စစ်ကောင်စီက ရေးဘေးကူညီဖို့အတွက် သူတို့လက်အောက်ခံ ဝန်ကြီးဌာနတွေကို ဌာနအလိုက် ငွေကောက်ခံကာ အလှူ့လက်ဖက်နဲ့ မျက်နှာ လုပ်နေပြန်ပါတယ်။
မြန်မာနိုင်ငံတဝန်းခံစားနေကြရတဲ့ ရေဘေးဒုက္ခကို ကူညီဖို့ဆိုပြီး မြို့နယ်အသီးသီးက Non-CDM ဝန်ထမ်းတွေ၊ သူတို့နဲ့ နီးစပ်တဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေထံက ငွေကောက်ခံနေတယ်လို့ ပြည်သူတွေထံကနေ ကြားသိရပါတယ်။
“အခုဆို ရေဘေးလိုက်လှူနေတဲ့ ပရဟိတအဖွဲ့တွေဆီကနေ ငွေကောက်နေတာ။ ဒီစကစ အုပ်ချုပ်ရေးအဖွဲ့တွေက အသင်းအလိုက်ကို ကိုယ်တိုင်ပေးမလှူဘဲ သူတို့ကောက်လို့ရတဲ့ငွေတွေ ကိုယ်စားလှူမယ်ဆိုပြီး ငွေကောက်နေပါတယ်။ ငွေကတော့ ၁၀ သိန်းကနေ၊ သိန်း ၅၀ ထိ အသီးသီးပဲ ကောက်နေတာ။“ လို့ ပြည်မြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ခရိုင်အလိုက်၊ မြို့နယ်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုပါ တစ်ရပ်ကွက်ကို ကျပ်ငွေ ၁၀ သိန်းအထိ ကောက်ခံနေတယ်လို့ သိရပါတယ်။
သူကပဲ ဆက်လက်ပြီး “ အခုက မြို့နယ်တိုင်းကို ကောက်နေတာပါ။ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ သူဌေးတွေ၊ ဌာနဆိုင်ရာဆိုရင်လည်း ဌာနဆိုင်ရာအလျောက် တစ်ဌာနကို ဘယ်လောက်ဆိုပြီးတော့ ခွဲတမ်းချပြီး ကောက်တာပေါ့နော်။ အကုန်လုံးကို စုပြီးတော့မှ မင်းအောင်လှိုင်ကို ပြန်ပေးတဲ့ သဘောမျိုးပါပဲ။ ဒါက ပြည်တခုတည်းမဟုတ်ဘူးနော်…သာယာဝတီရော… အကုန်လုံး မြို့နယ်တိုင်းကို ကောက်နေတာပါ။” လို့ ဆိုပါတယ်။
0 Shares:
You May Also Like
Read More

တရုတ်၏ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုများက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန် မဖြစ်စေသင့်ကြောင်း NUG ယာယီသမ္မတ ပြောကြား၊ NUG ဟာ တရုတ်၏ အကျိုးစီးပွါးကို ထိခိုက်စေမည့်အဖွဲ့ မဟုတ်ဘူးဟုဆို

တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ မဖြစ်စေသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ပြုလုပ်တဲ့ NUG အစိုးရရဲ့ ၁၃ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ စစ်ရေးလှုပ်ရှားနေသည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားများ ကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ P29999 - အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်မှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းတွေမှာ တပြိုင်တည်း ကျင်းပခဲ့တယ်လို့ ဒီနေ့မှာ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မြိုင်စက်မှု (၂) နားရှိ တောတိုက်တွေထဲကနေ ခိုးယူဖို့ထွက်လာတဲ့ စစ်ကော်မရှင်တပ်သား ၂ ဦး ပစ်ခတ်ခံရလို့ ၁ ဦး သေဆုံး ၊ ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင် စက်မှု (၂) နားက တောတိုက်တွေထဲကနေ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ခိုးယူဖို့ထွက်လာတဲ့ စစ်သား ၂ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အညာမြေပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

Spring Warriors Column က စိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေအချို့ ပေးအပ်… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ရိုးမဗျူဟာ ၄ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ ၊ Spring Warriors Column က တပ်ရင်းစိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေအချို့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်မှ စစ်တပ် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အာဏာသိမ်းစစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်တွေနဲ့ လှည့်လည်သပိတ်မှောက်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုထံက သိရပါတယ်။
Read More

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတကာရဲ့ ထောက်ခံယုံကြည်မှုရထားဟု မင်းအောင်လှိုင် ခပ်တည်တည်နှင့်ပြော

စစ်ကောင်စီက ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာရဲ့ အပြည့်အ၀ ထောက်ခံယုံကြည်မှုတွေ ရရှိထားပြီလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။