တိုင်းပြည်အတွက် ငွေကိုအသုံးပြုလိုပေမယ့် ဘတ်ဂျတ်ရှိနေတာနဲ့ စိတ်တိုင်းကျ အသုံးပြုခွင့်မရဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
ရေဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးတွေလုပ်ဆောင်ဖို့ အလှူငွေ ၃၂ ဘီလီယံကျော် ရရှိခဲ့တယ်လို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
“ဒီနေ့ ခင်ဗျားတို့ လှူတဲ့ ပိုက်ဆံက ၃၂ဘီလီယံကျော်ဟာ နည်းတဲ့ပိုက်ဆံမဟုတ်ပါဘူး။ ကျနော် တော်တော်ကြီးကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့လည်း ငွေသုံးရတာနဲ့ပတ်သက်လို့ရှိရင် အရမ်းသုံးလို့လည်းမရပါဘူး။ အရမ်းသုံးလို့ရှိရင် ဘတ်ဂျက်မှာလည်းသွားပြီးတော့ အများကြီး စကားပြောပါတယ်။ ဒါကြောင့် ဒီနေ့လှူဒါန်းတဲ့ဟာက နိုင်ငံရဲ့ဝန်တစ်ခုကို တစ်စိတ်တစ်ပိုင်း တာဝန်ယူပေးလိုက်တာလည်း ဖြစ်ပါတယ်“ လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က စက်တင်ဘာ ၂၁ရက်က နေပြည်တော်မြို့တော်ခန်းမမှာ အလှူရှင်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။
ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ပြည်တွင်းအလှူရှင်တွေက ကျပ် ၃၂ ဘီလျံကျော် ပေးအပ်လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။
ရရှိခဲ့တဲ့အလှူငွေဟာ ခန့်မှန်းထားတာထက်ပိုများနေတာကြောင့် အလှူရှင်တွေကို ကျေးဇူးတင်တယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။
ရရှိလာတဲ့ ၃၂ဘီလီယံကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ဘယ်လိုဘယ်ပုံ အသုံးပြုသွားမယ်ဆိုတာကိုတော့ ထုတ်ပြန်ပြောဆိုလာခြင်း မရှိပါဘူး။
မင်းအောင်လှိုင်ဟာ ပြည်ပက ပိတ်ဆို့မှုတွေကြောင့် တိုင်းပြည်တည်ဆောက်ရေးမှာ အခက်အခဲတွေရှိခဲ့ကြောင်းကြောင်း မကြာခဏထုတ်ဖော်ပြောဆိုလေ့ရှိပါတယ်။
0 Shares:
You May Also Like
Read More

တိုက်ကြီးမြို့မရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မြို့မရဲစခန်းကို ပြင်းအားမြင့်အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နတ်အိမ်တောင်စခန်း စစ်ကူလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ၄ ဦး သေပြီး လက်နက် ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အရှေ့ဘက်ခြမ်း ထိုင်း - မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ဖို့ လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၄ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ ( ၃၃ ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မွန်လက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့တည်းအောက် ဝင်ရောက်ပူးပေါင်းခြင်းထက် ညွန့်ပေါင်းပုံစံ စုဖွဲ့သင့်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ပြော

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပူးပေါင်းပြီး စစ်ရေး၊ နိုင်ငံရေး ပြန်လည် ဖွဲ့စည်းမှုအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က အဖွဲ့အစည်းတစ်ခုတည်းရဲ့ ဦးဆောင်မှုအစား အားလုံးပါဝင်တဲ့ ညွန့်ပေါင်းပုံစံ စုဖွဲ့သင့်ကြောင်း သဘောထားထုတ်ပြန်ပါတယ်။
Read More

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့…

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်ကာကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာအနီးတဝိုက်သို့ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှု ကြောင့် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားစည်းရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဦး PDF အတွက် လိုအပ်နေတဲ့ ကျည်ကာ၀တ်စုံတွေ ထောက်ပံ့ပေးအပ် (ဓာတ်ပုံသတင်း)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တပ်သားသစ် လိုအပ်နေသည့် စစ်ကော်မရှင်တပ် နိုင်ငံတဝန်း လူငယ်များကို ဖမ်းဆီးစုဆောင်းမှုများ ပိုမိုလုပ်ဆောင်လာ

နိုင်ငံတဝန်းက စစ်မျက်နှာပြင်တွေအတွက် အရပ်သားစစ်မှုထမ်းလိုအပ်ချက် မြင့်မားလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ အရင်ကထက် တပ်သားသစ် စုဆောင်းတာတွေ ပိုပြီး ဆိုးဆိုးဝါးဝါးလုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။