ကရင်နီဒေသ၊ မယ်စဲ့မြို့က မယ်စဲ့တံတား ရေကြီးနစ်မြုပ်မှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ ၂၁ရက်၊ မနေ့က မနက်ပိုင်းမှာ တံတား ကျိုးကျသွားတာဖြစ်ပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
“မနေ့က ခရီးသွားတဲ့အချိန်မှာ ကျိုးကျသွားတာပါ။ စိမ့်ရေကလည်းရှိ၊ မိုးကလည်းရွာထားပြီး တံတားက လုံးဝကျိုးကျပျက်စီးသွားတာပါ။ အခက်အခဲတော့ဖြစ်ကြရတာပေါ့။ ကားတွေလည်းပိတ်မိနေကြတယ်” လို့ ခရီးသည် အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
“လတ်တလောတော့ လမ်းလွှဲကို ခရီးသွားတွေ ဝိုင်းဝန်းလုပ်ဆောင်နေကြတယ်။ ကားတွေကတော့ရောက်တဲ့နေရာကနေ ပြန်လှည့်ကြရတယ်” လို့လည်း သူက ဆက်ပြောပါတယ်။
လက်ရှိကျိုးကျသွားတဲ့ မယ်စဲ့တံတားဟာ ကရင်ပြည်နယ်ဘက်ကနေ ကရင်နီဒေသကို အဓိက သွားလာရ လွယ်ကူစေတဲ့လမ်းဖြစ်တယ်လို့လည်း ခရီးသွားလာသူတွေဆီက သိရပါတယ်။
ဓာတ်ပုံ – မယ်စဲ့တံတား ရေစီးကြောင့် ကျိုးကျပျက်စီးနေပုံ
0 Shares:
You May Also Like
Read More

ဂန့်ဂေါခရိုင်တပ်ရင်း (၅) ရင်း စုဖွဲ့လေ့ကျင့်မှုတွေ လုပ်ဆောင်နေ…

မကွေးတိုင်းအခြေစိုက် ဂန့်ဂေါခရိုင် ၊ ခရိုင်အမှတ် (၁၃၊၁၅၊၁၆၊၁၇၊၁၈) တပ်ရင်းတွေအနေနဲ့ ဒေသအတွင်း တော်လှန်ရေးအင်အားစုတွေ ကျစ်လျစ်အားကောင်းလာစေဖို့ ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်က စတင်လို့ စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့ရာ ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်တွေနဲ့အညီ တိုက်ပွဲအချို့လည်း ဖော်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
Read More

ဆက်ကြေးကောက် ငွေညှစ်ဖို့ထွက်လာသည့် စစ်သားများ ကင်းပုန်းဝပ်တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ သေနတ်၂ လက်နှင့် ပစ္စည်းတချို့ ပြောက်ကျားတပ်ဖွဲ့ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စောင့်ကြိုတိုက်ခိုက်ရာမှာ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၂ လက်နဲ့ ပစ္စည်း တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့-မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီကို တိုက်ခိုက်နေသည့် NUG ၊ EAO နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို နည်းပညာပိုင်းအရ ကူညီရန် အသင့်ရှိကြောင်း Federal Wings ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO) တွေနဲ့ ဒေသတွင်း(Local) လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို နည်းပညာပိုင်းအရ ကူညီဖို့ အသင့်ရှိတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၃၀ ကျော်မှာ တိုက်ပွဲတွေဖြစ်ပွားနေ

နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၂၃၀ ကျော် ၇၀ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ စစ်တမ်းမှာ ဖော်ပြလာပါတယ်။
Read More

ဆင်ကော်နယ်မြေရဲစခန်းနှင့် စ​​စ်ကူများကိုတိုက်ခိုက်မှုအတွင်း ကား ၁ စီးနှင့် ဒရုန်းများ မီးရှို့ဖျက်ဆီးနိုင်ခဲ့ဟု သရက် PDF ပြော

မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့နယ်အတွင်းက ဆင်ကော်နယ်မြေရဲစခန်းနဲ့ စစ်ကူစစ်ကြောင်းတွေကို (၂) ပတ်ကြာ ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်သေဆုံးမှုတွေအပြင် စစ်ကား (၁) စီးနဲ့ သေခံဒရုန်းတွေ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်နဲ့ ပဲခူး နယ်မြေအတွင်းပိုင်းအထိ စိုးမိုးထိန်းချုပ်နိုင်ဖို့ PDF တပ်ရင်းတပ်ဖွဲ့အချို့ စတင်ပြောင်းရွှေ့

ရန်ကုန် နဲ့ပဲခူးရဲ့ နယ်မြေအတွင်းပိုင်းကို စိုးမိုးထိန်းချုပ်နိုင်ဖို့ တောင်ပိုင်းစစ်ဒေသကတပ်ဖွဲ့ဝင်တွေကို စတင်ရွှေ့ပြောင်းနေပြီဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ရုပ်သံနဲ့တကွ အသိပေးထုတ်ပြန်လိုက်ပါတယ်။