၂၀၂၄ စက်တင်ဘာလ ၂၄ ရက်မှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၅ ယောက်ကို စစ်ကောင်စီက သေဒဏ်ချ ကွပ်မျက်မယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေကတဆင့် သိရတဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) အနေနဲ့ အလွန်အမင်းစိတ်ပူပန်ကြောင်း စက်တင်ဘာလ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ်က ရန်ကုန်ရထားပေါ် သေနတ်ပစ်ခတ်မှုမှာ ပါဝင်ကြောင်း စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အင်းစိန်ထောင်အတွင်း ကြားနာစစ်ဆေးခံခဲ့ရတဲ့ မဇာရီဖြိုး၊ ကိုဆန်းမင်းအောင်၊ ကိုကျော်ဝင်းစိုး၊ ကိုကောင်းပြည့်ဆောင်းနဲ့ မမြတ်ဖြိုးပွင့် တို့ကို ၂၀၂၃ မေလ ၁၈ ရက်နေ့က သေဒဏ်အမိန့် ချမှတ်ခဲ့တာလို့ သိရပါတယ်။
သူတို့ ၅ယောက်ကို ၁၉၄၉ လက်နက်အက်ဥပဒေ နဲ့ ၂၀၁၄ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတို့အပါအဝင် ဥပဒေအမျိုးမျိုးအောက်မှာ လူသတ်မှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှုတွေနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီက အခုလိုမျိုး ထင်ရင်ထင်သလို သေဒဏ်ချမှတ်စီရင်တာတွေ ဆက်မလုပ်ဖို့နဲ့ သူတို့တွေကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ APHR က အရေးတကြီး တောင်းဆိုထားပါတယ်။
သူတို့ကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ စစ်ကောင်စီအနေနဲ့ သူတို့ကို ဆက်လက်ဖမ်းဆီးထားရင် ချုပ်နှောင်ထားတဲ့အခြေအနေတွေမှာ ရှေ့နေခေါ်ခွင့်၊ ဆေးကုသခွင့်နဲ့ မိသားစုနဲ့ဆက်သွယ်ခွင့်အပါအဝင် နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်ဖို့ APHR ဥက္ကဋ္ဌ၊ အင်ဒိုနီးရှားအမတ် Mercy Chriesty Barends က တောင်းဆိုပါတယ်။
“သေဒဏ်ကို သဘောထားကွဲလွဲမှုတွေ နှိမ်နှင်းဖို့ လက်နက်တစ်ခုအနေနဲ့ အသုံးပြုတာဟာ လက်မခံနိုင်စရာဖြစ်ပြီး အပြင်းထန်ဆုံး ရှုံ့ချရမှာဖြစ်ပါတယ်” လို့ APHR ဘုတ်အဖွဲ့ဝင်၊ မလေးရှားအမတ် Wong Chen ကလည်း ဝေဖန်ထားပါတယ်။
သူတို့ ၅ ယောက်ကို စစ်ခုံရုံးကမဟုတ်ဘဲ အရပ်သားတရားရုံးက သေဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး သေဒဏ်ချမှု၊ တရားခွင်စစ်ဆေးမှုတွေနဲ့ပတ်သက်လို့ APHR အနေနဲ့ ထိတ်လန့်မိကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ နိုင်ငံတကာ တရားရေးစံချိန်စံညွှန်းတွေကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ‌ ပြောပါတယ်။
APHR ဘုတ်အဖွဲ့ဝင်၊ ထိုင်းလွှတ်တော်အမတ်ဟောင်း Kasit Piromya ကလည်း “အာဏာသိမ်းပြီးကတည်းကဆိုရင် (ဒီအမှုဟာ) စစ်ခုံရုံးကမဟုတ်ဘဲ အရပ်ဘက်တရားစီရင်ရေးက သေဒဏ်ပေးခဲ့တဲ့ ပထမဆုံးသော အမှုဖြစ်နေတာက တကယ့်ကိုတုန်လှုပ်စရာပါပဲ၊ ဒါဟာ မြန်မာပြည်ရဲ့ တရားရေးဆိုင်ရာ စိတ်ပျက်ဖွယ် အရွေ့တစ်ခုအဖြစ် မြင်ရမှာပါ” လို့ ထောက်ပြပြောဆိုပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက အကျဉ်းသား တစ်ရာကျော်ဟာ ကြိုးတိုက်မှာ ရှိနေပြီး စစ်ကောင်စီက နောက်ထပ်လူ ၄၂ ယောက်ကို မျက်ကွယ်သေဒဏ် ချမှတ်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့အဆိုအရ သိရပါတယ်။
“ဒီကွပ်မျက်မှုတွေကို ကြည့်ရင် သိသာထင်ရှားလှတဲ့ ဆုတ်ယုတ်မှုနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အဓိပ္ပာယ်ရှိရှိ အကောင်အထည်ဖော်ဖို့ စစ်ကောင်စီမှာ နိုင်ငံရေးဆန္ဒမရှိတာကို တွေ့ရမှာဖြစ်တယ်” လို့ APHR ဘုတ်အဖွဲ့ဝင်၊ ဖိလစ်ပိုင်လွှတ်တော်အမတ် Arlene D. Brosas ကဆိုပါတယ်။
တဆက်တည်းမှာပဲ “စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှု လုပ်ရပ်အားလုံးကို ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ မတရား ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့နဲ့ တိုင်းပြည်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ ပြန်လည်လုပ်ဆောင်ဖို့ APHR က တောင်းဆိုကြောင်း” သူမက ပြောဆိုထားပါတယ်။
APHR အနေနဲ့ မတရားဖမ်းဆီးခံထားရသူတွေရဲ့ အခွင့်အရေးအတွက် လုပ်ဆောင်ပေးဖို့ ကတိကဝတ်ပြုထားပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်သွားမှာဖြစ်ကြောင်း၊ အကူအညီတွေ ပံ့ပိုးပြီး တာဝန်ခံမှုရှိစေရေးနဲ့ မြန်မာပြည်မှာ ဒီမိုကရေစီပြန်လည်ရရှိရေး တောင်းဆိုသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဒီမိုကရေစီရေး၊ တရားမျှတရေးနဲ့ လူ့အခွင့်အရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရပ်တည်သွားဖို့ နိုင်ငံတကာအသိုက်အဝန်းကိုလည်း တောင်းဆိုထားပါသေးတယ်။

