မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ် တံတားအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်နေတာလို့လည်း သိရပါတယ်။
“တဖက်သတ် ပစ်ခတ်နေတာဗျ။ တိုက်ပွဲလည်းမရှိဘဲ ရမ်းသမ်းပစ်နေတာ။ အဓိကကတော့ မြေပြင်ထိုးစစ်မဆင်ရဲလို့ အဝေးကနေ လက်နက်ကြီးနဲ့ပစ်ပြီး ခြိမ်းခြောက်နေတဲ့သဘောပါပဲ”လို့ ဆင်ဖြူကျွန်း မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
“လက်နက်ကြီးနဲ့ပစ်ခတ်မှုကတော့ အကြမ်းဖက်
စစ်တပ်ကပဲ ပြုလုပ်နေတာပါ။ ဒီဘက်ကို ထိခိုက်မှုတော့မရှိပါဘူး။ အကြမ်းဖက်စစ်တပ်က မြေပြင်
ထိုးစစ်ဆင်တာတွေကို သိပ်မလုပ်နိုင်ဘဲ လေယာဥ်နဲ့အပြစ်မဲ့ပြည်သူတွေ နေတဲ့နေရာတွေကို ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို မကြာခဏလုပ်လေ့ရှိတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။
ဆင်ဖြူကျွန်းမြို့နယ် စလင်းအနောက်ဘက်ခြမ်းကကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ဇွန်လတုန်းက လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့လို့ အသက် ၇၀ အရွယ် အဖွားအိုတစ်ယောက် သေဆုံးခဲ့ပြီး ဒေသခံတချို့လည်း ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဆင်ဖြူကျွန်းမြို့နယ် အနောက်ဘက်ခြမ်းက​ကျေးရွာတွေကို အကြမ်းဖက်စစ်တပ် လက်နက်ကြီးပစ်ခတ်လို့ ထိခိုက်ခဲ့ပုံ
0 Shares:
You May Also Like
Read More

ပေါက်ခေါင်းမြို့နယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုးရင်း လက်နက်ကြီးပစ်လို့ ဒေသခံ ၁ ဦး သေဆုံး၊ စစ်ရှောင်ပြည်သူများ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်အုပ်စု ထပ်မံစစ်ကြောင်းထိုးလာချိန် လက်နက်ကြီးတွေ နဲ့ ပစ်ခတ်မှုခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

သီပေါမှာ စစ်ကောင်စီတပ်ရဲ့ နင်းမိုင်းကြောင့် အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မိုင်းနင်းမိပြီး အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သံဖြူဇရပ်-ရေးလမ်းမှာ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက် ၂ ဦး သေဆုံးဟု ဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး ပြည်ထောင်စုအမှတ်(၈)လမ်းမမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၂ယောက် သေဆုံးပြီး ၅ယောက် ဒဏ်ရာရခဲ့တယ်လို့ Ramonya Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခန္တီးတွင် ချင်းတွင်းမြစ်ကြောင်းရှိ စက်လှေလိုင်းများကို စစ်အုပ်စု ပိတ်ဆို့ထားမှုကြောင့် ဒေသခံများ အခက်တွေ့နေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ စက်လှေလိုင်းတွေကို အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့ထားတဲ့အတွက် ဒေသခံတွေ သွားလာရေးခက်ခဲနေကြကြောင်း ခန္တီးမြို့နယ် ပကဖ တာဝန်ရှိသူထံက သိရပါတယ်။
Read More

ရန်ကုန်မြို့တွင် “ငလျင်ဘေးအကြောင်းပြ ဗုံးကြဲတိုက်ခိုက်မှုကို တားဆီးကြ” စာတန်းချိတ်ဆွဲပြီး လူထုလှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့ YBS ကားပေါ်နဲ့ ကုန်းကျော်တံတားတစ်ခုပေါ်မှာ ရွှေပြည်သာသပိတ်ကော်မတီ (SPTSC) က "ငလျင်ဘေးအကြောင်းပြ ဗုံးကြဲတိုက်ခိုက်မှုကို တားဆီးကြ" ဘန်နာစာသားချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့ပေါ်တွင် အထိုင်ချထားသည့် စစ်အုပ်စု၏ SP ရုံးတိုက်ခိုက်ခံရပြီး သုံးပွင့်ဗိုလ် ၂ ဦးအပါ ၇ ဦးသေဆုံး

“ စခတွေဘက်ကသေဆုံးမှုကိုတော့ ပြောပြလို့မရတဲ့ သတင်းအရင်းအမြစ်တွေကနေသိရတာပါဗျ၊ နာမည်တွေပါ အတိအကျသိပါတယ် ထုတ်ပြန်ဖို့အခက်အခဲရှိလို့ပါဗျ ပစ်ခတ်မှုဖြစ်ပြီး ည ၁၂ နာရီ လောက်မှာ ပျူတွေမြို့လယ်ခေါင်မှာ သေနတ်တွေဖောက်ပါတယ် ” လို့ ထနောင်းမြေစစ်ကြောင်းမှ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။