စစ်ကိုင်းတိုင်း မင်းကွန်းနယ်မြေရဲစခန်းနဲ့ မြသိန်းတန်းဘုရားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီး ၁၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
စက်တင်ဘာ ၁၉ ရက်ကနေ ၂၁ ရက်အထိ မြသိန်းတန်ဘုရားအရှေ့မုဒ်မှာ ဂိတ်ဖွင့်ပြီး ခရီးသွားပြည်သူတွေကို ငွေတောင်းနေတဲ့ စစ်ကောင်စီလက်အောက်ခံတွေနဲ့ မင်းကွန်းရဲစခန်းကို အဓိထားတိုက်ခိုက်ခဲ့ပြီး နယ်မြေအခြေအနေအရ ထိခိုက်မှုကို မသိရသေးဘူးလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ Acid LPDF၊ Royal Falcon Guerrilla force
နဲ့ Phoenix Sgg အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဟားခါးမြို့နယ် စာသင်ကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ၊ ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံးပြီး ကလေးအချို့ ပျောက်ဆုံးနေ (ရုပ်/သံ)

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို စစ်ကော်မရှင်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် (၁၀)နှစ်အရွယ် ကလေးငယ် ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ဇေယျဝတီမြို့ဘူတာရုံရှိ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်၊ စစ်သား ၃ ယောက် ဒဏ်ရာရပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း ‌‌တောင်ငူခရိုင် ဖြူးမြို့နယ် ဇေယျဝတီမြို့ဘူတာရုံရှိ စစ်ကောင်စီတပ်သားတွေကို ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် ဒဏ်ရာရရှိပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ တယ်လို့ ဖြူးမြို့နယ်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူ၊ ဆင်လူးကျေးရွာက စစ်ကောင်စီတပ် အထိုင်နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် အထိုင်နေရာတွေကို ဇန်နဝါရီ ၁၅ ရက်က ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ် အောင်သာဘဲရွာသစ်ပျူစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ ရဲဘော် ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာဘဲရွာသစ်မှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ပျူစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲဘော် ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Ayar Daung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့မှု Generation Z Power ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Generation Z Power က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရေးမြို့နယ် ကျုံလောင်းရွာဟောင်းအနီး ၃ ရက်တာတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံး (ရုပ်/သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းအနီး အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၃ ရက်ဆက် တိုက်ခိုက်ခဲ့ရာ ၇၀ ခန့်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ KBDF Drone-တပ်ဖွဲ့ထံက သိရပါတယ်။