Stop Execution of Five Pro-Democracy Activists in Myanmar, Now! Southeast Asian MPs say

ဓာတ်ပုံ – အင်းစိန်အကျဉ်းထောင်

0 Shares:
You May Also Like
Read More

စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုးကို ဖမ်းဆီး

တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာမှုကြောင့် စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယား သမ္မတယွန်းဆွတ်ယိုးကို ဇန်နဝါရီလ ၁၅ ရက် ဒီနေ့မှာ တောင်ကိုရီးယားနိုင်ငံ အကျင့်ပျက်ခြစားမှု စုံစမ်းအရေးယူရေးရုံးက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
Read More

စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်အုပ်စုနှင့် ဆက်လက်ထိတွေ့ဆက်ဆံရန် အာဆီယံ စီစဉ်လုပ်ဆောင်နေမှုအား Defend Myanmar Democracy ရှုတ်ချ၊ “အာဆီယံရဲ့ သိက္ခာက သူတို့ရဲ့ အပြောတမျိုးအလုပ်တမျိုး ကြောင်သူတော်လုပ်ရပ်တွေ အောက်မှာပဲ တစစီပြိုလဲပျက်စီးနေပါပြီ”

မလေးရှားနိုင်ငံက ဥက္ကဌအဖြစ် ဦးဆောင်ကျင်းပမယ့် ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် အာဆီယံက ပြင်ဆင်နေရာ မြန်မာစစ်အုပ်စုနဲ့ ဆက်လက်ထိတွေ့ဆက်ဆံဖို့ စီစဉ်လုပ်ဆောင်နေတဲ့အပေါ် ရှုတ်ချကြောင်း Defend Myanmar Democracy (DMD) က ထုတ်ပြန်ပါတယ်။
Read More

လူကုန်ကူးခံရတဲ့ တရုတ်မင်းသား ရွှေကုက္ကိုလ်မှာ ကတုံး တုံးခံရပြီး ငွေလိမ်ဖို့ လေ့ကျင့်ပေးခံရ ဟု ထွက်ဆို

မြန်မာနိုင်ငံ မြဝတီမြို့အနီး ရွှေကုက္ကိုလ်မြို့က ငွေလိမ်ဂိုဏ်းကို လူကုန်ကူးခံရပြီး ရောက်သွားတဲ့ တရုတ်နိုင်ငံသား သရုပ်ဆောင် Wang Xing ဟာ ရွှေကုက္ကိုလ်မြို့မှာ ကတုံးတုံးခံရပြီး ငွေလိမ်ဖို့ လေ့ကျင့်ပေးခံရတယ်လို့ ထွက်ဆိုကြောင်း ထိုင်းအခြေစိုက်သတင်းဌာနတွေက ဖော်ပြပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းအစိုးရပိုင်မြေများကို မြန်မာနိုင်ငံသားများအပေါ် ပစ်မှတ်ထားကာ အွန်လိုင်းမှ ရောင်းချမှုများ ပြုလုပ်နေ

မြန်မာနိုင်ငံရှိ ငွေကြေးတတ်နိုင်သူတွေကို ပစ်မှတ်ထားပြီး ထိုင်း- မြန်မာနယ်စပ်တလျှောက် ငြိမ်းချမ်းတဲ့ နေစရာနေရာအဖြစ် ထိုင်းအစိုးရပိုင်မြေတွေကို အွန်လိုင်းကနေ ရောင်းဝယ်နေမှုတွေ ရှိတယ်လို့ ထိုင်းသတင်းဌာန The Nation က သတင်းဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနဲ့ ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် ပြော

လာအိုမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေအတွင်း မြန်မာ့အရေးပြဿနာဟာ ခေါင်းစဉ်ကြီးတရပ်ဖြစ်ခဲ့တဲ့အလျှောက် စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်ဖို့ ထိုင်းဝန်ကြီးချုပ်က ထိပ်သီးအစည်းအဝေးဖွင့်ပွဲနေ့မှာ တောင်းဆိုခဲ့ပါတယ်။
Read More

ထိုင်းရေပိုင်နက်အတွင်း ဝင်ရောက်လာသည့် မြန်မာငါးဖမ်းစက်လှေ ၂ စီးနှင့် လှေသား ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်အနီး ထိုင်းရေပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာငါးဖမ်းစက်လှေ ၂ စီးနဲ့ လှေသား ၇ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးအရေးယူထားကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။