ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်နေတဲ့ ကျေးရွာတွေကို ဧရာဝတီတပ်ရင်း၃ စစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ရေဘေးကယ်ဆယ်ရေးအပြင် စားနပ်ရိက္ခာ လှူဒါန်းမှုတွေကိုပါ ပြုလုပ်နေကြကြောင်း သိရပါတယ်။
ရေဘေးသင့်ပြီး စားရေးသောက်ရေးအခက်အခဲ ဖြစ်နေကြရတဲ့ ပြည်သူတွေကို အဝတ်အထည်၊ သောက်ရေသန့်နဲ့ စားစရာတွေကိုပါ လှူဒါန်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“ဧရာဝတီမှာက တပ်ရင်း ၃ရင်းနဲ့ စစ်ကြောင်း ၁ကြောင်းတော့ လက်ရှိအခြေအနေမှာ ရှိပါတယ်။ဧရာဝတီ တပ်ရင်း ၁၊ ဟင်္သာတခရိုင်တပ်ရင်း၂၊ ဧရာဝတီတပ်ရင်း ၃ နဲ့ ရိုးမခရိုင်စစ်ကြောင်း ၁ကြောင်း ရှိပါတယ်ဗျ။ ကျနော်တို့စစ်ကြောင်းမှာက ဧရာဝတီ တစ်တိုင်းလုံးမှာရှိတဲ့ မြို့နယ် ၂၆မြို့နယ်က တော်လှန်ရေးရဲဘော်တွေအားလုံး ပေါင်းစုထားတာဖြစ်ပါတယ်။ လက်ရှိ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတဲ့နေရာတွေရဲ့ လိုအပ်မှုတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ကယ်ဆယ်ရေးနဲ့ လှူဒန်းမှုတွေကိုပါ လုပ်ဆောင်နေတာကြတာပါ” လို့ ဧရာဝတီ တပ်ရင်း ၃ မှာ ဒုတပ်ရင်းမှူး တာဝန်ယူဆောင်ရွက်နေတဲ့ ရဲဘော်စောဝေလ က မောင်းကိုပြောပါတယ်။
သူကပဲ ဆက်ပြီး “တပ်ရင်းတပ်ဖွဲ့တွေ ၇ဖွဲ့လောက်က ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ မြန်မာတပြည်လုံးမှာ ဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို အတူတကွ ဖြေရှင်း ဆောင်ရွက်နေကြရတာပါ။ မိမိသဘောဆန္ဒအလျှောက် လုပ်ဆောင်နေကြတာမဟုတ်ဘဲ စီမံခန့်ခွဲမှုအဆင့်ဆင့်နဲ့ ကယ်ဆယ်ရေးတာဝန်တွေ လုပ်ဆောင်နေတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
နိုင်ငံအနှံ့ ရေကြီးရေလျှံကာ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရချိန်မှာ တော်လှန်ရေးရဲဘော်တွေက တိုက်ပွဲတွေကြားကပဲ ပြည်သူတွေကို တတ်နိုင်တဲ့ဘက်က ကူညီပေးနေပေမယ့် အာဏာသိမ်းစစ်တပ်ကတော့ တနေ့တခြား အရပ်သားတွေကို ပိုမိုပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – တော်လှန်ရေးတပ်ဖွဲ့များက ရေဘေးကယ်ဆယ်ရေးနဲ့ စားနပ်ရိက္ခာ လှူဒါန်းမှုတွေ ပြုလုပ်နေစဉ်
0 Shares:
You May Also Like
Read More

ဇူလိုင်လအတွင်း စစ်အုပ်စုကြောင့် သေဆုံးခဲ့သူ ၁၀၄ ဦးကို အတည်ပြုထားနိုင်၊ အတည်မပြုရသေးသည့် သေဆုံးသူ ၁၄၀ ဦးရှိဟု AAPP ထုတ်ပြန်

နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင်လ ၁ လတာအတွင်း အရပ်သားပြည်သူ ၁၀၄ ယောက် သေဆုံးခဲ့တာကို အတည်ပြုထားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မုံရွာ နမခကိုလာတဲ့ စစ်တပ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ယောက် သေ၊ ၅ ယောက် အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အနောက်​မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို လာတဲ့ စစ်တပ်ယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၂ ယောက် သေကာ ၅ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Brave Heart Army - BHA အဖွဲ့ က ထုတ်ပြန်ထားပါတယ်။
Read More

ကျုံဒိုးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် လသားကလေးငယ်အပါ ကလေးငယ် ၄ ဦး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လသားအရွယ် ကလေးငယ် တစ်ယောက်အပါအဝင် အပြစ်မဲ့ ကလေးငယ်(၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) - ဒူးပလာယာခရိုင်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အရက်မူးကာ သွေးသစ္စာသီချင်း မြို့ပတ် အော်ဆိုခဲ့သည့် ကျောင်းအုပ်ဆရာကြီးအပါ ၃ ဦးကို စစ်တပ် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်မှာ အရက်မူးပြီး သွေးသစ္စာသီချင်းအော်ဆိုခဲ့တဲ့ ကျောင်းအုပ်ဆရာ ကြီး ၁ယောက် အပါအဝင် ပညာရေးဝန်ထမ်း ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငလျင်ဘေးသင့်ချိန် အာဏာသိမ်း စစ်ခေါင်းဆောင် အေးသင်္ကြန်ဟု အမည်တပ်ကာ ဆင်နွှဲ

နိုင်ငံတစ်ဝန်း ငလျင်ဘေးသင့်နေချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ နေပြည်တော်မှာ “အေးသင်္ကြန်” လို့ နာမည်တပ်ကာ သင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

KIA နှင့် TNLA ရှေ့ပြေးညှိနှိုင်းရေးများ စတင်နေပြီဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် အသိပေး

ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA နဲ့ တအာင်းတပ်မတော် PSLF/TNLA တို့ နှစ်ဖွဲ့ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးတွေ စတင်နေပြီလို့ KIA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် အသိပေးပြောကြားပါတယ်။