ရာဂီမုန်တိုင်းရဲ့ အရှိန်ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးရသူ ၃၈၀ ကျော်သွားပြီလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ရေဘေးနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ မြင့်တက်ခဲ့ရပြီး သေဆုံးသူ ၃၈၄ ယောက်နဲ့ ပျောက်ဆုံးသူ ၈၉ ယောက်ရှိကြောင်း မင်းအောင်လှိုင်က စက်တင်ဘာ ၂၁ ရက်နေ့ နေပြည်တော်မှာ ရေဘေးအလှူရှင်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်တာပါ။
အထူးသဖြင့် တိုင်းနဲ့ ပြည်နယ် ၉ ခု၊ မြို့နယ်ပေါင်း ၅၄ မြို့နယ်မှာ ရေကြီးရေလျှံခဲ့ပြီး နေပြည်တော်၊ ကရင်၊ ပဲခူး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီ စတဲ့ တိုင်းနဲ့ပြည်နယ်တွေက လူပေါင်း ၃၈၄ ယောက် သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။
ဒါဟာ စစ်ကောင်စီက ထုတ်ပြန်လာတဲ့ စာရင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာထိခိုက်သေဆုံးရတဲ့ စာရင်းတွေတော့ ပါဝင်ခြင်း မရှိသေးပါဘူး။
လူပေါင်း တစ်သိန်းခွဲနီးပါး (၁၄၈,၆၄၃) ရေဘေးဒဏ်ခံခဲ့ရပြီး ၈၉ ယောက် စပါးစိုက်ဧကပေါင်း ခုနစ်သိန်းကျော် ပျက်စီးခဲ့ရကာ ပျက်စီးသွားတဲ့ အဆောက်အဦးပေါင်း နှစ်ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံး ကြုံတွေ့ခဲ့ရတဲ့ရေဘေးအတွက် ပြန်လည်ထူထောင်ဖို့ ပြည်တွင်း အလှူရှင်တွေက စစ်ကောင်စီထံ ကျပ်ငွေ ၃၂ ဘီလီယံ လှူဒါန်းထားပြီလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကုလနဲ့ အီးယူ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ရေဘေးသင့် မြန်မာနိုင်ငံကို ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့လည်း တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ချောက်မှာ အကြမ်းဖက်စစ်တပ်က မြေပြင်ဝေဟင် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလို့ အရပ်သား ၂သောင်းကျော် ထွက်ပြေးနေရ၊ တိုက်ပွဲအတွင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတ ကျဆုံးခဲ့

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အင်အားအလုံးအရင်းသုံးကာ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ၃ ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဒီပဲယင်းမြို့နယ်ထဲက စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲ၊ လက်ရှိအချိန်ထိ ဆရာမ ၂ဦးနှင့် ကျောင်းသားကျောင်းသူ ကလေးငယ် ၁၁ ဦးသေဆုံးဟုသိရ၊ အများအပြား ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဆရာမ ၂ယောက်၊ ကျောင်းသားကျောင်းသူ ကလေးငယ်တချို့ရဲ့ အလောင်းတွေ ရရှိထားကြောင်း ကနဦးသိရှိရပြီး ထိခိုက်သေဆုံးမှု ပိုမိုများပြားလာနိုင်တယ်လို့ ​ဒေသခံတွေဆီက သိရပါတယ်။
Read More

ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ လက်ခံရရှိထားဟု စစ်ကောင်စီ ပြော

နိုင်ငံတကာကနေ ငလျင်အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတန်ချိန် ၂၂၁၀ ကို လက်ခံရရှိထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောပါတယ်။
Read More

မန္တလေးငလျင်ကြီးဟု အတူတူ ခေါ်ဝေါ်ကြဖို့ ဇော်မင်းထွန်း ပြော

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိ ငလျင်ကြီးနဲ့ ပတ်သက်ပြီး ခေါ်ဝေါ် ရည်ညွှန်းရာမှာ မန္တလေးငလျင်ကြီးလို့ သုံးနှုန်းကြဖို့ အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းကို ဗုံးခွဲတိုက်ခိုက်

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုရှိတယ်လို့ နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဇွန်လ နောက်ဆုံးအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သားနှင့် ရဲ ၂၃ ဦး အလင်းဝင်လာ၊ စစ်သုံ့ပန်းအဖြစ် ၄၀ ဦးကို ဖမ်းမိ

ပြီးခဲ့တဲ့ ဇွန်လ စတုတ္တပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ စစ်သား နဲ့ ရဲ ၂၃ ယောက် အလင်းဝင်လာပြီး စစ်သုံ့ပန်းအဖြစ် အယောက် ၄၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။