ (ရုပ်/သံ)

ကိုစန်းထွန်းအောင်နဲ့ ကိုအောင်မျိုးကျော်တို့ နှစ်ယောက်ဟာ ထိုင်းနိုင်ငံမှာ စားဝတ်နေရေးအတွက် ရုန်းကန်ကြိုးစား နေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ 
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် KRF တပ်ဖွဲ့၀င်များကို ပြည်သူများ ကြိုဆို (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ကလေးဒေသတော်လှန်ရေးတပ် (KRF) ရဲဘော်​တွေကို​ ဒေသခံပြည်သူ​တွေက​ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ KRF က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်မြို့မှာ ဆိုက်ကားနင်းရင်း ပေါ်တာဆွဲခံရပြီး စစ်သားသစ်စုဆောင်းခံခဲ့ရတဲ့ ကိုအောင်လွင်သူရဲ့ ပြောကြားချက် (ရုပ်/သံ)

ကိုအောင်လွင်သူဟာ ရန်ကုန်မြို့မှာ ဆိုက်ကားနင်း အလုပ်လုပ်ကိုင်ရင်း အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲခံရကာ စစ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရသူပါ။
Read More

တိုက်ပွဲတစ်ခုအတွင်း လက်နက်ချခဲ့တဲ့ တပ်ခွဲမှူး ဗိုလ်ကြီး ခန့်ကိုစိုး ပြောကြားချက် (ရုပ်/သံ)

''ကျနော့်အနေနဲ့ကတော့ လက်နက်ချအညံ့ခံတယ်ဆိုတာတော့ တပ်မတော်အပေါ် သစ္စာဖောက်တယ်လို့တော့ မထင်ပါဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ပြည်သူတွေနဲ့ပဲ ကျနော်တို့သဘောဆန္ဒအရ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အဲလိုပူးပေါင်းဆောင်ရွက်လိုက်တဲ့အတွက်လည်း ပြည်သူတွေရဲ့ စေတနာတွေ၊ မေတ္တာတွေကို ကျနော်တို့ လက်ခံရရှိပါတယ်။”
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခလရ(၉၄)ကိုယ်ပိုင်အမှတ်- တ/၄၀၉၂၁၈ တပ်ကြပ်ကြီး အောင်ကိုဝင်း၏ ပြောကြားချက် (ရုပ်/သံ)

''အလင်းလာဝင်ရတဲ့ ကိစ္စကတော့ ဒီကောင်တွေရဲ့ ဖိနှိပ်မှုအောက်မှာ မခံနိုင်တော့လို့ လက်နက်တွေ ယူပြီး အလင်းလာဝင်တာပါ။ ကျနော်နဲ့အတူ ရဲဘော် ၃ ယောက်ပါပါတယ်။ ဒီကောင်တွေ အာဏာရူး ရူးနေပြီးတော့ ဖိနှိပ်ထားတဲ့ဒဏ်ကို.. ဒီကောင်တွေကို ပြန်တိုက်တော့မယ်လို့ စိတ်ကူးထားတယ်''
Read More

နေအိမ်မှာ ပေါ်တာဆွဲခံခဲ့ရသူ စစ်မှုထမ်း တပ်သား မင်းခန့်၏ ပြောကြားချက် (ရုပ်/သံ)

ပန်းတောင်း-တောင်ကုတ်လမ်းပိုင်းအနီး အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပုဂံကွဲစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား မင်းခန့်ဟာ ဧပြီ ၂၀ ရက်က ကျောင်းသားလက်ရုံးတပ်တော်ဆီ အလင်းဝင်ရောက်လာခဲ့ပါတယ်။