ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု၊ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ ငွေကြေး အတင်းအဓမ္မကောက်ခံမှုတွေ ပြုလုပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
ရွှေကျင်မြို့နယ်အတွင်း စက်တင်ဘာလ (၁၉) ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ-၅၇ တပ်ရင်းက ၈၁ မမ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ရာ ‌စံဖဲကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး စံဖဲကျေးရွာ‌နေ ဦးဇင်း ‌(၂)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် သံဆိပ်စခန်းက စစ်ကောင်စီရဲ့ စုပေါင်း စစ်ကြောင်းအဖွဲ့ကလည်း သံဆိပ်ကျောင်းကုန်းရွာနဲ့ အင်္ဂနီ ကျောက်တန်းရွာက ရွာသူရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ် အသုံးပြုကာ ပျဉ်ရေရွာနေ အသက် ၃၆နှစ်အမျိုးသားကို စက်တင်ဘာလ (၂၀) ရက် နေ့လည်ပိုင်းမှာ ပစ်ခတ်ရှင်းလင်းသွားခဲ့တယ်လို့ သိရပါတယ်။
ကျောက်ကြီးမြို့နယ်မှာလည်း အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံ ကျောက်တံခါး ရဲတပ်ဖွဲ့က တောရကျောင်းဇရပ်၀န်းကျင်မှာ စက်တင်ဘာ (၂၂) ရက် မနက်ပိုင်းက ဖျံတလင်းကျေးရွာနေ ပြည်သူနှစ်ယောက်ကို မြန်မာငွေ(၇၅၀,၀၀၀) ကျပ်နဲ့ ဗောဓိကွင်းကျေးရွာနေပြည်သူနှစ်ယောက် မြန်မာငွေ(၂၅၀,၀၀၀)ကျပ်တို့ ဖမ်းဆီးကာ ငွေကြေးအဓမ္မတောင်းယူပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

SSNDF /KNDF ဗျူဟာ ၉ ရဲ့ B-102 တပ်ရင်းမှ ပြုလုပ်သည့် တပ်ရင်းဆွေးနွေးပွဲ (ဓာတ်ပုံသတင်း)

ရှမ်းတောင်အမျိုးသားများ ကာကွယ်ရေးတပ်/ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (SSNDF /KNDF ဗျူဟာ ၉) B-102 တပ်ရင်းက ပြုလုပ်တဲ့ တပ်ရင်းဆွေးနွေးပွဲကို ဇွန်လ ၂၁ ရက်ကနေ ၂၂ရက်အထိ နှစ်ရက်တာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံဗုံးကြဲရာ ကလေးများ အပါအဝင် ပြည်သူ ၁၃ ဦး ထပ်မံသေဆုံး၊ သပိတ်ကျင်းမြို့နယ်မှာ ၂ရက်ဆက် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၆ ဦး ရှိလာ…

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အောက် ကလေးငယ် ၂ ယောက် အပါအဝင် ပြည်သူ ၁၃ ယောက် သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ ၂၀ ကျော်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်း၀ရမ်းစာရင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ကို ဖယ်ရှားပေးဖို့ NUG တောင်းဆို

အာဂျင်တီးနားနိုင်ငံ တရားရုံးက နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နဲ့  လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို လူမျိုးတုံးသတ်ဖြတ်မှု နဲ့  စစ်ရာဇဝတ်မှု အမှန်တကယ် ကျူးလွန်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့အတူ  တရားခံစာရင်းမှာ ထည့်သွင်းထားတာကြောင့်၊ ဖမ်းဝရမ်း ထုတ်ခြင်းကနေ ဖယ်ရှားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ဖေဖော်ဝါရီလ ၁၈ ရက်ညပိုင်းမှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
Read More

မင်းကင်းနယ်က နှစ်ရှည်စစ်ဘေးရှောင်နေကြရသူတွေ စားဝတ်နေရေး ပိုမိုကျပ်တည်းလာ

စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်ထဲမှာ နှစ်ရှည်စစ်ဘေးရှောင်နေကြရတဲ့ ကျေးရွာ ၄ ရွာက ဒေသခံတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုဂုဏ်ပြု…

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ မဟာမိတ်တပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုနေတဲ့ မှတ်တမ်းပုံရိပ်တွေကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

စမ်းချောင်းမြို့နယ်မှာ မီးစက်မှထွက်သည့် မီးခိုးငွေ့ကြောင့် မိသားစုဝင် ၄ ဦးနှင့် အိမ်မွေးခွေး ၁ ကောင် အသက်ရှုရပ် သေဆုံး

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရွှေလောင်းလမ်းရှိ အိမ်နံပါတ် ၄၄ / ၄လွှာမှာ နေထိုင်တဲ့ မိသားစုဝင် ၄ ယောက်နဲ့ အိမ်မွေးခွေး ၁ ကောင်ဟာ မီးစက်က ထွက်တဲ့ မီးခိုးငွေ့ကြောင့် အသက်ရှုရပ်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။