မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဝင် သားအဖ၂ယောက်ကို သေနတ်သမားတွေက နေအိမ်ထဲဝင်ရောက်ပစ်ခတ်ရာ နေရာတင် သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၃ရက်၊ မနေ့က ညပိုင်းမှာ ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင် ဦးမြင့်အောင်ဆိုသူနဲ့ သမီးဖြစ်သူ မဝင်းနုခိုင် (ခ) မကေတို့ နေအိမ်အတွင်းရှိနေချိန် လူ၄ယောက်က ဆိုင်ကယ်၂စီးနဲ့ ရောက်လာပြီး သေနတ်နဲ့ ၈ချက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် ဦးမြင့်အောင်နဲ့ သမီးဖြစ်သူတို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့အတူ အခင်းနေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ ဦးမြင့်အောင်အနေနဲ့ လက်ရှိမှာ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးအတွင်းရေးမှူးအဖြစ် လုပ်ဆောင်နေပြီး သမီးဖြစ်သူ မဝင်းနုခိုင်(ခ)မကေ ကလည်း ကြံ့ခိုင်ရေးပါတီ လူငယ်ရေးရာအဖွဲ့ဝင်ဖြစ်တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ဒီဘက်ကမှာ နိုင်ငံရေးပါတီဝင်တွေ ပစ်ခတ်ခံနေရတာက ခဏခဏဖြစ်နေတော့။ အခုလည်း ကြံ့ခိုင်ရေးပါတီဝင်မလို့ ပစ်သွားတယ်လို့တော့ ထင်တယ်။”လို့ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီကို မမှန်မကန်သတင်းပေးရင်း၊ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်ငွေညှစ်နေတဲ့ သထုံမြို့နယ်၊ ဂေါ့ကျေးရွာနေ သထုံခရိုင်တရားရုံးဝန်ထမ်း ဒေါ်သင်းသင်းမြတ်နဲ့ ခင်ပွန်းဖြစ်သူ ဦးကျော်ဟိန်းတို့ကို အမည်မသိ သေနတ်သမားတွေက နေအိမ်ထဲအထိ ဝင်ရောက်ပစ်ခတ်ရှင်းလင်းသွားခဲ့ပါသေးတယ်။
မွန်ပြည်နယ်ထဲက ကျိုက်ထို၊ ဘီးလင်းနဲ့ ပေါင်မြို့နယ်တွေမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပါတီဝင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ဒလန်ဆိုသူတွေ မကြာခဏ ပစ်ခတ်ရှင်းလင်းခံရလေ့ရှိတယ်လို့လည်း သိရပါတယ်။
0 Shares:
You May Also Like
Read More

ဒီပဲယင်းနယ်က စိုင်ပြင်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ ဒေသခံ ၁ ဦး သေပြီး ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ကို အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကရင်နီပြည်မှာ စစ်ကောင်စီကင်းစင်ရေး ၂၀၂၅ အတွင်း အရှိန်မြှင့်မယ်လို့ KNDF ပြော

ကရင်နီပြည်ထဲက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို  ၂၀၂၅ အတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ဖို့ ရည်မှန်ထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောကြားလိုက်ပါတယ်။
Read More

ရွှေဘိုခရိုင် PDF တပ်ရင်း ၄ မှ စိုးမိုးနယ်မြေရှိ ဒေသခံများကို လေကြောင်းအန္တရာယ် အသိပညာပေးပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် တပ်ရင်း (၄)က အကြမ်း ဖက်စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ် နဲ့ ပတ်သက်ပြီး ဆောင်ရန် ၊ ရှောင်ရန်တွေ အသိပညာပေးဟောပြောခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ပြီး အောင်ပွဲနှင့် ပြန်လာသည့် တနင်္သာရီ ပကဖ တပ်ဖွဲ့ဝင်များကို ပြည်သူလူထု ဂုဏ်ပြုကြိုဆို

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ကို အောင်မြင်စွာတိုက်ခိုက်ပြီး ပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို တနင်္သာရီမြို့နယ် ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းငလျင်ကြောင့် နေပြည်တော် စစ်ရုံးချုပ် ၅၀ ရာခိုင်နှုန်း ပျက်စီးဟု ဆို

စစ်ကိုင်းကို အခြေပြုလှုတ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်က စစ်ရုံးချုပ် အဆောက်အဦးတွေ ၅၀ ရာခိုင်နှုန်း ပျက်စီးကုန်တယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေသည့် MOGE ကို ဆွစ်ဇာလန်ဒဏ်ခတ်ပိတ်ဆို့ အရေးယူ

အာဏာသိမ်းစစ်တပ်က ၀င်ငွေတွေ မြောက်မြားစွာ ရရှိနေတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဆွစ်ဇာလန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပြီ ဖြစ်ပါတယ်။