ကရင်ပြည်နယ်၊ ဝေါလေကျေးရွာအနီးမှာရှိတဲ့ ထီဘောဂေါ်စစ်ဘေးရှောင်စခန်းက မိဘမဲ့ကလေးငယ်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲတွေရှိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတွေဆီက သိရပါတယ်။
ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မိဘမဲ့ဖြစ်နေကြရပြီး စစ်ဘေးရှောင်ရင်း မူလတန်းပညာသင်ကြားနေရတဲ့ ဒီကလေးငယ်တွေဟာ ရေဘေးဒဏ်တွေကိုပါ ထပ်မံခံစားနေရတာ ဖြစ်ပါတယ်။
“ကရင်ပြည်နယ် ဝေါလေ ကျေးရွာအနီးမှာ စစ်ရှောင် ရေဘေးရှောင်ဖြစ်နေကြရတဲ့ ကလေးငယ်တွေပေါ့။ လက်ရှိ သူတို့ကို မူလတန်း အခမဲ့ပညာသင်ကြားနေတာပါ။ စက်တင်ဘာလ ၂၂ ရက်နေ့ကတော့ ဘန်ကောက်အခြေစိုက်ဖြစ်တဲ့ ပြည်ပရောက်မြန်မာ PPYM အဖွဲ့က စားစရာသောက်စရာနဲ့ ခေါက်ဆွဲခြောက်ဆေးဝါးတွေ ကလေးငယ် ၈၆ ယောက်စာ လာရောက်လှူဒါန်းပေးခဲ့ပါတယ်” လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ယောက်က မောင်းကိုပြောပါတယ်။
မြန်မာပြည်တွင်း ပြည်သူလူထုဟာ စစ်ပွဲတွေကြောင့် နေရာဒေသအသီးသီးမှာ စစ်ဘေးရှောင်နေကြရတဲ့အပြင် နိုင်ငံအနှံ့ ရေကြီးရေလျှံမှုတွေကြောင့် ထပ်တိုးဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – ထီဘောဂေါ် စစ်ဘေးရှောင်စခန်းက ကလေးတွေကို စားစရာတွေ ထောက်ပံ့ပေးနေပုံ

0 Shares:
You May Also Like
Read More

ဈေးချိုမှာ ဆန္ဒပြ၍ အကြမ်းဖက်စစ်တပ် ဆုငွေထုတ် အမှုဖွင့်ခံထားရသူ ၁၀ ဦးအနက် ကျောင်းသားခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံထားရဟု ဆို

မန္တလေးမြို့ ဈေးချိုအနီး ဆန္ဒပြခဲ့တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်တဲ့ ပုဒ်မနဲ့ အမှုဖွင့် ဆုငွေထုတ်ထားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုထက်မြတ်အောင်ကို စစ်တပ်က ဖမ်းဆီးထားပြီး အသက်အန္တရာယ် အထူးစိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ သပိတ်အင်အားစုတွေက ဒီနေ့ ပူးတွဲထုတ်ပြန်ပါတယ်။
Read More

မိုင်းငေါ့မြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ (၅) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ယေက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်တွင် စစ်တပ်သတင်းပေးဆိုသူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်တပ်ကို သတင်းပေးလုပ်ဆောင်နေတဲ့ ကိုမိုး ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆၊ Black Dragon (GBK-PDF) က သတင်းထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ နှစ်သစ်ကူး တော်လှန်လူထု လှုပ်ရှားမှုတစ်ရပ်…

မြန်မာပြည်သူတွေ မြန်မာနှစ်သစ်မှသည် အားလုံး သာကြပါစေ၊ မာကြပါစေကြောင်း၊ သဘာဝဘေး၊ လူလုပ်ဘေးအပေါင်းမှလည်း ကင်းဝေးကြပါစေကြောင်း မန္တလေးမြို့ တော်လှန်လူငယ်တွေက ဆုတောင်းရင်း နှစ်သစ်ကူး တော်လှန်လူထု လှုပ်ရှားမှုတစ်ရပ်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဖော်ဆောင်ခဲ့တယ်လို့ မန္တလေး သပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့် အခမ်းအနားကို ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့်အခမ်းအနားကို မတ်လ ၂၈ ရက် မနေ့က ကနီမြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လက်ပံတန်းတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့ဖျက်ဆီးနေသလို ဒေသခံများကိုလည်း ဖမ်းဆီးထား

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ စီတုန်းရွာက နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။