ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တောင်းဆိုလိုက်ပြီး၊ သူမကို ဗာတီကန်မှာ ခိုလှုံခွင့်ပေးမှာဖြစ်တယ်လို့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အာရှက Jesuits များနဲ့ စကားဝိုင်းမှာ ပြောကြားခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ ရောမမှာ သူ့သားနဲ့ တွေ့ဆုံခွင့်ရဖို့ ကျွန်ုပ်အနေနဲ့ တောင်းဆိုပါတယ်။ ကျွန်ုပ်နယ်မြေ ဗာတီကန်မှာ သူမကိုလက်ခံဖို့ ကမ်းလှမ်းခဲ့ပါတယ်” လို့ သူက ပြောပါတယ်။
အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။
“မြန်မာပြည် အနာဂတ်ဟာ အားလုံးရဲ့ ဂုဏ်သိက္ခာ၊ အခွင့်အရေးတွေနဲ့ ဒီမိုကရေစီစနစ်ကို လေးစားမှုအပေါ် အခြေခံတဲ့ ငြိမ်းချမ်းရေးဖြစ်ရမယ်” လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆက်ပြောပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး သူမကကို ဘယ်နေရာမှာ ချုပ်နှောင်ထားလဲ သို့မဟုတ် ဘယ်သူတွေနဲ့ တွေ့ခွင့်ပြုထားခြင်း ရှိမရှိကို ကွဲကွဲပြားပြား မသိနေရသေးပါဘူး။ အာဏာသိမ်းစစ်ကောင်စီက သူမကို နိုင်ငံတော် သစ္စာဖောက်မှု၊ လာဘ်ပေးလာဘ်ယူမှု စတာတွေကနေ ဆက်သွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ချိုးဖောက်မှုစတဲ့ ရာဇ၀တ်မှုတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားပါတယ်။
သူမကို ထောက်ခံသူတွေကတော့ ဒီဖြစ်ရပ်တွေဟာ သူမကို လူထုရှေ့ကနေ ဖယ်ရှားဖို့နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေကို တားဆီးဖို့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဥပဒေမဲ့လုပ်ဆောင်တာလို့ ဝေဖန်ထောက်ပြကြပါတယ်။ တဖက်မှာလည်း စစ်အုပ်စုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေအရ ထိန်းသိမ်းထားတာသာဖြစ်တယ်လို့ ခပ်တည်တည်နဲ့ပြောဆိုနေဆဲပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားရေးကိစ္စတွေနဲ့ ရင်းနှီးပြီး လုံခြုံရေးအရ အမည်မဖော်လိုသူ သတင်းအရင်းအမြစ်တခုက သူမရဲ့ရှေ့နေတွေအနေနဲ့ သူမဆီ သတင်းစကားပါးဖို့ကိုတောင် ဝင်ရောက်ခွင့်မရှိနေကြဘူးလို့ အင်္ဂါနေ့မှာ ပြောပါတယ်။
ဆယ်စုနှစ်တစ်ခုကြာ အသွင်ကူးပြောင်းရေး ဒီမိုကရေစီနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ရပ်တန့်သွားခဲ့အပြီး လက်ရှိမှာတော့ လက်နက်ကိုင် တော်လှန်ရေးလှုပ်ရှားမှုနဲ့ နိုင်ငံတွင်း နယ်မြေများစွာ ထိန်းချုပ်မှု ဆုံးရှုံးနေတဲ့ စစ်တပ်တို့အကြားက မြင့်တက်လာတဲ့ ပြည်တွင်းစစ်အတွင်းမှာ မြန်မာနိုင်ငံဟာ ပိတ်မိနေဆဲပဲဖြစ်ပါတယ်။
စစ်အုပ်စုဟာ ၎င်းရဲ့ အတိုက်အခံတွေကို နှုတ်ပိတ်ဖို့ရည်ရွယ်ပြီး အတင်းအကျပ်ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတွေကို အရှိန်မြှင့်လုပ်ဆောင်နေတဲ့အပြင် ပြင်းထန်တဲ့ပဋိပက္ခအတွင်း ချောင်ပိတ်နေတဲ့ လူငယ်အများအပြားကိုလည်း စစ်သားသစ်အနေနဲ့ အဓမ္မ စုဆောင်းနေတယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

“အတုအယောင်” ရွေးကောက်ပွဲအပေါ် မြန်မာစစ်အုပ်စု၏ ထုတ်ပြန်ချက်ကို မလေးရှားမူဝါဒအဖွဲ့များ အပြစ်တင် အာဆီယံကို အသုံးချခံမဖြစ်စေရန် မလေးရှားအစိုးရကို သတိပေး

အာဏာသိမ်းစစ်အုပ်စု၏ ဝါဒဖြန့်နေချက်နှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ စစ်အုပ်စုရဲ့ အသုံးချခံမဖြစ်ဖို့နဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး မူအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ဖို့ မလေးရှားပညာရှင်တွေနဲ့ မူဝါဒကျွမ်းကျင်သူတွေက အောက်တိုဘာလ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
Read More

ဒူတာတေးကို ICC အကြိုတရားခွင်မှာ ပထမဆုံးအကြိမ် ရုံးထုတ်…

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ရဲ့ အကြိုတရားခွင်မှာ မတ် ၁၄ ရက်က မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
Read More

မြန်မာ့ငလျင်အတွက် လာရောက်ကူညီနေသည့် USAID ဝန်ထမ်း သုံးဦး အလုပ်ထုတ်ခံရ

ငလျင်ဒဏ်သင့်  မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ USAID ဝန်ထမ်း ၃ယောက် အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ The New York Times သတင်းက ဖော်ပြပါတယ်။ 
Read More

ရွေးကောက်ပွဲလုပ်ဖို့ အဆင်ပြေမယ့် ပတ်ဝန်းကျင်ဖန်တီးရန် မလေးရှားတိုက်တွန်း

ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့တွေအားလုံးအနေနဲ့ ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဇူလိုင်လ ၉ ရက်မှာ တိုက်တွန်းပြောဆိုပါတယ်။ 
Read More

ငလျင်ဒဏ်သင့်ဒေသများအတွက် ဗြိတိန်နှင့် ဩစတေးလျအစိုးရတို့ ငွေကြေးဆိုင်ရာ ကူညီထောက်ပံ့မှုများ စတင်ပေးအပ်

ဗြိတိန်နဲ့ ဩစတေးလျ အစိုးရတွေက မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ အင်အားပြင်းငလျင်အတွက်  သက်ဆိုင်ရာ အဖွဲ့အစည်းတွေကတဆင့် ငွေကြေးထောက်ပံ့ကူညီမှုတွေပြုလုပ်သွားမယ်လို့ သက်ဆိုင်ရာ သံရုံးတွေကနေ အသီးသီးထုတ်ပြန်ပါတယ်။
Read More

ဆယ်စုနှစ်များစွာ စစ်ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ စစ်ကောင်စီကို အမြန်ဆုံး အရေးယူပေးဖို့ ကုလစင်မြင့်မှာ တောင်းဆို

စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို  ဥပဒေရှေ့မှောက်မှာ တာဝန်ခံစေရေး နိုင်ငံတကာက အရေးယူဆောင်ရွက်ဖို့ အရေကြီးအဆိုကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလစင်မြင့်မှာ  တိုက်တွန်းပြောကြားလိုက်ပါတယ်။