စစ်ကောင်စီက တရားမဲ့ သေဒဏ်ချမှတ် အရေးယူနေမှုတွေကို ထိရောက်စွာ တားဆီး အရေးယူပေးဖို့ ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာအစိုးရများနဲ့ အဖွဲ့အစည်းများအား တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

အခုရက်ပိုင်းအတွင်း အင်းစိန်ထောင်မှာ သေဒဏ်ကျ အကျဉ်းသားများကို ပြစ်ဒဏ်စီရင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် NUCC က တောင်းဆိုတိုက်တွန်းလိုက်တာပါ။

ဒါအပြင် စစ်ကောင်စီရဲ့ တရားမဲ့ သေဒဏ်ချမှတ်သတ်ဖြတ်မှုများနဲ့ ရာဇဝတ်မှုများကို NUCC အပြင်းထန်ဆုံး ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ထားသည့် တရားဝင်အစိုးရ တရပ်အား စစ်တပ်အင်အားကို အလွဲ

သုံးစားပြုကာ အဓမ္မ အာဏာသိမ်းရန် ကြိုးပမ်းနေသည့်ရာဇဝတ်ဂိုဏ်းတစ်ခုသာဖြစ်သည့်အ

လျောက်ပြည်သူများအပေါ် မည်သည့်တရားစီရင်ခွင့်မျှ မရှိပေ”ဟု NUCC က ဆိုပါတယ်။

နိုင်ငံတကာမှာပင် ကျင့်သုံးမှု မရှိသလောက်နည်းပါးနေတဲ့ သေဒဏ်ကဲ့သို့ ပြစ်ဒဏ်စီရင်မှုကို ပြုလုပ်ဖို့ အခွင့်အာဏာလည်း စစ်ကောင်စီမှာလုံးဝ မရှိတဲ့အပြင် အခုလို လုပ်ဆောင်နေမှုဟာရာဇဝတ်မှုများ ထပ်ခါထပ်ခါ ကျူးလွန်နေခြင်းသာ ဖြစ်ကြောင်း NUCC က သတိပေးပြောဆိုပါတယ်။

စစ်ကောင်စီကအခုရက်ပိုင်းအတွင်း သေဒဏ်ကျအကျဉ်းသားတွေကို စီရင်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် စစ်ကောင်စီဘက်ကတော့ တရား၀င်ထုတ်ပြန်လာခြင်းမရှိသေးပါဘူး။

နိုင်ငံတကာအဖွဲ့အစည်းအချို့ကလည်း စစ်ကောင်စီရဲ့ ထောင်တွင်းသေဒဏ်စီရင်နေမှုတွေကို ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုံ့ချထားပါတယ်။ 

0 Shares:
You May Also Like
Read More

ARSA ခေါင်းဆောင်များကို နိုင်ငံတကာ တရားစီရင်မှုနှင့် အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့ တိုက်တွန်း

ARSA ခေါင်းဆောင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးနိုင်မှုကို ကြိုဆိုလိုက်ပြီး နိုင်ငံတကာရဲ့ တရားစီရင်မှုနဲ့ အရေးယူနိုင်ဖို့ Fortify Rights အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
Read More

မြန်မာငါးဖမ်းလှေတစ်စီး ထိုင်းရေပိုင်နက်အတွင်း ဖမ်းဆီးခံရ

လူ ၆ ယောက် လိုက်ပါလာပြီး ပုစွန်ငါးပိ ကီလို ၄၀၀၀ တင်ဆောင်လာတဲ့ မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ထိုင်းရေတပ်က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
Read More

ရုရှားနိုင်ငံရဲ့ ရင်ပြင်နီချီတက်ပွဲအခမ်းအနား အကြမ်းဖက်မင်းအောင်လှိုင်တို့ ဇနီးမောင်နှံ တက်ရောက်မည်၊ အဆိုပါအခမ်းအနား တက်မည့် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၏ လုံခြုံရေးကို တာဝန်မခံကြောင်း  ယူကရိန်းသမ္မတ ပြောကြားထား

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ပြုလုပ်မယ့် နှစ် ၈၀ ပြည့် ရင်ပြင်နီချီတက်ပွဲအခမ်းအနားကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီးဖြစ်သူ ကြူကြူလှတို့ တက်ရောက်မယ်လို့ အကြမ်းဖက်စစ်ကောင်စီက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဘန်ကောက် ဆန္ဒပြပွဲအနီး မြန်မာ ၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်မှာရှိတဲ့ အနုစာဝရီကျောက်တိုင် - Victory Monument မှာ ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် နုတ်ထွက်ရေး ဆန္ဒပြနေကြတဲ့ ဧရိယာ အနီးတတိုက်က မြန်မာနိုင်ငံသား ၇ ယောက်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Read More

ရုရှားမှ ရေနံတင်သွင်းမှုကြောင့် အိန္ဒိယကို စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းအထိ ထရမ့် တိုးမြှင့်

ရုရှားနိုင်ငံကနေ ရေနံတင်သွင်းမှုအတွက် ဒဏ်ကြေးအဖြစ် အိန္ဒိယနိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ထပ်မံစည်းကြပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
Read More

စီပါရွာမှာ စစ်ကောင်စီ ကျူးလွန်တဲ့ ယုတ်မာရက်စက် သတ်ဖြတ်မှုတွေကို မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ကုလစင်မြင့်မှာ တင်ပြ

စစ်ကောင်စီ ရက်စက်ယုတ်မာခဲ့တဲ့ ဘုတလင် စီပါရွာ လူသတ်မှုဖြစ်စဉ်ကို ကုလသမဂ္ဂညီလာခံမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာကာသိအောင် တင်ပြခဲ့ပါတယ်။