အခုနှစ် ၂၀၂၄ ခုနှစ်ဟာ အာဏာသိမ်းချိန်ကစခဲ့လို့ တော်လှန်ရေးကာလရှည်ကြီးအတွင်း အောင်မြင်ခဲ့တဲ့ နှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
NUG ရဲ့ပြည်ထောင်စုဝန်ကြီးက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တော်၊ ကုလသမဂ္ဂဌာနချုပ်၊ Dag Hammarskjold plaza တွင် စက်တင်ဘာ (၂၁) ရက်က သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလစင်မြင့်မှာဆက်လက် ရှိနေရေး ဆန္ဒထုတ်ဖော်ပွဲမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
“တော်လှန်ရေးကို စတင်မယ်လို့ပြောထဲက ဒီနေ့အထိ ကျွန်တော်တို့ရဲ့ အောင်မြင်မှုဟာ တစ်ရက်လေးမှနောက်ပြန်မလှည့်ခဲ့ဘူး လက်လျှော့ အရှုံးမပေးခဲ့ဘူး ဒါဟာတော်လှန်ရေးမှာ နေ့စဉ်အောင်မြင်နေခြင်းပဲ အထူးသဖြင့်ပြောရမယ်ဆိုရင်တော့ ဒီ ၂၀၂၄ ဟာ အောင်မြင်တဲ့နှစ် Victory Year လို့တောင်ပြောရမှာ ဖြစ်ပါတယ် “လို့ပါမောက္ခဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
၂၀၂၄ ခုနှစ်အတွင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စွမ်းပကားကြောင့် နိုင်ငံတစ်ဝန်း မြို့ရွာတွေကို သိမ်းပိုက်ထိန်းချုပ်နိုင်မှုကို ဒေါက်တာဇော်ဝေစိုးက ရည်ညွှန်းပြောဆိုလိုက်တာပါ။
တော်လှန်ရေးအတွင်း အခက်အခဲတွေ ဆုံးရှုံးမှုတွေရှိခဲ့ပေမယ့် ဦးကျော်မိုးထွန်းလို ပြည်သူတွေကိုယ်စားပြုပေးခဲ့တဲ့ကုလမှာ မြန်မာပြည်ကိုယ်စားပြု သံအမတ်ကြီးရှိခဲ့လို့ တော်လှန်ရေးခရီးက ဒီနေ့အထိ တိုးပေါက်နေတာလို့ ဒေါက်တာဇော်ဝေစိုးက ဂုဏ်ပြု ပြောကြားခဲ့ပါတယ်။
လာမယ့် ၂၀၂၅ မှာလည်း အကောင်းမြင်ဆုံး အအောင်မြင်ဆုံးနှစ်တစ်ခု အဖြစ် တော်လှန်ရေးခရီးဆုံးတိုင် ဆက်လက်လျှောက်လှမ်းကြဖို့ ပြည်သူတွေအားလုံးကို တိုက်တွန်းနှိုးဆော်ကြောင်း ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
0 Shares:
You May Also Like
Read More

သတ်မှတ်ရန်ပုံငွေထက် ၂ဆကျော်ရရှိခဲ့လို့ မင်းတပ်မြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်မယ်လို့ ချင်းတော်လှန်ရေးတပ် ကြွေးကြော်

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ သတ်မှတ်ထားတဲ့ ရန်ပုံငွေ ထက် ၂ဆကျော် ရရှိခဲ့တာကြောင့် မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာဆင်နွှဲသွားမယ်လို့ ချင်းကာကွယ်ရေးတပ် (မင်းတပ်) က ဒီနေ့ ဒီဇင်ဘာလ ၂ ရကမှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသက PDF တွေဆီ စစ်ကောင်စီတပ်သား ၃ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဗျူဟာ ၂၇ ကို ‌စစ်ကောင်စီတပ်သား ၃ ယောက် လက်နက်နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မြို့နယ်တွင် ၂၈ နှစ်ကျော်ကြာ တပ်စွဲထားသည့် စစ်တပ်၏ ထီးကပလယ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း နှစ်ပေါင်း ၂၈ နှစ်ကျော် အကြမ်းဖက်စစ်တပ် ဝင်ရောက်ကျူးကျော် တပ်စွဲထားတဲ့ ထီးကပလယ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စဥ့်ကူးမှာ ​ငလျင်ကြောင့် သေဆုံးသူ ၃၆ ဦးနှင့် ပြင်းထန်ဒဏ်ရာရသူ ၂၀ ဦးအပါ ၉၀ ဦး ဒဏ်ရာရ… မတ္တရာမှာ မြို့ပေါ်ကမပါဘဲ သေဆုံးသူ ၈ ဦးရှိပြီး သေဆုံးသူ ၈ ဦးနှင့် ဒဏ်ရာရသူ ၁၇ ဦးရှိ…

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်(မြို့ပေါ် မပါ) တွေမှာ ပြင်းထန်ငလျင်ကြောင့် ၄၄ ယောက် သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူ အယောက် ၂၀ အပါအဝင် ၁၀၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်မြို့နယ်က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

SNA ရှမ်းနီတပ်များ၏ ဖမ်းဆီးခြင်းခံရပြီး စစ်မှုထမ်းတပ်သားဖြစ်လာသူ ၁ဦး လက်နက်နှင့် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း​မြို့နယ်အတွင်း ရွှေမျှောလုပ်ငန်းလုပ်ကိုင်နေရင်း SNA ရှမ်းနီတပ်ရဲ့ဖမ်းဆီးခြင်းခံရပြီး စစ်ကောင်စီတပ်သားဖြစ်လာသူ ၁ ယောက် တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာကြောင်း ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ၏ ဆေးခန်းတာဝန်ခံ ကျဆုံး

ကရင်နီ နယ်လှည့်ကျန်းမာရေးကော်မတီ - Karenni Mobile Health Committee (KnMHC) ရဲ့ ဆေးခန်းတာဝန်ခံ (Clinic In-Charge) တစ်ယောက်ဖြစ်သူ အသက် ၂၆ နှစ်အရွယ် Soe Reh ဟာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။