မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ​ရွာထဲစစ်ကြောင်းဝင်ရင်း အရပ်သားတွေရဲ့ စားနပ်ရိက္ခာတွေလုယူဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာ ၃ယောက်သေပြီး ၂ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ မင်းဘူးခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
စက်တင်ဘာ ၂၁ရက်၊ နေ့လည်ပိုင်းက စလင်းမြို့နယ်၊ ငလင်ပန်းကျေးရွာဆီ ထွက်လာတဲ့ အင်အား ၃၀ခန့်ပါ အကြမ်းဖက်စစ်အုပ်စုကို မင်းဘူးခရိုင်တပ်ရင်း ရဲဘော်တွေက ဒရုန်းနဲ့ ဗုံး၅လုံးကြဲချရင်း လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“စလင်းအခြေစိုက် ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅တပ်ကကောင်တွေနဲ့ ပျူတွေပါမယ်ဗျ။ ရွာကိုကင်းပတ်ရင်း ရိက္ခာလာရှာတဲ့သဘောပါ။ မနေ့က (စက်တင်ဘာ ၂၁) မွန်းလွဲ ၂နာရီလောက်ဖြစ်မယ်။ သူတို့ ရွာထဲမဝင်ခင် ရွာထိပ်မှာကတည်းက ဒရုန်းတွေရော၊ လက်နက်ကြီးတွေနဲ့ရော ပစ်ခဲ့တာပါ။ ကျနော်တို့နဲ့ မီတာ ၅၀၀လောက်ပဲ ဝေးတယ်။” လို့ မင်းဘူးခရိုင် အမှတ်(၁) တပ်ရင်းရဲ့ တာဝန်ရှိသူ၁က မောင်းကိုပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ဆီးကြိုတိုက်ခိုက်မှုကြောင့် ရွာထဲဝင်ဖို့ကြံနေတဲ့ စစ်ကောင်စီတပ်တွေလည်းထိခိုက်သေဆုံးမှုတွေဖြစ်ကာ စလင်းမြို့ဘက်ကို ပြန်ပြီးဆုတ်ခွါသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စလင်းမြို့နယ်မှာ မကွေးတိုင်းထဲက တခြားသော မြို့တွေနည်းတူ အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပိုပြီးလုပ်ဆောင်လာကြောင်း သိရပါတယ်။
“ဒီမှာပေါ်တာဆွဲတာက အများကြီးပဲ။ နေ့တိုင်းလိုလိုကိုဆွဲနေတာလို့ ပြောရမယ်။ ၁လ​ကျော်လောက်ရှိပြီ။ ပြီးခဲ့တဲ့လကဆို အယောက်၂၀၀လောက် ပါသွားတယ်။ ရွာတွေကရော ဆင်ဖြူကျွန်းဘက်တွေရော အကုန်ပါပဲ။ မြို့ပေါ်မှာဆိုလည်း တစ်နေ့ မပါဘူးဆိုရင်တောင် အယောက် ၂၀၊ ၃၀လောက်အနည်းဆုံးဆွဲခံရတယ်။ ဆွဲခံရပြီဆို သူတို့တောင်းတဲ့ငွေနဲ့ ရွေးနိုင်ရင်ရွေး၊ မရွေးနိုင်ရင် တပ်ထဲစုထားတော့တာပဲ” လို့ မင်းဘူးခရိုင် အမှတ်(၁) တပ်ရင်းရဲ့တာဝန်ရှိသူက ပြောပါတယ်။
စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေအနေနဲ့ လိုအပ်နေတဲ့ လူအင်အား၊ ရိက္ခာအင်အားအတွက် ကျေးရွာတွေဆီကနေ အတင်းအဓမ္မ ဝင်ရောက်ယူဆောင်တက်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေရှိနေတာလည်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ဘယ်တော်လှန်ရေးအဖွဲ့ကိုမှ မကြောက်ဘူးဟု စိန်ခေါ်သည့် စစ်တပ်သတင်းပေး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဘယ်တော်လှန်ရေးအဖွဲ့အစည်းကိုမှ မကြောက်ဘူးလို့ စိန်ခေါ်ခဲ့တဲ့ စစ်တပ်သတင်းပေးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်ကြီးမှာ စစ်မှုထမ်း အဓမ္မစုဆောင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်မှုထမ်း အတင်းအဓမ္မစုဆောင်းခံခဲ့ရတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း ၊ P2-3702 က ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာတွင် စတိတ်ရှိုး သွားကြည့်သည့် လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဆုတောင်းပြည့်ဘုရားပွဲအထိမ်းအမှတ် စစ်အုပ်စု ကျင်းပတဲ့ စတိတ်ရှိုးပွဲသွားကြည့်သူ လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရကြောင်း Monywa Road Information-MRI တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပြည်ပသွားရောက် အလုပ်လုပ်ကိုင်မှုကို အရေအတွက်ဖြင့် ကန့်သတ်ကာ ပြည်တွင်းမှာလည်း ကြီးပွါးတိုးတက်နိုင်သည်ဟု မင်းအောင်လှိုင် ပြော

ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်လိုသူ များပြားနေချိန် အကြမ်းဖက်စစ်ကောင်စီက လစဥ် အရေအတွက် အကန့်အသတ်နဲ့သာ ခွင့်ပြုပြီးတဲ့နောက် ပြည်တွင်းမှာသာ အလုပ်လုပ်ကြဖို့ အကြမ်းဖက် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုထားပါတယ်။
Read More

စစ်ကိုင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းများကို SAGAING-PDF မဟာမိတ်များနှင့်အတူ တိုက်ခိုက်နေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) အနေနဲ့ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းလက်တွဲပြီး တိုက်ပွဲဝင်နေတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အထက်မင်းလှမှာ စစ်ကြောင်းထိုးပြီးပြန်လာသည့် စစ်ကောင်စီယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ၊ ဗိုလ်မှူးအဆင့်ရှိသူနှင့် ၂ပွင့်အရာရှိအပါ အယောက် ၃၀ ကျော် သေဆုံး

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်မှာ စစ်ကြောင်းထိုးပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်မှူးနဲ့ ၂ပွင့်အရာရှိ အပါအဝင် စစ်ကောင်စီတပ်သား ၃၁ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း United States Of Burma Army - USBA တာဝန်ခံ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။