ယောဒေသအတွင်း အခြေစိုက်ကာ စစ်အာဏာရှင်တော်လှန်ရေးကို လှုပ်ရှားဆောင်ရွက်နေတဲ့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံးက လက်နက်ပြန်အပ်ဖို့ အကြောင်းကြားတဲ့စာကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အပါအဝင် တပ်ရင်းတပ်ဖွဲ့တချို့ကို စက်တင်ဘာလ (၂၄) ရက် နောက်ဆုံးထားပြီး လက်နက်ခဲယမ်းတွေ ပြန်လည်အပ်နှံကြဖို့ ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံးက စက်တင်ဘာလ (၁၆) ရက် ရက်စွဲနဲ့ အကြောင်းကြားစာ ပေးပို့ခဲ့တာပါ။

အဲ့ဒီအကြောင်းကြားစာမှာ ခိုင်လုံတဲ့ အကြောင်းပြချက်မပါရှိဘဲ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး အဖွဲ့အစည်းတွေအပေါ် လေးစားမှုမရှိစွာ ဆက်ဆံမှုလို့ ယူဆကြောင်း YPDF က ဆိုပါတယ်။

ပြန်လည်အပ်နှံဖို့ အကြောင်းကြားလာတဲ့ လက်နက်တွေကလည်း ခွဲမှူးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းရဲဘော်တွေကတဆင့် တော်လှန်ရေးလုပ်ဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ထုတ်ပေးခဲ့တဲ့ လက်နက်တွေ ဖြစ်တယ်လို့ YPDF က ဆိုပါတယ်။

YPDF တပ်ဖွဲ့အနေနဲ့ သေနတ် စုစုပေါင်း (၄) လက်ရရှိခဲ့ပြီး ဒီနေ့အချိန်ထိ အဲ့ဒီလက်နက်တွေကို တလွဲအသုံးချခြင်း၊ ရောင်းစားခြင်း၊ NUG ယန္တရားတွေအပေါ် ဝင်ရောက်စွက်ဖက်ခြင်း၊ အနှောင့်အယှက်ပြုခြင်း၊ ပြည်သူလူထုကို အနိုင်ကျင့် ခြိမ်းခြောက်ခြင်းတွေ လုံးဝမရှိခဲ့ဘူးလို့ YPDF က ဆိုပါတယ်။

ဂန့်ဂေါခရိုင်ကွပ်ကဲရေးရုံးရဲ့ အပြုအမူဟာ ကြီးနိုင်ငယ်ညှဉ်း လုပ်တာဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးလမ်းကြောင်းကို အဟန့်အတား အနှောင့်အယှက်ဖြစ်စေပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန်ယုံကြည်မှု လျော့ကျကာ မလိုလားအပ်တဲ့ ပဋိပက္ခတွေကို ဦးတည်စေတယ်လို့ ရှုမြင်ယူဆကြောင်း YPDF က ဆိုပါတယ်။

ထုတ်ပေးထားတဲ့ လက်နက်တွေ ပြန်လည်အပ်နှံစေချင်ရင် မူလက စတင်ချိတ်ဆက်ဆောင်ရွက်ခဲ့ချိန်ကအတိုင်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဆောင်ပြီး တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျန်ရှိနေတဲ့ ကိစ္စရပ်တွေကို အရင်ဆုံး ဖြေရှင်းပြီးမှသာ ဆက်လက်ဆောင်ရွက်လို့ ရမယ်လို့ YPDF က ဆိုပါတယ်။

YPDF အနေနဲ့ လတ်တလောမှာ အဲ့ဒီလက်နက်တွေကို ပြန်လည်မအပ်နှံနိုင်သေးကြောင်းနဲ့ အခုလိုအပြန်အလှန် လေးစားမှုမရှိဘဲ ပြုမူဆောင်ရွက်တဲ့အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

ပုံစာ – YPDF တပ်ဖွဲ့ဝင်များ

0 Shares:
You May Also Like
Read More

စစ်တပ်ရိက္ခာကား မောင်းပေးသူတစ်ဦးကို အကြမ်းဖက် စစ်အုပ်စု သတ်ဖြတ်

မကွေးတိုင်း၊ ပခုက္ကူကနေထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရိက္ခာကားမောင်းနှင်းလာသူတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဘောလခဲရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့သည့် ကရင်နီဝံပုလွေစစ်ကြောင်းမှ တော်လှန်ရဲဘော်၏ စျာပနအခမ်းအနား

ကရင်နီပြည်နယ်၊ ဘောလခဲမြို့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့ကြောင်း ကရင်နီဝံပုလွေစစ်ကြောင်းက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

မုံရွာမှာ စစ်ကြောင်းထိုး လူဖမ်းတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ၂ရက်ဆက် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်​မှာ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
Read More

ပေါက်ခေါင်းမြို့နယ် စစ်ကော်မရှင်တပ် ဂိတ်စခန်းကို သွားရောက်တိုက်ခိုက်၊ စစ်ကော်မရှင်တပ်သား ၅ ဦး သေပြီး ၃ ဦး အရှင်ဖမ်းမိ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ အကြမ်းဖက်စစ်‌ကော်မရှင်တပ်ရဲ့ ဂိတ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းရဲ့ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံဆီိက သိရပါတယ်။
Read More

မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းတို့တွင် ငလျင်ကြောင့် သေဆုံးသူ ၄၄ယောက်နှင့် ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အတွင်းက မြို့နယ် ၃ခုမှာ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူ ၄၄ယောက် နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိခဲ့ပြီး နေအိမ်အဆောက်အဦး၊ ဘုရားကျောင်းကန်တွေ ပြိုကျပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မိစ္ဆာစစ်တပ်ကြောင့် မရှုမလှ အသက်ပေးခဲ့ရတဲ့ စီပါရွာသားတွေအတွက် ပရိတ်တရားနာ ပြုလုပ်ပေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်စွာ သတ်ဖြတ်မှုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံတွေ သေဆုံးခဲ့ရပြီး သေဆုံးသူတွေအတွက် ပရိတ်တရားနာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။