လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဆီက ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာပြည်သူလူထုအပေါ် ထိုင်းနိုင်ငံအနေနဲ့ စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးဖို့နဲ့ အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ထိုင်းနိုင်ငံအတွင်း ယာယီ နေထိုင်ခွင့်ပေးတဲ့ အစီအစဉ်တွေကို ရေးဆွဲ အတည်ပြုပေးဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က စက်တင်ဘာလ ၂၃ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

အစိုးရလို့ အမည်တပ်ထားတဲ့ အစုအဖွဲ့တစ်ခုက နိုင်ငံအတွင်းက ပြည်သူလူထုကို လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ကျူးလွန်နေပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့် ဒီနေ့အထိ ပြည်သူတွေဟာ စစ်ကောင်စီရဲ့ နည်းမျိုးစုံနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်ကြုံတွေ့ နေရပါတယ်။

မြန်မာနိုင်ငံက ပြည်သူလူထုဟာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရပြီး အဲ့ဒီအပြစ်မဲ့အရပ်သား ပြည်သူတွေဟာ အိမ်တွေ ဆုံးရှုံးခြင်း၊ စာရွက်စာတမ်းတွေ ပျက်စီးဆုံးရှုံးခြင်းတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခိုလှုံရာမှာ အခက်အခဲများစွာ ကြုံတွေ့နေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံကလည်း အခုစက်တင်ဘာလအတွင်း အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ဖမ်းဆီးပြီး လူ့အခွင့်အရေး ချိုးဖောက်ကာ အမျိုးမျိုးဖိနှိပ်နေ​တဲ့ စစ်အုပ်စုဆီ ပြန်လည်ပို့ဆောင်ပေးနေကြောင်း သိရတယ်လို့ NUCC က ဆိုပါတယ်။

အမျိုးမျိုးဖိနှိပ်နေတဲ့ စစ်အုပ်စုကြောင့် ထွက်ပြေးလာသူတွေကို ဖိနှိပ်သူတွေဆီ ပြန်လည်ပို့ဆောင်တာဟာ ထပ်မံ နှိပ်စက်ခံရစေဖို့ ဆောင်ရွက်နေသလို ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ကာ လူငယ်တွေကို အတင်းအကျပ် စစ်သား စုဆောင်းတဲ့အထဲ ဝင်ဖို့ (တနည်းအားဖြင့် သေတွင်းသို့ ပို့ပေးခြင်း) ဆောင်ရွက်နေတဲ့ပုံစံဖြစ်နေတယ်လို့ NUCC က ထောက်ပြထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဆီက ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာပြည်သူလူထုအပေါ် စာနာစိတ်ထားကာ ကူညီကယ်ဆယ်ပေးဖို့နဲ့ အထောက်အထားမဲ့ မြန်မာပြည်သူတွေကို ထိုင်းနိုင်ငံအတွင်း ယာယီ နေထိုင်ခွင့်ပေးတဲ့ အစီအစဉ်တွေကို ရေးဆွဲ အတည်ပြုပေးစေလိုတယ်လို့ NUCC က တိုက်တွန်းတောင်းဆိုထားပါတယ်။

နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း သက်ဆိုင်ရာနိုင်ငံအသီးသီးက ချမှတ်ထားတဲ့ ဥပဒေတွေ၊ စည်းမျဥ်းစည်းကမ်းတွေ၊ ယဥ်ကျေးမှု ဓလေ့ထုံးတမ်း အစဥ်အလာတွေကို လေးစား လိုက်နာပြီး အိမ်ရှင်တိုင်းပြည်က ဒေသခံပြည်သူတွေနဲ့ သဟဇာတရှိရှိ ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်သွားဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ – NUCC က တောင်းဆိုထားပါတယ်။

