ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ KNU က အသိပေးထုတ်ပြန်ပါတယ်။
ခလယ်လွီထူခရိုင်အတွင်း လယ်ဒိုမြို့နယ်၊ မူးမြို့နယ်နဲ့ ဆောထိမြို့နယ် စုစုပေါင်း နယ်မြေ ၃ ခု အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနဲ့ မြန်မာပြည်အထက်ပိုင်းက ရေတာတမံတွေကျိုးခြင်းကြောင့် ကျေးရွာတွေ ရေကြီးရေလျှံမှုဖြစ်ပေါ်နေတယ်လို့ KNU ကဆိုပါတယ်။
အထူးသဖြင့် ကျေးရွာပေါင်း ၂၈၉ ရွာ၊ အိမ်ခြေ ၃၂၂၄၆ လုံး၊ လူဦးရေ ၁၆၈,၄၂၇ ယောက် ရေဘေးသင့်နေပြီး
စပါးခင်းတွေရေလွှမ်းကာ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရေဘေးသင့်ပြည်သူတချို့လည်း နေရပ်ရွှေ့ပြောင်းမှုတွေပြုလုပ်နေရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်သွားမယ်လို့ KNU က ထုတ်ပြန်ပါတယ်။
လတ်တလောမှာ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီနဲ့ အဖွဲ့သားတွေက လှေတွေနဲ့ အမြင့်ပိုင်း နေရာတွေသို့ပို့ဆောင်ခြင်း၊ အရေးပေါ်အကူအညီထောက်ပံပေးခြင်းတွေ ပြုလုပ်ခဲ့ပေမယ့် လုံလောက်မှုမရှိဘဲ အရေးပေါ်အကူအညီနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အခုဒုတိယအကြိမ်မြောက် ရေကြီးရေလျှံမှုကြောင့် ကျောက်ကြီးမြို့နယ်အတွင်း ပြည်သူ ၂ယောက်လည်း သေဆုံးခဲ့ရကြောင်း ဖော်ပြထားပါတယ်။

ဓာတ်ပုံ – KNU

0 Shares:
You May Also Like
Read More

စလင်းမှ ဆင်ဖြူကျွန်းသို့ အင်အားလာဖြည့်သည့် စစ်ကောင်စီ သံပြားကာယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်ရာ ၁ ဦး သေ

မကွေးတိုင်း၊ စလင်းမြို့ကနေ ဆင်ဖြူကျွန်းမြို့ကို အင်အားလာဖြည့်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၂၀ ခန့်ပါ သံပြားကာကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် (BAMAR ARMY) က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် (TRI) ဗျူဟာ မှ PDF ရဲဘော် ၁ ဦးကျဆုံး၊ ငလျင်ဒဏ်သင့် ပြည်သူများကို အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကူအညီပေးနိုင်ရေး လုပ်ဆောင်နေဟု TRI ဗျူဟာ ပြော

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်ဒဏ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာက PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ TRI ဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

တောကျီးကန်း (၇) ကောင်တပ်ရင်း စိုးမိုးနယ်မြေအတွင်း ရေဘေးအန္တရာယ် ကာကွယ်မှုတွေကို ပြည်သူနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ (ဓာတ်ပုံသတင်း)

နိုင်ငံတစ်ဝန်းရှိ ဒေသအများအပြားမှာ သဘာဝ ရေဘေးအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့ခံစားနေရတဲ့ အချိန်အခါဖြစ်ရာ တောကျီးကန်း (၇) ကောင်တပ်ရင်း အနေနဲ့ ပဲခူးတိုင်း အရှေ့အခြမ်းရှိ စိုးမိုးနယ်မြေတွေအတွင်း ရေဘေးဒုက္ခ အန္တရာယ်ကို ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများနဲ့အတူ ပူးပေါင်းပြီး ရေကြီးရေလျှံ တားဆီးကာကွယ်ရေး အစီအမံတွေ ပြုလုပ်ဆောင်ရွက်နေတယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီပစ်မှတ် ၄နေရာကို တပြိုင်နက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်တော်သား ၈ ဦး သေဆုံး မြို့သိမ်းတိုက်ပွဲ၏ ခြေလှမ်းအစ ဖြစ်နိုင်သည်ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ ပြော

"အဓိကကတော့ ၉/ အညာမြ စစ်ဆင်ရေးမှာ ကျနော်တို့က မြို့ပြင်စစ်ဆင်ရေးထက်ကို မြို့ပြ စစ်ဆင်ရေးကို ဦးစားပေး လုပ်ခဲ့တာပေါ့နော်။ မြို့ထဲ စစ်ရေးမစ်ရှင်တွေကို တပြိုင်နက် လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူတွေအနေနဲ့ မြို့တွင်းမှာဆို သူတို့ လုံခြုံနေတယ်ဆိုတာ မဟုတ်ဘူးဆိုတာကို သိစေချင်တာပါ။ ပြီးတော့ ပြည်သူတွေကိုပေါ့နော် မြို့ဆိုတာ သိမ်းလို့ရတယ် ထိန်းဖို့က ခက်နေတာဆိုတဲ့ သတင်းကောင်းကိုလည်း ပေးချင်တာပါ။ ဒီဟာက မြို့သိမ်းတိုက်ပွဲရဲ့ ခြေလှမ်းအစလည်း ဖြစ်သွားနိုင်ပါတယ်" လို့ MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

KTLA တပ်ဖွဲ့များ ခြုံခိုတိုက်ခိုက်မှုကြာင့် KNLA တပ်မဟာ (၄) ရဲဘော် (၄) ဦး ထိခိုက်ဒဏ်ရာရဟု KNU ထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ ထီးမိုပွာနယ်မြေအတွင်း ကော်သူးလေစစ်တပ် (KTLA) ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် KNU တပ်မဟာ ၄ မှ ရဲဘော် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (‎KNU) - မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းတွင် စစ်အုပ်စု ဂိတ်စခန်း တိုက်ခိုက်ခံရကာ အကြမ်းဖက်စစ်သား ၂ ဦး သေပြီး ကျန်သူများ ထွက်ပြေး၊ ပေါင်းတည်တွင်လည်း စစ်အုပ်စု ဆိုင်ကယ်တန်း မိုင်းဆွဲခံရပြီး ၁ ဦး သေ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က စစ်အုပ်စု ဂိတ်စခန်း ဝင်ရောက်တိုက်ခိုက်မှုနဲ့ ပေါင်းတည်မြို့နယ်က အကြမ်းဖက်ဆိုင်ကယ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုတွေမှာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း PDF ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက မောင်းကို ပြောပါတယ်။