ပုံစာ – ဇူလိုင် ၇ ရက် ၂၀၂၄ ခုနှစ်က ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ လုံခြုံစိတ်ချစွာနေထိုင်နိုင်ရေးနဲ့ အလုပ်လုပ်ခွင့်တို့အတွက် ဘန်ကောက်မြို့ UNHCR ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ မြန်မာအလုပ်သမားများ။

ဓာတ်ပုံ – Bright Future

0 Shares:
You May Also Like
Read More

မြန်မာစစ်တပ်နှင့် ဆက်နွယ်သည့် UAB ဘဏ်နှင့် မိတ်ဖက်ပြုမှုအပေါ် စုံစမ်းမေးမြန်းမှုကို ဂျပန်ကုမ္ပဏီ JCB တုံ့ပြန်လာမှုမရှိဟု Justice For Myanmar ဆို

Justice For Myanmar ၊ Mekong Watch နဲ့ တခြားဂျပန်အခြေစိုက် အဖွဲ့အစည်း ၅ ခုက မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှုတွေရှိပြီး ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ မြန်မာခရိုနီဘဏ် UAB (United Amara Bank) နဲ့ စီးပွားရေးမိတ်ဖက် ပြုလုပ်နေမှုတွေအပေါ် စုံစမ်းမေးမြန်းထားတဲ့ ပေးစာကို တုန့်ပြန်ဖြေကြားဖို့ ပျက်ကွက်နေတဲ့ ဂျပန်ငွေပေးချေမှုကုမ္ပဏီ JCB Co. Ltd. ကို ပြစ်တင်ဝေဖန်ကြောင်း ထုတ်ပြန်လာပါတယ်။
Read More

ဝေါ့ပါမစ် သက်တမ်းတိုးရာမှာ စလစ်ကြေး ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးဆို

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဝေါ့ပါမစ်သက်တမ်းတိုးရာမှာ တချို့သောအေဂျင်စီတွေပြောသလို စလစ်ကြေး ဘတ် ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးက ပြောဆိုကြောင်း The Nation သတင်းမှာ ဖော်ပြပါတယ်။
Read More

မိခင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်နှင့်ပြီးဖြစ်မှာကို စိုးရိမ်ကြောင်း ကိုထိန်လင်း ပြော

အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ကျန်းမာရေးမကောင်းသူ မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းအချက်အလက်နဲ့ အဆက်အသွယ်တွေ မရတော့တဲ့အတွက် ကွယ်လွန်သွားတာမျိုးဖြစ်မှာကို စိုးရိမ်မိတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ရိုက်တာသတင်းဌာနကို ပြောဆိုလိုက်ပါတယ်။
Read More

အရုပ်ကောက်စက်ပိုင်ရှင်ကို အရုပ်ကောက်ပြခိုင်းရာ အရုပ်မရသည့်အတွက် လောင်းကစားဥပဒေဖြင့် အမှုဖွင့်အရေးယူ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ်ရှေ့က အရုပ်ကောက်ဆိုင်ကို ချင်းမိုင်မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ လောင်းကစားဆိုင် နှိမ်နင်းရေးအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ Chiangmai News က သတင်းဖော်ပြပါတယ်။
Read More

ဘူတန်ဝန်ကြီးချုပ်က လူမှုကွန်ရက်မှာ တင်ထားသည့် မြန်မာစစ်ခေါင်းဆောင်နှင့် တွဲရိုက်ခဲ့သည့် ဓာတ်ပုံကို ပြန်လည်ဖယ်ရှား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဧပြီလ ၄ ရက်က မြန်မာစစ်ခေါင်းဆောင် အကြမ်းဖက်မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတစ်ပုံကို ဘူတန်ဝန်ကြီးချုပ်က လူမှုကွန်ရက်စာမျက်နှာမှာမှာ ချီးကျူးစကားတွေ ရေးသားတင်ခဲ့ပြီးနောက် ပြန်လည်ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။
Read More

မြန်မာမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီမှုအချို့ မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ လက်မှတ်ထိုး

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်းမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီချက် (၁၀) ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။